FFSPG

FFSPG

Saturday 7 September 2013

သတင်းခေါင်းစဉ်

“အမေရိကန်၌ iOS အသုံးပြုသူများ သုံးလ အတွင်း ၁.၂% တိုးတက်လာခြင်း”

သတင်း အစုံအလင်မှာ . . .

               အမေရိကန် ပြည်ထောင်စုတွင် ၂၀၁၃ ခုနှစ် ဧပြီလမှ ဇူလိုင်လ အတွင်း mobile operation system များကို စစ်တမ်း ကောက်ယူချက်များ အရ Apple iOS အသုံးပြုသူများမှာ သုံးလ အတွင်း ၁.၂% တိုးတက်လာကြသော်လည်း Google Android OS ကို မကျော်ဖြတ်နိုင်သေးကြောင်း တွေ့ရှိရသည်။ အခြား OS များ ဖြစ်ကြသော BlackBerry, Microsoft, Symbian တို့မှာမူ Android နှင့် iOS တို့၏ ပြိုင်ဖက်များ မဟုတ်ကြသေး သဖြင့် လွန်စွာ နည်းပါးသော ရာခိုင်နှုန်းများ ဖြင့်သာ ဆက်လက် ရပ်တည်နေကြသည်။ mobile OS လောကတွင် အမေရိကန် အခြေစိုက် အဖွဲ့အစည်းကြီး နှစ်ခု ဖြစ်သော Google Android နှင့် Apple iOS တို့သာလျှင် ပြိုင်ဆိုင်မှု ပြင်းထန်နေသည်ကို တွေ့ရှိရသည်မှာ သုံးနှစ်ကျော် ရှိလာပြီ ဖြစ်သည်။

               အစ ကနဦး ၂၀၀၇ ခုနှစ်လွန် ကာလများ၌ mobile phone များကို keypad များနှင့် အသုံးပြုနေခဲ့ကြရာမှ full screen touchable ဖြစ်စေရန် mobile ခေတ်ပြောင်း တော်လှန်ရေး လုပ်ပေးခဲ့သည် Apple ၏ iPhone OS (နောင်တွင် iOS) က ပြိုင်ဘက် မရှိ ဦးဆောင်ခဲ့သော်လည်း ၂၀၁၁ ခုနှစ်လွန် ကာလများမှ အစ ပြုပြီး Google ၏ free and open source Android OS က တရိပ်ရိပ် တိုးတက်လာခဲ့ရာမှ iOS ကို ကျော်ဖြတ်နိုင်သော အခြေအနေထိ ဖြစ်လာခဲ့သည်။

               ထို့ကြောင့် တစ်ချိန်က သရဖူ ဆောင်းခဲ့သော iOS သည် ၄င်းတို့၏ အောင်မြင်မှု မှတ်တမ်းများကို ပြန်လည် ရယူနိုင်မည်လား ဆိုသည်ကို mobile အသုံးပြုသူများက လွန်စွာ စိတ်ဝင်စားလျက် ရှိနေကြသည်။ ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့၌ Apple မှ ထုတ်ကုန် အသစ်များ ပြသတော့မည် ဖြစ်ရာ Apple ၏ အခါးသီးဆုံး ပြိုင်ဖက် ဖြစ်သည့် Android OS အသုံးပြု phone, tablet များ ထုတ်လုပ်သူ Samsung ၏ ၂၀၁၃ ခုနှစ် သူရဲကောင်းများ ဖြစ်သော s4, note3 စသည်တို့ကို Apple iPhone, iPad အသစ်များက knock off ချနိုင်စေရန် Apple crazy များက မျှော်လင့်လျက် ရှိကြသည်။ ၂၀၀၇ ခုနှစ်မှ စ၍ ၂၀၁၂ ခုနှစ်ထိ အနည် ထိုင်နေခဲ့သော iOS ကိုလည်း ပြောင်းလဲမှု များစွားဖြင့် ပြင်ဆင်ထားသည့် iOS 7 ကို စောင့်ကြည့်ကြရတော့မည် ဖြစ်ပါကြောင်း . . .



ဖြိုးဝင်းကျော်
September 7, 2013.

0 comments:

Post a Comment