FFSPG

FFSPG

Tuesday 8 October 2013

သိန်း ၄၀ ကျော်တန် HTC One ရွှေအစစ်ဖုန်း ရပြီ




အောင်ခမ်း ( TSJ Team )

iPhone 5S က ရွှေရောင်၊ Samsung Galaxy S4 က ရွှေရောင်၊ ဒီတစ်ခါ HTC က ရွှေအစစ်နဲ့ လုပ်တဲ့ HTC One ကို မိတ်ဆက်ပြသလိုက်ပါပြီ။  ဗြိတိန်အခြေဆိုက် Goldgenie အမည်ရ ကုမ္မဏီနဲ့ ပါတနာဖွဲ့ပြီး ဖန်တီးတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ အတွင်းက ဖုန်း နည်းပညာ Specification များ ပြောင်းလဲမှု မရှိပါဘူး။ အဓိက ပြောင်းလဲမှုကတော့ အပြင်က ရွှေ အစစ်နဲ့ လုပ်တဲ့ အခွံမှာ ဖြစ်ပါတယ်။ အခွံမှာ MOBO 18 ဆိုတဲ့ လိုဂိုလည်း ပါဝင် ပါတယ်။ MOBO ဆိုတာ ဗြိတိန် အခြေဆိုက် ဥရောပ အနုပညာတေး ဂီတ ဆုချီးမြင့် မြေတောင်မြောက်ပေးတဲ့ အဖွဲ့ဖြစ်ပြီး ၁၈ နှစ်ပြည့် ပွဲအတွက် HTC က စပွန်ဆာ ပေးထားပါတယ်။ ဒါကြောင့် ရွှေအခွံမှာ MOBO 18 ဆိုတဲ့ လိုဂိုကို ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ ဒီတော့ ဗြိတိန်ဈေးကွက်ကို ပိုရည်ရွယ်တဲ့ စမတ်ဖုန်း ဖြစ်ပါလိမ့်မယ်။ 

ကမ္ဘာတစ်ဝန်းက မှာယူမှုအတွက်လည်း လက်ခံမှာပါ။ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၄၄၀၀ ဖြစ်ပါတယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၄၀ အထက်မှာ ရှိပါတယ်။ အော်ဒါမှာယူ စနစ်နဲ့ HTC ကနေ လည်းကောင်း၊ Goldgenie ကုမ္မစီကနေ လည်းကောင်း မှာယူနိုင်ကြောင်း သိရပါတယ်။ .

Ref: mashable


THANK FOR ALL
YEMIN7


0 comments:

Post a Comment