FFSPG

FFSPG

Saturday 4 October 2014

ဖိုင်ဆိုက်ကြီးတွေကို Part ဖိုင်ခွဲနည်း ( Power Winrar )

FFSPG


ဖိုင်တွေကို အပိုင်းလေးခွဲဖို့  ရှင်းပြပေးမှာဖြစ်ပါတယ်။ ဒီအသုံးပြုနည်းကို ကျွန်တော်တို့  FFSPG ဆိုက်
အက်မင်ကြီး ကိုဂရောင်ဂရင်ဖြိုး ပေးခဲ့ ရှင်းပြခဲ့တာပါ။ ကျွန်တော်တို့  ပိုစ့်တွေတင်တဲ့အခါ ဖိုင်ဆိုက်ကြီး
တာတွေကြရင် တစ်ခါတည်းဒေါင်းယူလို့ မဖြစ်တာကြောင့် အပိုင်းလေးခွဲတင်တဲ့ခါ ဒေါင်းရတဲ့သူလည်း
လွယ်ကူ အဆင်ပြေစေပါတယ်။ တော်တော်လေးကို အသုံးဝင်ပါတယ်။
လွယ်ကူပေမယ့်လည်း မသိတော့ အခက်သားဆိုသလိုပေါ့။ အောက်မှာပုံနှင့်တကွ ရှင်းပြပေးထားပါတယ်။


အရင်ဆုံး Part အပိုင်းလေးခွဲနိုင်ဖို့  Power Winrar ဆော့ဝဲလေးကို အရင်ယူရအောင်ဗျာ ...

Window x86 => ( Download Or Download )

Window x64 => ( Download Or Download )

Linux,Mac => ( Download )


ဒေါင်းယူပြီးရင် မိမိကွန်ပြူ တာမှာ
 အောက်ပါပုံအဆင့်အတိုင်းသွားလိုက်ပါ။

1/ ပုံထဲမှာ မိမိဒေါင်းယူထားတဲ့ winrar ဖိုင်ကို တွေရမှာပါ။ အဝါလေးနဲ့ ဝိုင်းထားပါတယ်။
run လိုက်ပါ။

FFSPG

2/ Install နိုပ်ပါ။

FFSPG

3/ Ok နိုပ်ပါ။

FFSPG
4/ Done နိုပ်ပေးပါ။

FFSPG
5/ ဘောက်လေးထဲမှ WinRAR ဖိုင်လေးကို Desktop ပေါ်ကလစ်ဆွဲချလိုက်ပါ။

FFSPG
6/ WinRAR ဖိုင်နဲ့  မိမိ Zip သို့ မဟုတ် Rar ပြောင်းပြီး Part အပိုင်းလေးခွဲချင်တဲ့ ဖိုင်လေး 
Premier League ဖိုင်လေးပေါ့။ 
(မိမိ အပိုင်းခွဲချင်တဲ့ ကောင်းလေးတွေကို Folder တစ်ခုဖွဲပြီးထည့်ပေးပြီး မိမိစိတ်ကြိုက်နာမည်ပေးလိုက်ပါ )

FFSPG
7/ WinRAR ဖိုင်ကို ဖွင့်လိုက်ပါ။ မိမိ Part ခွဲမယ့် ဖိုင်ရှိရာ မြှားလေးအပေါ်ထောင်နေတဲ့ပုံ အနီဝိုင်းနဲ့  နောက်ဆုတ်ပြီး သွားလိုက်ပါ။

Desktop ပေါ်မှာထားတယ်ဆိုရင်တော့ မိမိဖိုင်ကိုမြင်ရပါပြီ Premier League ဖိုင်လေးကို 
ကလစ်တစ်ချက်နိုပ်လိုက်ပြီး ရွေးလိုက်ပါ။ ပြီးရင် အပေါ်က Add အဝါဝိုင်းထားတဲ့ပုံလေးကို
နိုပ်လိုက်ပါ။

FFSPG
8/ ဘောက်လေးတစ်ခုကျလာပါမယ်။

1/ Archive format မှာ Rar , Zip မိမိ စိတ်ကြိုက် ပြောင်းပါ။ 
2/ Compression method မှာ Best ကိုရွေးလိုက်ပါ။
3/ Spilt to volumes,size မှာ ညာဘက်က KB,MB,GB စိတ်ကြိုက်ခွဲပါ။ 
   4 ရေးထားတဲ့နေရာမှာ မိမိစိတ်ကြိုက်ထားနိုင်ပါတယ်။

ဥပမာ ( မိမိရဲ့ Part ခွဲမယ့်ဖိုင်က 1GB လောက်ရှိမယ်ဆိုပါစို့ ။ 
200part အပိုင်းလေးပိုင်းချင်တယ်ဆိုMB နေရာနိုပ်ပြီး MB ပဲရွေးလိုက်ပါ။ 
ဘယ်ဘက်က 4 နေရာမှာ နိုပ်ပြီး 200 ရွေးလိုက်ပါ။ ကီးဘုတ်မှလည်းရိုက်ထည့်နိင်ပါတယ်) 

KB ကိုမရွေးပါနဲ့  မိမိခွဲမယ့်ဖိုင်က 1gb ရှိမယ်ဆို mb နဲ့  ခွဲလိုက်ပေါ့ဗျာ ... 
4gb လောက်ရှိမယ်ဆို 1gb ခွဲချင်တယ်ဆို gb ထားပေးလိုက်ပါ လွယ်ကူပါတယ် ...

အဲ့အဆင့်လေးတွေပြီးရင် အောက်က Ok နိုပ်ပြီး Part ခွဲနိုင်ပါပြီ။
ပြီးလျှင် မိမိ Part ခွဲထားတဲ့နေရာသွားကြည့်လိုက်ပါ ... ^_^

FFSPG
9/ မိမိ Part ဖိုင်မှာ password ခံထားချင်ရင် အပေါ်က အဆင့်၈ မှာ ok မနိုပ်သေးပဲ
Set password နေရာကို နိုပ်လိုက်ပါ။

Enter မှာ မိမိထည့်ချင်တဲ့ ပါတ်စဝက်ရိုက်ပါ။ 
( စာလုံးမြင်ချင်ရင် Show password ခဏဖေါ်ထားပါ )
ပြီးလျှင် Ok နိုပ်လိုက်ပါ။ Part ခွဲနေပါပြီ။ အပိုင်းလေးခွဲပြီး သွားရင် သူရဲ့ ဘောက်ကို ပိတ်လိုက်ပါ။

FFSPG
10/ မိမိ Part ခွဲထားတဲနေရာကိုသွားပါ။ Desktop ပေါ်မှာဆို အောက်ပါပုံအတိုင်း Part ခွဲထားတဲ့ဖိုင်လေးမြင်ရပါပြီ ... Extract here နဲ့  ဖြည်ကြည့်နိုင်ပါတယ် ^_^

FFSPG

အားလုံးအဆင်ပြေကြပါစေဗျာ ... 


THANK FOR ALL
YM7


0 comments:

Post a Comment