FFSPG

FFSPG

Friday 11 October 2013

မီးသုံးပြီးဖုန်းအားဖြည့်မယ် - FlameStower




Aung Kham (TSJ Team) 

မီးတစ်မျိုးတည်းသုံးလို့တော့ မရပါဘူး။ ရေပါတွဲသုံးဖို့လိုပါမယ်။ မီးက ပေး တဲ့ ဗို့အားအမြင့်နဲ့ ရေက ပေးတဲ့ ဗို့အား အနိမ့်တို့ ၂ မျိုးပေါင်းစုံပြီး Temperature Difference ဖြစ်ပေါ်မယ်။ ယင်း TD က Energy ထုတ်လုပ် နိုင်ပြီး USB ပေါက်နေ လျှပ်စစ်ဓာတ်အား စီးဆင်းစေ မှာ ဖြစ်ပါတယ်။ ဒီတော့ ဖုန်းထဲကို လျှပ်စစ်ဓာတ်အား ရောက်သွားပါပြီ။

ပလိပ်အောက်ကနေ အပူပေးဖို့လိုပါမယ်။ ပေးတဲ့ အပူက အပန်းဖြေခရီး သွားတဲ့အခါ၊ အလည်သွားတဲ့အခါ Camp မှာမွေးတဲ့မီးကို ဆိုလိုတာပါ။ ဖုန်းအားသွင်းဖို့ရည်ရွယ်ချက်ကြီးနဲ့ နေရာတိုင်းမှာမီးမွေးနေရင်တော့ လောင်စာဖိုးကုန်မှာ အမှန်ပါပဲ။ သူ့ရဲ့  ရည်ရွယ်ချက်က Camp ထွက်တဲ့အခါ ဖုန်းအားသွင်းဖို့ လိုအပ်ချိန် ထမင်း၊ ဟင်းချက်စားတုန်း လျှပ်စစ်အား အလွယ်တကူ ရရှိစေဖို့ ဖြစ်ပါတယ်။ FlameStowerလို့ အမည်ပေးထားတဲ့ Gadget လေးပါ။

ပစ္စည်းက ခေါက်သိမ်းလို့ရတဲ့ ပစ္စည်းဖြစ်ပါတယ်။ အပူပေးတဲ့ မီးဘူးအနီက စမ်းသပ်ဖို့အတွက် ပြသခြင်းသာ ဖြစ်ပါတယ်။ တကယ် အသုံးပြုဖို့အတွက် ခွက်နဲ့ အပူခံ ပလိပ်ကို သယ်သွားရုံပဲ ဖြစ်ပါတယ်။ အဲဒါကို ခေါက်သိမ်း ထားရင် ကျော်ပိုးအိပ်ရဲ့  ဘေးက အိပ်အငယ်လေးထဲမှာတင်ထည့် လို့ဆံ့ပါတယ်။ ဖုန်းအား တစ်ခါသွင်းဖို့ နာရီပိုင်းအချိန်ပေးရင် Talk Time များများ ရနိုင်ပါတယ်။ ဖုန်းတစ်လုံးနဲ့တစ်လုံး ပါဝါယူတာချင်း မတူတဲ့ အတွက် အားပြည့်မယ့်အချိန်ကိုတော့ မဖော်ပြထားပါဘူး။ အမေရိကန်က Kickstarter လို့ အမည်ရတဲ့ ကုမ္မဏီက ဖန်တီးထားခြင်း ဖြစ် ပါတယ်။ ကာလတန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆၀ နဲ့ ၁၀၀ ကြား သတ်မှတ်ထားပြီး ကမ္ဘာအနှံ့ဖြန့်ချိ ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable



THANK FOR ALL
YEMIN7


0 comments:

Post a Comment