FFSPG

FFSPG

Friday 28 February 2014

Samsung Galaxy S4 (gt-i9500) kitkat 4.4.2 update review.


Samsung ရဲ့ kitkat update တွေကတော့ အားရစရာ မရှိပါဘူး။ မနေ့ကလည်း note3  sm-n900 ကို kitkat 4.4.2 တင်စမ်းခဲ့သလိုပဲ ဒီနေ့မှာလည်း s4 gt-i9500 ကို kitkat 4.4.2 တင်စမ်းကြည့်ပါတယ်။ note3 ရော s4 ရော ထူးခြားချက် ကြီးကြီးမားမား မတွေ့လိုက်ရပါဘူး။ ပုံမှန် အတိုင်းပဲ android version ပြောင်းသွားတာမျိုးပါပဲ။


တစ်ခု စဉ်းစားမိတာက note3, s4 တွေဟာ စွမ်းအား ကြီးတဲ့ ကောင်းမွန်ပြီးသား device တွေ ဖြစ်နေတာကြောင့် kitkat ရဲ့ အပြောင်းအလဲကို မသိသာတာလားတော့ မပြောတတ်ပါဘူး။ ကောင်းနေပြီးသား၊ အဆင်ပြေနေပြီးသား ဆိုတော့ android version ပြောင်းသွားပေမဲ့ သိပ်မထူးခြားတော့ဘူး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ .... Samsung ရဲ့ ဒီ တစ်ခါ kitkat update တွေကို စိတ်ပျက်မိတာ၊ စိတ်တိုင်း မကျတာတော့ အမှန်ပါပဲဗျာ။ 4.0 ကနေ 4.1, 4.2 ကို ကူးခဲ့စဉ်တုန်းကလို အခု 4.4 အကူးအပြောင်းမှာလည်း သိသိသာသာ ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ မှန်းချက်က မှန်းချက် အနေနဲ့ပဲ အဆုံး သတ်သွားခဲ့ပါပြီ။

ဘာပဲ ပြောပြောပေါ့လေ။ တင်ပြီးသွားမှတော့ မထူးတော့ပါဘူး။ s4 ရဲ့ kitkat 4.4.2 ကို တစ်ချက်လောက် ကြည့်ကြည့်လိုက်ကြရအောင်လားဗျာ။ :)

s4 ရဲ့ kitkat 4.4.2 မှာ အဓိက အနေနဲ့ သတိထားမိလိုက်တာက thread rendering ပိုမြန်လာတာကိုပါပဲ။ user input ကို response ပေးတာ ပို smooth ဖြစ်လာတဲ့ အပြင် main thread အနေနဲ့ run နေတဲ့ widgets, framework တွေပါ နှစ်ဆ နီးပါး ပိုမြန်လာတာကို တွေ့ရပါတယ်။ ဒါဟာ s4 ကိုင်ဆောင်နေသူတွေ အတွက် တကယ့်ကို ဝမ်းသာစရာပါပဲ။ s4 မှာ စတင်ခဲ့တဲ့ air view, air gesture စတဲ့ smart feature တွေကြောင့် s4 ဟာ response နှေးတဲ့ (တကယ် မနှေးပေမဲ့ နှေးသလိုလို ဖြစ်နေတဲ့) phone တစ်လုံးလို့ အပြောခံနေရာကနေ အခု kitkat 4.4.2 မှာတော့ အဲ့ဒိ အမည်းစက်ကို အတတ်နိုင်ဆုံး ချေဖျက်ဖို့ Samsung တို့ ကြိုးစားထားပါတယ်။ (Samsung android developer တွေကြောင့် မဟုတ်ပဲ kitkat frame ကိုက rendering တွေ ပိုမြန်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။)

Samsung android developer တွေဟာ အသစ် ထုတ်မယ့် s5 အတွက် အချိန် ကုန်နေမှန်း သိသာပါတယ်။ s5 ကိုပဲ တသသ လုပ်နေကြမယ့် ကာလထဲမှာ ဆိုတော့ ရောင်းစွံပြီးသား၊ အောင်မြင်ပြီးသား note3, s4 တွေဘက်ကို လှည့်မကြည့်အားသေးပါဘူး။ ဒါကြောင့်လည်း kitkat 4.4.2 update နဲ့ အတူ တစ်ခါတည်း ပြောင်းလဲပေးသင့်မှန်း သိနေတဲ့ TouchWiz UI အဟောင်းကြီးကို မပြောင်းလဲသေးပဲ နဂို မူလ အတိုင်း ထည့်ပေးထားလိုက်တာပေါ့ဗျာ။ ဒါပေမဲ့ မျှော်လင့်စရာ တစ်ခု ရှိတာက s5 ကို တကယ် ထုတ်ရောင်းတဲ့ အချိန်မှာ note3, s4 အပါအဝင် kitkat 4.4.2 update ရမယ့် samsung android device တွေ အကုန်လုံးကို new UI တစ်ခု ချပေးလိမ့်မယ်လို့ Samsung ပရိတ်သတ်ကြီးက အားခဲနေကြတယ်ပေါ့။

အခု s4 ရဲ့ kitkat 4.4.2 ကလည်း TouchWiz ပုံစံခွက် အဟောင်းထဲမှာပဲပေါ့။ ဘာမှ မပြောင်းလဲသေးဘူး။ ပြောင်းသွားတာ ဆိုတော့ (note3 လိုပဲ) battery icon လေးက အစိမ်းရောင်ကနေ အဖြူရောင် ဖြစ်သွားတယ်။ notification bar ကို in app တစ်ခုခုကနေ ဆွဲချလိုက်တဲ့ အခါ အရင် 4.3 တုန်းကလို solid အမည်းကြီး မကျလာတော့ပဲ transparent grey နဲ့ ပြပေးတယ်။ ဒါလောက်ပါပဲ။

home desktop launcher ကို ပြောင်းလဲပစ်ဖို့ ဆိုတာကလည်း တော်တော် ခက်သားပဲကိုး။ အသစ် အသစ်ကို သုံးချင်ပေမဲ့ ကိုယ်ချင်း အများကြီး စာပေးရပါတယ်။ တခြား android တွေထက် ပိုပြီး customize ဖြစ်တဲ့၊ သုံးရတာ လွယ်ကူ ထိရောက်တဲ့ Samsung TouchWiz UI ကို ကြိုက်နှစ်သက်လို့ပဲ Samsung သုံးနေကြတာ ဆိုတော့ စောင့်လက်စနဲ့ ဆက်လက် စောင့်စား အားပေးနေကြရတော့မှာပဲပေါ့လေ။

s4 က kitkat 4.4.2 ပေါ်မှာ တခြား မသိမသာ ကောင်းလာတာလေးတွေလည်း ရှိပါသေးတယ်။
- battery စားတာ နည်းနည်း လျော့သွားတယ်။
- အပူချိန် နည်းနည်း ကျသွားတယ်။
- octa core auto switching process တွေ နည်းနည်း ပိုကောင်းလာတယ်။
- air function တွေ နည်းနည်း ပို smooth ဖြစ်လာတယ်။
ဒီလောက်ပါပဲ။ s4 ရဲ့ kitkat 4.4.2 ကို ရုတ်တရက် ကြည့်လိုက်ရင် စိတ် ကျေနပ်စရာ ကောင်းလောက်အောင် ပြူးတူးပြဲတဲ မထူးခြားသွားပေမဲ့ regular usage မှာတော့ လက်မ ထောင်ပေးရမှာ အမှန်ပါပဲ ခင်ဗျာ။

အခု အချိန်မှာ kitkat 4.4.2 update ပေးခါစ ဆိုတော့ မြန်မာစာ built-in Myanmar Zawgyi ပါတဲ့ region THL Thailand firmware မရသေးတဲ့ အတွက် INS India region firmware တင်စမ်းထားတာကြောင့် မြန်မာစာ အခက်အခဲ ရှိနေပါသေးတယ်။ s4 kitkat 4.4.2 အတွက် root ဖောက်နည်း၊ cwm flash နည်းတွေ ရှိနေပြီ ဖြစ်ပေမဲ့ root, cwm တွေကို s4 gt-i9500 ရဲ့ octa core ပေါ်မှာ မလုပ်စေချင်တဲ့ အတွက်  jellybean တုန်းက သုံးခဲ့တဲ့ zawgyi one flip font new v1.0 (s3, s4, note3 4.2.2+) ကိုပဲ အသုံး ပြုပြီး မြန်မာစာ ပြဿနာကို ဖြေရှင်းထားလိုက်ပါတယ်။ ၁၀၀% ပြည့် အဆင် မပြေပေမဲ့ အရေးကြီးတဲ့ နေရာတွေမှာတော့ သုံးလို့ ဖြစ်နေပါတယ်။

s4 kitkat 4.4.2 ပေါ်မှာ settings > display > font style နဲ့ ပြောင်းကြည့်ထားတဲ့ မြန်မာစာက ..
phone, contacts, message - မှန်
lock screen, apps drawer, desktop, settings - မှန်
facebook + facebook messenger - မှန်
hangouts (gtalk) - မှန်
gmail - မှား
internet browser, chrome browser - မှား
.. အဲ့လိုပဲ ဖြစ်နေပါသေးတယ်။ viber, skype တွေပေါ်မှာတော့ မစမ်းကြည့်ရသေးပါဘူး။ မှန်ရင် မှန်၊ မမှန်ရင် မှားပေါ့။ :P :P



သုံးတဲ့ keyboard ကတော့ ရိုးရာ အတိုင်း Bagan keyboard ပါပဲ။ Bagan keyboard ရဲ့ zawgyi fixes အောက်မှာ လေးခု ရှိတဲ့ထဲက type as unicode တစ်ခုတည်းကိုပဲ ဖျက်ထားရပါမယ်။ ကျန်တဲ့ သုံးခုကို အမှန်ခြစ် ခြစ်ပေးထားရပါမယ်။ ဒါမှ ရိုက်ရတာ အဆင်ပြေမှာပါ။ lock screen ပေါ်မှာ ပြပေးမယ့် personal information (settings > lock screen > lock screen widgets > edit personal message) ထဲမှာ ရိုက်ချင်တဲ့ အခါမျိုးကျမှ အဲ့ဒိ type as unicode ကို အမှန်ခြစ် ခြစ်ပေးရပါမယ်။ မဟုတ်ရင် ပဆင့်တွေ၊ ငသတ်တွေ ရိုက်လို့ မရပါဘူး။


အခု လောလောဆယ် kitkat 4.4.2 ကို root, cwm မလုပ်ပဲ iFont, zawgyi one flip font တွေ သုံးပြီး font install လုပ်ကြည့် စမ်းကြည့်သလောက်တော့ ၇၀% လောက်ပဲ အဆင်ပြေပါသေးတယ်။ ဒါတွေကလည်း android version အပြောင်းအလဲမှာ ဖြစ်နေကျပါပဲ။ ကျွန်တော်တို့လို common user တွေ အနေနဲ့ အချိန် ကာလ တစ်ခု အထိတော့ စောင့်နေကြရဦးမှာပါ။

မြန်မာစာ အမှန်ကို မဖြစ်မနေ လိုအပ်တယ် ဆိုရင်တော့ 4.2.2, 4.3 ကနေ 4.4.2 ကို မမြင့်သေးပဲ built-in Myanmar Zawgyi ပါတဲ့ region THL Thailand firmware လို firmware မျိုးတွေ ရလာတဲ့ထိ နောက် တစ်လလောက် ထပ်စောင့်နေလိုက်ပါဦးလို့ အကြံ ပြုပါရစေ။

rooting, custom recovery flashing ဆိုတာတွေက developer တွေ အတွက် ပိုသင့်လျော်တာကြောင့် s4, note3 တို့လို စွမ်းအား ကြီးလေ .. အတိမ်းအစောင်း မခံလေ ဖြစ်တဲ့ device တွေကို root, cwm တွေ လုပ်ထားပြီး သုံးဖို့ ဆိုတာ user experience အများကြီး လိုအပ်ပါလိမ့်မယ်။ ကိုယ်တိုင် မကျွမ်းကျင်ဘူး၊ ဖြစ်လာမယ့် error တွေကို on the spot မရှင်းလင်းနိုင်ဘူး ဆိုရင်တော့ root, cwm တွေနဲ့ မြန်မာစာ ထည့်သုံးတာမျိုးကို ရှောင်သင့်တယ်လို့ အကြံ ပြုလိုက်ရပါကြောင်း ....

PWK.
February 28, 2014.
ဂယောင်ဂရင် ဖြိုး @ facebook
https://www.facebook.com/groups/513079698764647/
https://www.facebook.com/pages/Future-for-smartphones/224468341029838

Thursday 27 February 2014

Samsung Galaxy Note 3 (sm-n900) kitkat 4.4.2 update review.


 

note3 sm-n900 ရဲ့ kitkat 4.4.2 update ကတော့ ဘာမှ သိသိသာသာ ထူးခြား ပြောင်းလဲ ကောင်းမွန် တိုးတက်လာတာမျိုး မတွေ့ရသေးပါဘူး။ ပုံမှန် အတိုင်းပဲ android version ပြောင်းသွားတယ်။ system ပိုင်းတွေ ပိုကောင်းလာမယ်။ stability မြင့်လာမယ်။ battery consumption ပိုထိန်းလာမယ်။ octa core ရဲ့ switching တွေ ပို smooth ဖြစ်လာမယ်။ ဒီလောက်ပါပဲ။

note3 sm-n900 အတွက် kitkat 4.4.2 ကို region THL Thailand firmware တင်တဲ့ အတွက် မြန်မာစာ built-in Myanmar Zawgyi ပါဝင်ပြီးသား ဖြစ်ပါတယ်။ ၁၀၀% မှန်တဲ့ မြန်မာစာကို သုံးနိုင်တာပေါ့လေ။ read, write ရတဲ့ အပြင် system language ကိုပါ မြန်မာစာ ပြောင်းသုံးနိုင်ပါတယ်။ Samsung keyboard ရဲ့ add language ထဲမှာလည်း မြန်မာစာ keyboard ထည့်သွင်းနိုင်ပါတယ်။ Samsung Myanmar Zawgyi keyboard ကလည်း Bagan keyborad လိုပဲ smart keyboard ဖြစ်ပါတယ်။ (Bagan keyboard လောက်တော့ အဆင်မပြေဘူးပေါ့လေ။)

storage ပိုင်းမှာ 2GB လောက် ပိုထွက်လာတာ တွေ့ရပါတယ်။ 32GB မှာ user အတွက် 23.5 လောက်ပဲ ရှိရာကနေ အခုတော့ 25.5GB ကျော် ရှိလာပါပြီ။ ဒါလေးလည်း kitkat 4.4.2 မှာ ထူးခြားလာတယ်ပေါ့နော်။

notification bar ပေါ်က battery logo ရဲ့ အရောင် ပြောင်းသွားပါတယ်။ အရင်က အစိမ်းရောင် ပြပြီး အခုတော့ အဖြူရောင် ဖြစ်သွားပါပြီ။ ဒါကတော့ ဘာမှ အရေး မပါပါဘူးလေ။

တကယ် အရေးကြီးတဲ့ notification panel, toggles, desktop home launcher, theme, icon စတာတွေတော့ မပြောင်းလဲသေးပါဘူး။ အရင် TouchWiz အထိုင် အတိုင်းပဲ ရှိနေပါသေးတယ်။

settings ထဲက setting တွေထဲမှာတော့ အသေးအမွှား အပြောင်းအလဲလေးတွေ ရှိလာ၊ တိုးလာပေမဲ့ ပြောပရလောက်အောင်တော့ မထူးခြားသွားပါဘူး။ ဒါကြောင့် note 3 အတွက် kitkat 4.4.2 update ဟာ သာမန် အတိုင်းပဲ နောက်ကွယ်က android system version မြင့်သွားတာ ဖြစ်ပြီး user တွေ အတွက်တော့ “ဒုံရင်း” ဆိုတဲ့ အတိုင်း ဒုံရင်း နီးပါးပါပဲ။

ပြီးခဲ့တဲ့ February 24 ရက်နေ့ကမှ အသစ် ပြထားတဲ့ s5 ရဲ့ kitkat 4.4.2 မှာတော့ desktop home launcher ဖြစ်တဲ့ TouchWiz ကို ပြောင်းထားတာ တွေ့ရပါတယ်။ TouchWiz version အသစ် မြှင့်ထားတယ်လို့ ယူဆရပါတယ်။ သိသိသာသာ လှလာတာ၊ သေသပ်လာတာကိုလည်း တွေ့လိုက်ရပါတယ်။ s4, note3 တွေမှာလည်း အဲ့ဒိ TouchWiz version ကို update လုပ်ခွင့်ရလာလိမ့်မယ်လို့ မျှော်လင့်နေရပါကြောင်း ....

s4 gt-i9500 အတွက် kitkat 4.4.2 region INS India firmware ကိုတော့ download ဆွဲနေတုန်းပါပဲ။ မတင်ရ မစမ်းရသေးပါဘူး။ မနက်ဖြန်လောက် ပြီးမယ် ထင်ပါတယ်။ ဒါပေမဲ့လည်း s4 လည်း note3 လောက်ပဲ ဖြစ်မှာပါ။ သိသိသာသာ ထူးခြား ပြောင်းလဲသွားမယ် မထင်ပါဘူး။

PWK.
February 27, 2014.
ဂယောင်ဂရင် ဖြိုး @ facebook
https://www.facebook.com/groups/513079698764647/
https://www.facebook.com/pages/Future-for-smartphones/224468341029838

Tuesday 25 February 2014

Fancy text generator

စာလုံး​တွေကို လှပတဲ့Style textအဖြစ်​ ​ပြောင်းလဲ​ပေးမှာဖြစ်​ပါတယ်​။copyယူပီး facebook,MSN..တို့လိုsocial site​တွေ​ပေါ်က status,comment,chat​တွေမှာပါ အသုံးပြုလို့ရပါတယ်​ :)

>> Download Link <<

Sunday 23 February 2014

Rayman Fiesta Run v1.1.0 APK + DATA


FFSPG
Rayman အပြေးသမား ဂိမ်းလေး အပ်ဒိပ်လေးပါ ။ အခန်းသစ်တွေ ဇာတ်ကောင်သစ်တွေပါဝင်လာပါတယ် ။
သူတို့  သီချင်း အသံလေးတွေကလည်း နားထောင်လို့ အရမ်းကောင်းပါတယ် ခင်ဗျာ ။
ဖေ့ဘုတ်နဲ့  ချိတ်ပြီး သူငယ်ချင်းများနဲ့  ယှဉ်ပြိုင်ကစား နိုင်ပါသည် ။
စတိုင်အသစ်လေးတွေနဲ့  ပျော်ရွင်ဖွယ် ကစားနိုင်မှာပါ ခင်ဗျာ :D

PARTY ALL NIGHT LONG
* More than 75 levels welcome you for the Fiesta!
* Bounce on sausages and make your way through 4 new festive worlds
* Beat all 3 new epic bosses to reach the dreaded Land of the Livid Dead Island!
* Collect Lums to get awesome rewards and power-ups



DISCOVER RAYMAN'S AMAZING NEW POWERS
* Rayman could jump, fly, punch and run up the walls…
* …he can now slide, swim or shrink on the fly into a tiny hero
* Unleash the power of the Super Punch!








BEWARE OF THE INVASION!
* Play all the levels you thought you knew in a totally different way
* Avoid new traps and defeat even fiercer enemies
* Get ready for more great challenges!

ENJOY GORGEOUS GRAPHICS
* Rayman Jungle Run was pretty… Rayman Fiesta Run looks absolutely delicious!
* Immerse yourself into the Fiesta thanks to the increased depth of field
* And if you like great lightings, Rayman has put a brand new disco ball up for you!

Requires Android: 2.3 and Up

Version: 1.1.0

PLAY LINK: Cover art



Download Link


Dev-host (or) Sendspace



Install APK,
Place data folder in SDCard/Android/Obb/ 
and Play!!!



THANK FOR ALL

YM7








Real Scary Spiders APK + DATA (Unlimited Money)


FFSPG
ကြောက်မက်ဖွယ် ပင့်ကူများကို ကိုယ်တိုင်မွေးမြူး သင်ပေးရမယ့်ဂိမ်းကြီးပါ ။
ရုပ်ထွက်ကတော့ အလန်းကြီးဗျာ တကယ်ကို ပင်ကူများကို အပြင်မှာတွေနေရသလိုပါပဲ ။
နေဖို့  ၊ အစားအစာ ၊ အပူချိန် ၊ ကျန်းမာရေး အိမ်မွေးတိရိစ္ဆာန်တစ်ကောင်လို့  စောင့်ရှောက်ရမှာပါ ။

သူနေတဲ့ နေရာကို ကင်မရာ နဲ့  ကြိုက်တဲ့ ပုံကိုရိုက်ပြီး နောက်ခံ ထားနိုင်ပါတယ် ။

ထူးထူးခြားခြား ဂိမ်းလေးဆိုလည်း မမှားပါဘူး ။
စိတ်ဆိုးအောင်လုပ်ရင် ဖုန်းမျက်နှာပြင်ပြေးကပ်ပြီး အသံကြီးက ကြောက်စရာကြီးဗျ :D

Want to own a scary pet?
Now you can with Real Scary Spiders!
FRIGHTENINGLY REALISTIC
Come face-to-face with realistic spiders, amazing graphics that are not for the faint-hearted.

SPIDER CARE
Grow and nurture your spider - feed it live squishy insects so it grows up big and fearsome.
Get hands-on by teaching your spider new tricks. Care for your spider to keep it healthy and happy.



VIRTUALLY REAL
Take your spider out into the real world and amaze your friends using our Augmented Reality camera on your device.
COLLECT THEM ALL
Collect all exotic species of spider - Including Rio Grande Gold, Mexican Fireleg, Cobalt Blue and many more surprises to discover. Learn facts about each spider so you can look after them in the best way.








SHARE THE SCARE
Take amazing pictures of your spider in Augmented Reality and instantly share them with your friends.
PLEASE NOTE!
Real Scary Spiders is free to play, but it contains items that can be purchased for real money.
Requires Android 4.0 and up.
Contains features that work best with a rear facing camera.

Requires Android: 2.2 and Up

Version: 1.1.3

PLAY LINK: Cover art



Download Link


Dev-host (or) Sendspace



Install APK,
Place data folder in SDCard/Android/Obb/ 
and Play!!!



THANK FOR ALL

YM7




Colin McRae Rally APK + DATA


FFSPG
အသစ်ထွက်ရှိလာတဲ့ ခရီးကြမ်း ကားပြိုင်ဂိမ်းလေးပါပဲ ။ ရုပ်ထွက်လည်းလန်းသလို မောင်းနှင်ရာမှာလည်း
စိတ်လှုပ်ရှားမှု ရှိစေပြီး ကောင်းမွန်ပြည့်စုံတဲ့ ဂိမ်းကောင်းလေးပဲဖြစ်ပါတယ် ။
နယ်မြေဒေသ အလိုက် လမ်းများကို ပြောင်းလဲမောင်းနှင်ရမှာပါ ။

The No. 1 Racing Game in 83 countries!
Please Note: Colin McRae Rally requires Android OS 4.0.3 or above
Hit the dirt as the ultimate off-road racing game experience, Colin McRae Rally, comes to Android for the very first time.


“A must have time-killer” AUTOSPORT
"A seriously entertaining drive 4/5" - The Huffington Post
"Colin McRae Rally is a fine racing game, with sharp handling and a nerve-wrecking sense of speed"
- Pocket Gamer
9/10 "brings back everything the original game had and makes it work almost flawlessly”
Vandal Online
From the developers of the multi-million selling franchise and based on content from the 90% Metacritic rated Colin McRae Rally 2.0, Colin McRae Rally for Android features THIRTY amazing rally stages with a combined distance of over 130km. Go flat out through the dirt of the Australian outback, take on dramatic climbs through the mountains of Greece and get sideways on the tight and twisty roads of Corsica.

THE CARS
Get behind the wheel of legendary rally cars, the Subaru Impreza, Mitsubishi Lancer Evolution VI, Lancia Stratos and Colin McRae’s Ford Focus. Pace notes read by professional rally co-driver Nicky Grist help you fully commit through each and every stage.










THE CONTROL
With the critically acclaimed Colin McRae Rally handling, damage and physics model under the hood, feel the thrill of putting pedal to metal across different surface types and blast through beautiful, challenging environments.

THE CHALLENGE
Take on different game modes including quick races, full rallies and Championships and customise your experience with different controls schemes and views. Post your best time to the leaderboards and unlock achievements
COLIN MCRAE RALLY – THE CLASSIC RALLY EXPERIENCE PERFECTLY TUNED FOR ANDROID.



Requires Android: 4.0 and Up

Version: 1.02

PLAY LINK: Cover art




Download Links


Dev-host (or) Sendspace 



Install apk,
data / sd / android / obb 
Play!!!





THANK FOR ALL

YM7






Firefighter Simulator 3D APK (Unlimited XP)


Firefighter Simulator 3D - screenshot thumbnail
FFSPG

မီးသတ်ကားမောင်းပြီး မြို့ နယ်တွေမှာ မီးလောင်တဲ့နေရာတွေကို ကိုယ်တိုင် မီးသတ်မောင်းပြီး
မီးငြိမ်းသတ်ပေးရတာပါ ။ Bus Simulator 3D ဂိမ်းထုတ်လုပ်တဲ့  Ovidiu Pop   မှ အသစ်ထပ်မှန်ထွက်ရှိလာပါတယ် ။ ဆန်းသစ်တဲ့ ဂိမ်းလေးမှ ဆော့ချင်သူများ အတွက် ရှယ်လေးပါ ။

 Bus Simulator 3D ဂိမ်းကို လိုချင်သေးလျင် အောက်ပါ လင့်ကိုသွားရောက်ဒေါင်းယူပါ ။

http://ffspg.blogspot.com/2013/12/bus-simulator-3d-v170-apk.html

Have you ever had the dream to become a Fireman? Now you can! Play Firefighter Simulator 3D and save citizens from dangerous fires! Make your way to the fire point by driving different fire trucks! Use your siren to aware everyone about the disaster! Pilot the Fire Department Helicopter to put out bigger fires! Increasing your XP Points will give you acces to newer trucks!


Features:
- 6 Fire Trucks
- Fire Department Helicopter
- Interior Camera
- Realistic damage
- Cool Locations: city, countryside, mountain, desert and snow
- Lots of Exciting missions
- Tilinting, buttons and steering wheel controls
- Fireman third person control
- Online Achievements and Leaderboards







Requires Android: 2.3 and Up

Version: 1.2.0

PLAY LINK: Cover art



Download Links



Dev-host (or) Sendspace



Install apk,
Play!!!






THANK FOR ALL


YM7





iOS 7.0.6 and 6.1.6 updates





လာပြန်ပြီဟဲ့ iOS 7.0.6 and 6.1.6 update တွေ :/ :/
ဘာ ထူးလဲ ဆိုတော့ ထုံးစံ အတိုင်း ဘာမှ သိပ် ထူးမယ် မထင်ပါဘူး။ jailbreak ကို သတ်ဖို့ သမိုင်းပေး တာဝန်ကလည်း ရှိနေသေးတော့ ပန်းသီးပဲ့တို့ ထုံးစံ အတိုင်းပဲပေါ့။ ထွက်လာတော့လည်း ဆွဲရဦးမယ် .. ဆွဲရဦးမယ် :( :(

www.getios.com မှာ ipsw တွေကို download ဆွဲနိုင်ပါတယ်။

iOS 7.0.6 ရတဲ့ iDevice တွေက ..
iPhone 5s (global, gsm)
iPhone 5c (global, gsm)
iPhone 4s
iPhone 4 (gsm, gsm 2012, cdma*)

iPad air (cellular, wifi)
iPad 4 (3g, cdma*, wifi)
iPad 3 (3g, cdma*, wifi)
iPad 2 (3g, cdma*, wifi 2012, wifi)

iPad mini retina (cellular, wifi)
iPad mini (3g, cdma*, wifi)

iPod touch 5

iOS 6.1.6 ရတဲ့ iDevice တွေကတော့ နှစ်ခုပဲ ရှိပါတယ်။
iPhone 3s
iPod touch 4

(iPhone 4 မှာ cdma* ဆိုတာက ..
2G Network CDMA 800 / 1900
3G Network CDMA2000 1xEV-DO
.. လို့ ရေးထားပေမဲ့ လိုက်ဖတ်ကြည့်တော့ america မှာ သုံးတဲ့ cdma network band မှာပဲ သုံးလို့ ရပါတယ်။ network provider contract နဲ့ သုံးတာလို့လည်း ရေးကြတယ်။ ကျွန်တော်တို့ဆီမှာ သုံးတဲ့ cdma ကတော့ တရုတ် band (or asia band, asia pacific band) ဖြစ်နေတဲ့ အတွက် ဒီက cdma 800 sim card ထည့်သုံးလို့ မရပါဘူး။ apple ကိုယ်တိုင်လည်း အဲ့လို cdma က မတွင်ကျယ်တဲ့ အတွက် iPhone 4 နောက်ပိုင်း iPhone တွေမှာ အဲ့ဒိ cdma version ကို ထပ်ထုတ်တာ မတွေ့ရတော့ပါဘူး။ တစ်ချို့လည်း နိုင်ငံ အလိုက် provider အလိုက် ရှိတယ်လို့ ပြောကြပေမဲ့ apple official မှာ မတွေ့ရတဲ့ အတွက် မရှိဘူးလို့ပဲ ပြောရတော့မှာပေါ့လေ။

iPad 4, 3, 2 နဲ့ iPad mini တွေရဲ့ cdma* ဆိုတာက အဲ့ဒိ iPad တွေထဲကို ဒီက gsm, wcdma sim card တွေ ထည့်ပြီး mobile internet သုံးလို့ ရနေတာကို တွေ့ရပါတယ်။ cdma 800 sim card ထည့်လို့တော့ မရပါဘူး။ ဘာကြောင့် အဲ့လို သုံးလို့ ရနေတာလဲ သေချာ မသိရသေးပေမဲ့ sim card ထည့်လို့ ရတဲ့ iPad တွေက data only (mobile internet only) ပဲ ဖြစ်ပြီး voice call, message တွေ မရတဲ့ အတွက်ကြောင့်လည်း cdma ထဲကို gsm, wcdma sim card တွေ ထည့်သုံးလို့ ရနေတာ ဖြစ်နိုင်ပါတယ်။)

PWK.
February 23, 2014.
ဂယောင်ဂရင် ဖြိုး @ facebook
https://www.facebook.com/pages/Future-for-smartphones/224468341029838
https://www.facebook.com/groups/513079698764647/

Thursday 20 February 2014

facebook buys WhatsApp.



facebook က WhatsApp ကို US$ 16 billion နဲ့ ဝယ်ယူလိုက်ပါပြီတဲ့။ user 1 billion နီးပါး ရှိလာတဲ့ WhatsApp ရဲ့ ထူးခြားချက် တစ်ခုကတော့ ဝန်ထမ်း အယောက် ၅၀ ခန့်နဲ့ပဲ လည်ပတ်နေခြင်း ဖြစ်ပါတယ်တဲ့။

PWK.
ဂယောင်ဂရင် ဖြိုး @ facebook
February 20, 2014.

Tuesday 18 February 2014

Universal Soldier (1992) BluRay Rip 720p ( Format ~ MP4 ) [ Download & Watch ]


FFSPG
တစ်ချိန်တုန်းက ကျနော်တို့ ကြိုက်နှစ်သက်ခဲ့ရတဲ့ နာမည်ကြီး Universal Soldier ဇာတ်ကားကို
ပြန်လည် ကြည့်ရှုနိုင်မှာပါ ။ တိုက်ရိုက်ကြည့်ရှုနိင်မယ့်လင့် နှင့် Part 200MB စီခွဲထားသော ဒေါင်းလင့်များ
တင်ပေးထားပါတယ် ။ ရူရှား အာနိုး နှင့် ဗန်ဒိန်း ပါဝင်သရုပ်ဆောင်ထားတဲ့ အက်ရှင်စစ်ကားကောင်းလေးပါ။

Universal Soldier is a 1992 American science fiction action film directed by Roland Emmerich. The film stars Jean-Claude Van Damme and Dolph Lundgren as soldiers who kill each other in Vietnam but are ... Wikipedia 
Release date: July 10, 1992 (USA) 
Budget: 23 million USD 
Initial DVD release: June 19, 2001










 Universal Soldier (1992) ကို ဒီမှာနိုပ် ပြီးတိုက်ရိုက်ကြည့်ရှု ပါ

________________________________________________>


Download Links


Dev-host - Link1 Link2 Link3 Link4 Link5 

( or >>>>>>>>>>>>>>>>>>>>>>>>>>>>> )

Sendspace - Link1 Link2 Link3 Link4 Link5 



FFSPG blog ဆိုက်မှ ဒေါင်းယူပုံနှင့် zip ဖြည်ပုံ ရှင်းပြပေးပါမယ်

FFSPG BLOG APK ( ဖုန်းမှ အလွယ်တကူ ဝင်ရောက်နိုင်ပါသည် )



THANK FOR ALL

YM7