FFSPG

FFSPG

Wednesday 1 October 2014

iOS 8.0.2 quick review (plus)


iOS 8.0.2 quick review (plus)

(ထပ်မံ ဖြည့်စွက်ခြင်း နှင့် အမှား ပြင်ဆင်ခြင်း)

မနေ့က ရေးတင်ထားတဲ့ iOS 8.0.2 quick review မှာ လိုအပ်ချက် တစ်ခုရယ်၊ အမှား တစ်ခု ရှိနေတာကြောင့် အခု iOS 8.0.2 quick review (plus) ကို update လုပ်လိုက်ရပါတယ် ခင်ဗျာ။ မနေ့က post ရဲ့ link ကတော့….

(မနေ့က post က နံပါတ် (၁၁) Notification center widgets. မှာ ဆုံးသွားတဲ့ အတွက် အခု (၁၂) ကို ထပ်ဖြည့်ထားပါတယ်။)

(၁၂) Notes. (Oooh !! Yeah !! this is superb.)



Notes ဆိုတာက mobile phone သုံးသူတိုင်းလိုလို သုံးဖြစ်ကြတဲ့၊ တကယ် အသုံးဝင်တဲ့ app တစ်ခု ဖြစ်ပါတယ်။ phone အများစုမှာ built-in app အနေနဲ့ ပါဝင်ပါတယ်။ (Moto G လို တစ်ချို့ Android phone တွေမှာတော့ မပါပါဘူး။) iPhone, iPad, iPod touch user တွေ အတွက်လည်း notes က အရမ်းကို အသုံးဝင်တဲ့၊ လူသုံး များတဲ့ built-in app တစ်ခုပါပဲ။ ဒါကြောင့်မို့ Apple တို့က iOS 8 မှာ notes (built-in app) ကို feature အသစ်တွေ ထပ်ထည့်ပေးပြီး ပိုကောင်းလာအောင် လုပ်ပေးထားပါတယ်။

ဘာကြောင့် Apple က သူတို့ (iOS ထဲက) notes ကို ပိုကောင်းအောင် လုပ်ပေးရသလဲ ဆိုရင် Android တွေကြောင့်ပါပဲ။ Android မှာ built-in ရော၊ 3rd party ရော notes app တွေ အများကြီး ရှိနေပြီး notes app တော်တော်များများက ရိုးရိုးတန်းတန်း စာ ရေးရုံ အပြင် picture တွေ ထည့်လို့ ရတယ်။ voice တွေ (အသံ သွင်း) ထည့်လို့ ရတယ်။ sketch drawing တွေ လုပ်လို့ ရတယ်။ အဲ့ဒါ အပြင် ရေးထားတဲ့ စာတွေကိုလည်း text effect တွေ သုံးပြီး decoration လုပ်လို့ ရပါသေးတယ်။

Android တွေထဲမှာ အအောင်မြင်ဆုံးနဲ့ develop အဖြစ်ဆုံး OEM ဖြစ်တဲ့ Samsung ရဲ့ notes series phone / tablet တွေမှာ ပါတဲ့ S-Note ဆိုရင် ဘယ်လောက်ထိ အဆင့် မြင့်လဲ၊ ကောင်းလဲ၊ လန်းလဲ၊ အသုံးဝင်လဲ ဆိုတာ သုံးဖူးသူတိုင်း သိကြပါတယ်။ အဲ့ဒိ S-Note ဆိုတဲ့ built-in app ကြောင့်ပဲ Samsung ရဲ့ Note series phone တွေဟာ ပေါက်သွားခဲ့တာပေါ့။ (hTC ရဲ့ built-in notes app လည်း Samsung S-Note ကို မမှီပေမဲ့ တော်တော် ကောင်းပါတယ်။)

ဒါကြောင့် Apple တို့လည်း မနေသာတော့ပဲ သူတို့ရဲ့ စာ ရေးရုံလေးသာ ရေးလို့ ရတဲ့ ပိန်းတိန်း Notes (iOS built-in app) ကို အဆင့် မြှင့်တင်လာတာ ဖြစ်ပါတယ်။ iOS က Android နဲ့ ပိုပို တူလာတဲ့ အတွက် အခု iOS 8 အပြောင်းအလဲမှာလည်း iOS notes ဟာ Android ရဲ့ notes app တွေလို feature တွေ ပါဝင်လာပါတယ်။ iOS 8 ရဲ့ notes က အရင်လို စာ ရေးရုံ သတ်သတ် ရိုးရိုးကြီး မဟုတ်တော့ပဲ..

- picture တွေ ထည့်လို့ ရလာတယ်။

- bold, italic, underline ဆိုတဲ့ text effect တွေ လုပ်လို့ ရလာတယ်။

- စာလုံးတွေကို replace လုပ်လို့ ရလာတယ်။

- စာလုံးတွေကို define (search in system dictionary) လုပ်လို့ ရလာတယ်။

** Insert Photo **
Notes ရေးရင်းနဲ့ ပုံတွေ ဘယ်လို ထည့်မလဲ ?? လွယ်ပါတယ်။ ရေးလက်စ စာကြောင်းတွေရဲ့ အောက်/အပေါ်ကို enter သုံး-လေးချက် ခေါက်ပြီး နေရာလွတ် တစ်နေရာရာပေါ် တစ် စက္ကန့်လောက် ဖိထားလိုက်ပါ။ Insert Photo ဆိုတဲ့ pop-up box လေး ပေါ်လာပါလိမ့်မယ်။ Insert Photo ကို နှိပ်လိုက်ပါ။ photos ရွေးတဲ့ထဲ ရောက်သွားပါလိမ့်မယ်။ ကိုယ် ကြိုက်တဲ့ album ထဲက photo တစ်ပုံကို ရွေးလိုက်ပါ။ ပုံကို အကြီး ပြပေးပါလိမ့်မယ်။ choose နှိပ်ပေးလိုက်ပါ။ ကိုယ် ထည့်ချင်တဲ့ ပုံက ကိုယ် ရိုက်လက်စ စာတွေထဲ ရောက်သွားပါပြီ။



ကျောင်းစာ lecture လိုက်တဲ့ သူတွေပဲ ဖြစ်ဖြစ်၊ ရုံး/အလုပ် မှာ meeting minutes လိုက်တဲ့ သူတွေပဲ ဖြစ်ဖြစ် iOS user တိုင်း အတွက် တကယ်ကို ထိထိရောက်ရောက် အသုံးဝင်တဲ့ feature အသစ် ဖြစ်ပါတယ် ခင်ဗျာ။ အရေးကြီး အချက်အလက်တွေကို စာ လိုက်ရေးရင်း ပုံနဲ့ တွဲမှတ်ဖို့ လိုအပ်လာရင် ဓါတ်ပုံ ရိုက်ပြီး ရေးလက်စ notes ထဲကို Insert Photo လုပ်ထည့်လိုက်ရုံပါပဲ။ ဒါဆို စာတွေချည်း သတ်သတ် မဟုတ်တော့ပဲ ပုံနဲ့ စာနဲ့ တွဲမှတ်ထားတာ ဖြစ်တဲ့ အတွက် ကိုယ်တိုင် ပြန်ဖတ်ရင်လည်း ရှင်းပါတယ်။ သူများကို ပြချင်ရင်လည်း ပိုမြင်သာပါတယ်။ facebook မှာ photo comment လုပ်ချင်တဲ့ သူတွေ အတွက်လည်း အသုံးဝင်ပါလိမ့်မယ်။ notes ထဲမှာ ပုံ ထည့်။ ပုံ အောက်မှာ ဖြစ်ဖြစ်၊ အပေါ်မှာ ဖြစ်ဖြစ် ကိုယ် ရေးချင်တဲ့ စာ ရေးပြီးသွားရင် done လုပ်။ screenshot ဖမ်း။ ဒါပဲ။ ဘယ်လောက် လွယ်သလဲ။ တခြား ဘာ photo edit app မှ ရှုတ်ရှုတ်ထွေးထွေး သုံးနေစရာ မလိုတော့ဘူးပေါ့။

တစ်ခုပဲ လိုအပ်ချက်ကလေး ရှိနေသေးတာက ထည့်လိုက်တဲ့ ပုံကို resize အချုံ့ အချဲ့ အကြီး အသေး လုပ်လို့ မရသေးပါဘူး။ ပုံ resolution ကြီးရင် ကြီးသလို ဝင်သွားပါတယ်။ နောက်ပိုင်း iOS vserion အသစ် update တွေမှာတော့ resize လုပ်လို့ ရကောင်း ရလာနိုင်ပါတယ်။ ရလာပါစေလို့လည်း မျှော်လင့်နေပါတယ်။

** BIU - Bold, Italics, Underline **
ရေးထားတဲ့ words, letters, sentences, paragraphs တွေကို double tap (or) long press နဲ့ select လုပ်လိုက်ရင် ပေါ်လာတဲ့ pop-up box လေးရဲ့ ဘယ်ဘက်ကို ဆွဲလိုက်ရင် Replace, BIU, Define ဆိုတာတွေ တွေ့လိမ့်မယ်။ BIU ကို နှိပ်လိုက်ရင် Bold, Italics, Underline တွေကို တွေ့ရပါမယ်။ Bold လုပ်လိုက်ရင် စာလုံးတွေ မည်းမည်းထူထူ ဖြစ်လာမယ်။ Italics လုပ်လိုက်ရင် စာလုံးတွေ ညာဘက်ကို နည်းနည်း စောင်းရွဲ့သွားမယ်။ Underline လုပ်လိုက်ရင် စာလုံး အောက်မှာ မျဉ်းကြောင်း တားပေးသွားမယ်။


ဒီ text decoration လေးဟာ အင်မတိ အင်မတန်ကို အသုံးဝင်ပါတယ်။ notes ရေးမှတ်တဲ့ အခါ အထူးပြုချင်တာတွေ၊ အရေးကြီး အချက်အလက်တွေကို ထင်ထင်ရှားရှား မြင်တွေ့လာနိုင်ပြီပေါ့။ အရမ်းကို အသုံးဝင်ပါတယ်။

** Replace **
ရေးထားတဲ့ စာလုံးကို double tap (or) long press နဲ့ select လုပ်လိုက်ရင် ပေါ်လာတဲ့ pop-up box လေးရဲ့ ဘယ်ဘက်ကို ဆွဲလိုက်ရင် Replace, BIU, Define ဆိုတာတွေ တွေ့လိမ့်မယ်။ Replace ကို နှိပ်လိုက်ရင် ကိုယ် ရေးထားတဲ့ စာလုံးနဲ့ ဆင်တူတဲ့ စာလုံးတွေ ပြပေးပါလိမ့်မယ်။ ကိုယ် ရေးထားတာ spelling မှားနေရင်လည်း spelling အမှန်ကို ပြပေးပါလိမ့်မယ်။ ဒါလည်း တော်တော့်ကို အသုံးဝင်ပါတယ်။


တစ်ခါတစ်လေမှာ အလောတကြီးနဲ့ lecture လိုက်နေရတာမျိုး၊ meeting minutes လိုက်နေရတာမျိုးလို ဦးနှောက်က စာထဲ၊ အလုပ်ထဲ အရမ်း အာရုံ ရောက်နေချိန်မှာ ဆင်တူရိုးမှား စာလုံးပေါင်းတွေကို ရုတ်တရက် စဉ်းစားမရတာမျိုး ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြတာမို့ ဒီ Replace ဆိုတဲ့ function လေးက ကျွန်တော်တို့ကို အများကြီး အထောက်အပံ့ ဖြစ်စေမှာပေါ့ ခင်ဗျာ။

** Define ** (This is AWESOME. Thank you Apple.)
Define ဆိုတော့ စာလုံးရဲ့ အဓိပ္ပါယ်ကို ရှာတာပေါ့။ ကိုယ် ရေးထားတဲ့ စာလုံး တစ်လုံးကို double tap (or) long press နဲ့ select လုပ်ပြီး ပေါ်လာတဲ့ pop-up box လေးရဲ့ ဘယ်ဘက်ကို ဆွဲလိုက်ပါ။ Define ဆိုတာကို နှိပ်လိုက်တာနဲ့ Dictionary ထဲ ရောက်သွားပါလိမ့်မယ်။ အဲ့ဒိ Dictionary က offline ပါ။ iOS built-in Dictionary ပါ။ Dictionary ထဲ ရောက်သွားရင် NEW OXFORD AMERICAN DICTIONARY နဲ့ APPLE DICTIONARY ဆိုပြီး နှစ်ခု တွေ့ပါလိမ့်မယ်။


အရင်ဆုံး APPLE DICTIONARY ထဲ ဝင်ကြည့်လိုက်ပါ။ APPLE DICTIONARY ကတော့ စာလုံး အဓိပ္ပါတယ်ကို လိုရင်းတိုရှင်း ပြောပြပေးထားပါတယ်။ ဖတ်ရတာ တိုတိုနဲ့ နားလည် လွယ်ပါတယ်။


ပိုပြီး ပြည့်စုံတာ ဖတ်ချင်ရင်တော့ NEW OXFORD AMERICAN DICTIONARY ထဲ ဝင်လိုက်ပါ။ ဒါကတော့ တကယ့် classic dictionary မျိုးပဲ ဖြစ်ပါတယ်။ phonetic တွေ၊ grammar တွေပါ ရှင်းပြထားပါတယ်။ စာလုံး တစ်လုံး တစ်လုံးကို အပြည့်အစုံ ရှင်းပြထားတဲ့ အတွက် စာမျက်နှာ သုံး-လေး မျက်နှာစာလောက် ဖြစ်နေတတ်ပါတယ်။ မကြိုက်သေးရင် Search Web လုပ်ပြီး ထပ်ရှာနိုင်ပါသေးတယ်။



built-in ပါပြီးသား NEW OXFORD AMERICAN DICTIONARY နဲ့ APPLE DICTIONARY နှစ်ခု အပြင် တခြား dictionary တွေကိုလည်း ထပ်ပြီး download ဆွဲနိုင်ပါသေးတယ်။ ကဲ.. မကောင်းလားဗျာ။ ဟန်ကို ကျလို့။ Dictionary ထဲမှာ ဘယ်ဘက် အောက် ထောင့်က Manage ကို နှိပ်လိုက်ရင် dictionary တွေ download ဆွဲတဲ့ထဲ ရောက်သွားပါလိမ့်မယ်။ download ဆွဲလို့ ရမယ့် dictionary တွေ မနည်းဘူးပဲ။


ဒီ Define ဆိုတဲ့ တစ်ချက်ဟာ တော်တော်ကြီးကို သာပါတယ်။ Apple ရဲ့ iOS Notes ကို ပြည့်စုံသွားစေပါတယ်။ Android built-in Notes app တွေ အတော်များများထက် iOS Notes ဟာ ပိုသာသွားတယ်၊ ရင်ဘောင် တန်းနိုင်လာတယ်လို့ ခံစားမိတာပါပဲ ခင်ဗျာ။

(အမှား ပြင်ဆင်ခြင်း)

(အမှား ပြင်ဆင်ခြင်း - Personal Hotspot)


ပထမ post ရေးတုန်းက အမှားလေး တစ်ခုကို ပြန်ပြင်ပါတယ် ခင်ဗျာ။ ကျွန်တော့် post တင်ပြီးပြီးချင်းမှာပဲ သူငယ်ချင်း တစ်ယောက် ပြောပြလို့ သိလိုက်ရတာပါ။ ပြောပြတဲ့ သူငယ်ချင်းကို ကျေးဇူး တင်ပါတယ်။
iOS 8 မှာ personal hotspot မပျောက်ပါဘူး။ ကျွန်တော် သေချာ မကြည့်မိလိုက်တာပါ။ ခါတိုင်းလိုပဲ mobile data (phone internet) ရဖို့ အတွက် cellular data ရဲ့ APN ကို ဖြည့်ပြီး ပြန်ထွက်လိုက်တော့ အောက်ကို ဆက်မကြည့်မိလိုက်ဘူးရယ်။ အရင် iOS တွေတုန်းကတော့ personal hotspot က ပေါ်နေပြီးသား ဖြစ်ခဲ့တာကိုး။ အခု iOS 8 မှာတော့ settings > cellular…. ရဲ့ အောက်ဆုံးမှာ personal hotspot ဆိုတာ ရှိပါတယ်။ personal hotspot ရဲ့ APN ထဲမှာ mptnet လို့ ဖြည့်လိုက်မှ အပြင်မှာ personal hotspot ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲ့ဒိတော့ ထုံးစံ အတိုင်း personal hotspot ထဲ ဝင်ပြီး password လေး ဘာလေး ပြောင်းပေါ့လေ။



ဒါပါပဲ ခင်ဗျာ။ အခုတော့ ဒီလောက်ပါပဲ။ နောက်လည်း ထပ်ပြီး တွေ့မိ၊ သိမိတာတွေ ရှိလာခဲ့မယ် ဆိုရင် ထပ်ပြီး update လုပ်ပါဦးမယ်။
.
.
.
.
လူ သင်္ခါရ။ ပစ္စည်း သင်္ခါရ။
နည်းပညာ အနန္တ။
PWK.
ဂယောင်ဂရင် ဖြိုး @ facebook
October 1, 2014. 10:48 PM.

Facebook group

Facebook page


0 comments:

Post a Comment