FFSPG

FFSPG

Tuesday 6 August 2013

Android Vs IOS (1)

                 

              Android   Vs  Ios (1)



          ကမ္ဘာပေါ်မှာ ပြိုင်ပွဲမဟုတ်ပေမယ့် ရေရှည်တည်မြဲရေးအတွက် ကမ္ဘာနဲ့ချီသည့်  ပြိုင်ဆိုင်မှုမျိုးတွေ

ရှိသည်။နိုင်ငံရေးမှာ သမ္မတ တစ်နေရာစာ အတွက် ပြိုင်ကြသည်။အားကစားမှာလည်း ဖလားပြိုင်ပွဲတစ်ခုထက်

သာမက ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်နေရာအတွက်ပါ ပြိုင်ကြသည်။ဒီလိုပဲနေရာအသီးသီး

နယ်ပယ်အမျိုးမျိုးမှာ ဒီလိုပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေ ခဏခဏတွေ့ရမြင်ရသည်။ ပြိုင်ပွဲတစ်ရပ်အနေဖြင့်

မဟုတ်သော်  လည်း သူ့   အားပေးသည့် ဘက် ကိုယ့်အားပေးသည့်ဘက်စသဖြင့် အားပေးဘက်အပေါ် မူတည်၍

စိတ်ဝမ်းကွဲမှုများရှိသည်။ အပြိုင်အဆိုင်ရှိမှ တိုးတက်မည့် ခေတ်မှာ ဒီလိုပြိုင်ဆိုင်မှုမျိုးတွေရှိတာကို

လူတော်တော်များများ က၀မ်းသာစရာတစ်ခုအနေဖြင့် လက်ခံပေးကြသည်။ ကောင်းပေစွ ...။

        
ကျောက်ခေတ်ကနေ အခုလို အီလက်ထရောနစ်ခေတ် သို့  ခေတ်အဆက်ဆက်ပြောင်းပြီးသည့် သကာလ

အခုဒီခေတ်မှာ မိုဘိုင်းလ် ဖုန်း(mobile phones)လေးတွေက လူတိုင်းရဲ့လက်ထဲမှာ

ပုံစံအမျိုးမျိုးဖြင့် တွေ့ မြင် နေရသည်။ မိုဘိုင်းလ်ဖုန်း(mobile phone)ဟု စတင်ပြီး အမည်တွင်ခါစက ဖုန်းတစ်လုံး၏

တာဝန်မှာ ဖုန်းဆက်ရန်အတွက်သာ လုပ်ဆောင်နိုင်သေးသည့် အနေအထား ဖြစ်သော်လည်း ယခုအခါမှာတော့

ဖုန်းတစ်လုံးဆိုတာ ကိုယ်ပိုင်ကွန်ပြုတာငယ် တလုံးထက်ပိုတဲ့အနေအထား အထိတောင် ဖြစ်လာပြီ ဟု

ပညာရှင်များက ခန့်မှန်းလာကြသည်။ ယင်းကဲ့သို့  ကွန်ပြုတာတစ်လုံးလို လုပ်ဆောင်နိုင်သောမိုဘိုင်းလ် ဖုန်းတွေကို

စမတ်ဖုန်း(Smart Phone) ဟုခေါ်ကြသည်။ စမတ်ဖုန်းတစ်လုံးအဖြစ် လုပ်ဆောင်နိုင်ဖို့ ရာ ဖုန်းတစ်ခုလုံး

စွမ်းဆောင်နိုင်ရည်အတွက် ဖုန်းတစ်လုံးစာထိန်းချုပ်မှူပေးနိုင်မည့် အော်ပရေးတင်း စစ်စတန်(
Operating System)

လိုသည် ။ အပြိုင်အဆိုင်ရှိမှ တိုးတက်မယ့် ခေတ်ဆိုတော့

ဒီအပိုင်းမှာလည်း အပြိုင်အဆိုင်ရှိပါသည်။ Android OS,IOS , Window OS, Sybiam OS,Java OS စသဖြင့်

Operating System တွေအမျိုးမျိုး ရှိကြပေမယ့် အခုခေတ်ရဲ့တကယ့်ပြိုင်ဘက်ကောင်း နှစ်ခုကတော့ Android

OS  နဲ့  IOS တို့ ပဲဖြစ်သည်။ပန်းသီး နဲ့  စက်ရုပ်ရဲ့ အားပြိုင်ပွဲလို့ လည်းခေါ်ကြသည်။Apple Company ရဲ့ IOSနဲ့

Google ရဲ့ Android OS တို့ ဟာ ဖုန်းတွေ Tablet တွေမှာ အသုံးများကြသလို  ခပ်ဆင်ဆင်တူကြတဲ့ပုံစံ

အနေအထားရှိပေမယ့် တကယ်တမ်း အသုံးပြုတဲ့အခါမှာ ဒီ ၂ ခုရဲ့ ပုံစံ တွေ အစိတ်အပိုင်းတွေနဲ့  အသုံးပြုတဲ့ အပေါ်

ခံစားချက်တွေမှာ ကွဲပြားခြားနားမှုတွေ ရှိသည်။ Smart Phone တွေနဲ့Tabletတွေ ပေါ်ပြူလာ ဖြစ်လာသော

 
အချိန်မှာ ဒီ System နှစ်ခုက တအားတွင်ကျယ်လာသည်။အခြား Operating System တွေကျရှုံးမှုနဲ့ 

ရင်ဆိုင်နေရချိန်မို့ လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။Operating System နှစ်ခုစလုံးဟာ အခုအချိန်မှာ

သာအပြိုင်အဆိုင်ဖြစ်နေပေမယ့် အတူတူ ပေါ်လာတာမျိုးတော့မဟုတ်ခဲ့ ။Apple ဟာ IOS နဲ့  အလုပ်လုပ်တဲ့ သူ့ ရဲ့ I

စီးရီးတွေကို 2001 ခုနှစ်မှာ ထုတ်လုပ်ခဲ့သော ipod Original ဖြင့် စတင်ခဲ့သည်။ဒါဟာIOS

ရဲ့ပထမဆုံးထွက်ကုန်တစ်ခုဟုဆိုနိုင်သည်။ထို့ နောက် တဖြည်းဖြည်း ယ်ပြန့်လာသောI operating System တွေနဲ့ 

အတူ I Tourch , I phone နဲ့   I pad တို့ ကိုပါထုတ်လုပ်လာနိုင်ခဲ့သည်။ပုံသဏ္ဍာန်အမျိုးမျိုး  အသွင်အပြင်အမျိုးမျိုး

အရောင်အမျိုးမျိုး ကွဲပြားသော်လည်း တူညီချက်တစ်ခုကတော့ Apple၏ ထွက်ကုန်များသည် IOS ကို

အသုံးပြုထားခြင်းဖြစ်သည်။

            
ပထမဆုံး Android ကုမ္မဏီကို ၂၀၀၃ ခုနှစ်မှာ မထင်မရှားအနေ နဲ့  စတင်ခဲ့သည်။Google က

မ၀ယ်ယူသေးခင် အထိတော့ ထိုကုမ္မဏီလေး သည်လူမသိသေးတဲ့ မထင်မရှားအဖြစ်သာ ရှိခဲ့သေးသည်။

၂၀၀၅ ခုနှစ် သြဂုတ်လ မှာတော့ Google သည် မိုဘိုင်းလ် လောက ရဲ့  ပြိုင်ပွဲ ဒါမှမဟုတ် Operating System

၂ခုရဲ့ ကြီးကျယ်ခမ်းနားတဲ့ စစ်ပွဲတစ်ခုကို အစချီဖို့ အတွက် ဒီကုမ္မဏီ အားဝယ်ယူခဲ့ပါတော့သည်။Google ဟာ

Android OS ကိုအဆင့်မြှင်တင် စမ်းသပ်မှုတွေပြုလုပ် အပြီး ၂၀၀၇ ခုနှစ်မှာ Google ဖုန်း လို့ ခေါ်မယ့်

 
Androidစမတ်ဖုန်း ကိုထွက်ရှိမည်ဟု စတင်ကြေငြာခဲ့သည် ။ သို့ သော် အကြောင်းအမျိုးမျိုးကြောင့်

မထွက်နိုင်ရှိခဲ့သောကြောင့် ပထမဆုံး Android OS သုံးဖုန်း အဖြစ်ထွက်ရှိလာရတာကတော့ HTCDream
 

ပင်ဖြစ်သည် ။ HTC Dream သည် Android ရဲ့ ပထမဆုံးဖုန်းဖြစ်သည့်အလျှောက် ပထမဆုံး Android
 

Version ဖြစ်သောAndroid(1.0) ကိုထည့်သွင်းအသုံးပြုခဲ့ရသည်။ Google သည် Android OS ကို Open

Sources အဖြစ်အသုံးပြု စေခဲ့သော ကြောင့် HTC Dream ထွက်ပြီးမကြာခင်မှာပင် Android

သည်တွင်ကျယ်သောOS တစ်ခုအဖြစ် ကမ္ဘာပေါ်မှ စမတ်ဖုန်း ကုမ္မဏီ တော်တော်များများဟာ အသုံးပြုနိုင်ခဲ့သည်။

အီလက်ထရောနစ် ကုမ္မဏီ တော်တော်များများ၏ မြောက်များစွာ၏ Smart phones,mp4 နဲ့  Tablet တွေ မှာ

Android OS ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြသည်။

          
MMUG ဂရုထဲက သူငယ်ချင်းတစ်ယောက်ပြောဖူးသော Android နဲ့  IOSရဲ့နှိုင်းယှဉ်ချက်လေးတစ်ခု

သွားသတိရမိသည်။ Apple သုံးရတာ ချမ်းသာတဲ့ ကလေးတစ်ယောက် ကိုယ်ပိုင်ကားစီးပြီး ကျောင်းသွားရ

တာနဲ့  တူပြီးတော့ ၊ Android သုံးရတာ ကတော့ သာမာန်ကလေးတွေ ကလေး သဘာဝ သူငယ်ချင်းတွေ

အဖွဲ့လိုက်ဖြင့် မုန့် တွေဝယ်စားလိုက် ၊ ကစားလိုက်ဖြင့် ကျောင်းကိုလမ်းလျှောက်သွားရာ နဲ့တူသည် ။


သူ့ နှိုင်းယှဉ်ချက်ကလေးကို တော်တော်လေး သဘောကျမိသည်။ Apple ကို သုံးရသည်မှာ ကျောင်းကို

ကိုယ်ပိုင်ကားစီးပြီးသွားရသကဲ့သို့  သက်တောင့်သက်သာရှိမည် ။ အထက်တန်းကျသည် ဟုလည်းခံစားရမည်

ဖြစ်သည်။ သို့ သော် ထိုကလေးသည် အထီးကျန် ကောင်း ကျန်နေပါလိမ့်မည်။မိဘများကလည်း ဟိုကလေး နဲ့ 

မပေါင်းနဲ့  ဒီကလေးနဲ့ မပေါင်းနဲ့ လို့ တားမြစ်ခံရတာတွေကြောင့် တခြားဖုန်းများနှင့် အတူတူ မျှဝေခံစားခွင့်တွေ

Apple မှာနည်းပါး လှသည်။ ဆွေကြီးမျိုးကြီး ဖြစ်သောကြောင့် iTunes က သူ့ အတွက် သီးသန့်ကလေးထိန်း

လိုလို ဖြစ်နေသည်။ငယ်ငယ်ကတည်းကလည်း iTunes လက်ပေါ်မှာ ကြီးပြင်းခဲ့ရသောကြောင့် iTunes

အပေါ်အားကိုးလိုစိတ်များသည်။ တစ်ခါတစ်လေတော့ လူဆိုးApple လေးများသည် အိမ်မှထွက်ပြေးပြီး (Jail

break )Cydiaကြီးကိုသွားအားကိုးတာလည်းရှိသည်။Android ကတော့နည်းနည်း ဂျလေဘီ ဆန်သည်။သူက

စထွက်လာကတည်းက လူမိုက်လိုင်စင် (အမှန်က Apache License ဖြစ်သည်။Apache License သည် free

software license ဖြစ်သည်။သို့ သော် ကိုယ်လိုချင်တာကိုဆွဲရေးချင်သဖြင့် Broken Englishဖြင့် တစ်လုံးချင်းစီ



ဘာသာပြန်လိုက်သည်။Apache=လူမိုက်,License=လိုင်စင်) ဖြင့်ထုတ်လုပ်လိုက်တော့ Software

System ဖြစ်သောကြောင့်လည်းဖြစ်နိုင်သည်။ လွတ်လပ်သော ကလေးတွေရဲ့ သဘာဝအတိုင်း ပျော်ဖို့

လည်းတော်တော်ကောင်းသည်။ကလေးတွေ တစ်ယောက်နဲ့ တစ်ယောက် မုန့် တွေမျှကျွေးသလိုမျိုး

application တွေမျှဝေပေးလို့ ရသည်။လူတန်းစားအမျိုးမျိုးလည်းရှိသည်။ကျောင်းကို လမ်းလျှောက်သွားတဲ့

ကလေးချင်းတူပေမယ့် ချမ်းသာသောကလေး (Modelမြင့်တဲ့ Android)တွေကျတော့application

များ ကောင်းကောင်းသုံးနိုင်သည်။ ဘာဖြစ်ဖြစ် တစ်ယောက်ယောက်နဲ့ တစ်ယောက် မျှဝေခံစားနိုင်သော

လွတ်လပ်မှုမျိုး အပြည့်ရှိသည်။ဒီလိုမျိုး ကြီးပြင်းလာရသော ကလေးမျိုးတွေကတော့ တစ်ခုခုကို တသတ်မှတ်ထဲ

အားကိုးတာမျိုးသိပ်မတွေ့ ရ။ သူတို လိုချင်တာကိုရနိုင်သည့်နေရာအမျိုးမျိုးမှယူကြသည်။

သူတို့ရဲ့မိဘဟုခေါ်ရလောက်မည့် Google က Play Store ကြီးတစ်ခုလုံးလုပ်ပေးထားလည်း  ဂရုမစိုက်တဲ့

ကလေးတွေက လုံးဝကိုဂရုမစိုက်(မြန်မာပြည်မှာ Google Play Service အပြည့်မရသေးတာလည်းပါမှာ

ပေါ့လေ)။ အချင်းချင်း ကြွေးသည့်မုန့်တွေစားလိုက် အခြားကရသမျှ ဟာတွေ သုံးဆောင်လိုက်ဖြင့်

လွတ်လပ်စွာ ပျော်ကြသည်။တစ်ခါတစ်လေတော့ မတည့်တာတွေစားမိခြင်း ရာသီစာမဟုတ်ပဲ

စားမိခြင်းမျိုးတွေကြောင့် စက်ဟမ်းတာတို့  Virus ကိုက်သွားတာတို့ တော့ရှိသည်။ သို့ သော် စမတ်ဖုန်းတစ်လုံး

ဟာ လူမှုဘ၀လိုအပ်တော်တော်များများကို

အဆင်ပြေစေတယ်ဆိုတဲ့အချက်အား ကျောင်းလို့ သဘောထားမည်ဆိုပါက Apple ကော

Android ကော ကျောင်းကိုရောက်ဖို့   သေချာတဲ့ကလေးတွေလို့ ပြောနိုင်မည်။

           
ပြိုင်ဆိုင်မှုပြင်းထန်လေ တိုးတက်တာမြန်လေ ဆိုတဲ့ အဆိုကိုတော့ ဒီ IOS နဲ့  Android တို့ ရဲ့ပြိုင်ဆိုင်မှု က

သက်သေပြ သွားသည်။ဒီနှစ်ပိုင်းအတွင်း စမတ်ဖုန်း လောကမှာ တိုးတက်မှုတွေ အမြောက်

အများပေါ်ထွက်လာခဲ့သည်။မရှိမဖြစ်လူနေမှုဘ၀အစိတ်အပိုင်းတစ်ခုအဖြစ်စမတ်ဖုန်းများနေရာယူလာသည်

အထိတွင်ကျယ်လာခဲ့သည်။ လက်ရှိတွင် Android OS သုံး ပစ္စည်းပေါင်း သန်း ၉၀၀ ကျော် နှင့် IOS သုံး

ပစ္စည်းပေါင်းသန်း ၄၀၀ ကျော် ရောင်းချပြီးဖြစ်သည်။ ပို၍ထူးခြားသည်မှာ applicationများပင်ဖြစ်သည်။

Google Play တွင် သန်းပေါင်း ၄သောင်း၈ထောင်ကျော်သော Android application များရှိ၍ Apple

Store တွင် ၉၀၀,၀၀၀ ကျော်တဲ့ IOS application တွေရှိနေခြင်းပင်ဖြစ်သည် ။ ဤရလာဒ် များသည်သုံးစွဲသူတွေ

အပေါ်မူတည်ပြီးတော့ ထွက်ရှိလာတဲ့ရလာဒ်များပင်ဖြစ်သည် ။ ပြိုင်ဆိုင်မှုများတွင် အချိန်တန်သောအခါ

အဖြေဆိုတာပေါ်လာစမြဲပင်ဖြစ်သည်။ကမ္ဘာ့မိုဘိုင်းလ်လောကရဲ့ Operating System ပြိုင်ဆိုင်မှုတွေမှာတော့

တစ်ချိန်ချိန်ကြရင်တော့ တစ်ခုခုဟာ ခြေကုန်လက်ပန်းကျပြီး ကျဆုံးသွားမလား။သို့မဟုတ် ဘယ် OS

ကအကောင်းဆုံးကစားသမားအဖြစ် ရပ်တည်လာမလဲ။ဘယ်OSကများ မိုဘိုင်းလ်လောကရဲ့

သမ္မတအဖြစ်ကြီးစိုးသွားမလဲ စိတ်ဝင်စားမှုအပြည့်ဖြင့်တစ်ကမ္ဘာလုံးရှိ

မိုဘိုင်းလ်ဖုန်းသုံးစွဲသူများက စောင့်ကြည့်နေကြမည်မှာ အသေအချာပင်ဖြစ်သည်။

ယခုလောလောဆယ် တော့ ပြိုင်ဆိုင်မှုပြင်းထန်ဆဲပင်ဖြစ်သည်။

Nickey Zheng



0 comments:

Post a Comment