FFSPG

FFSPG
Showing posts with label IOS. Show all posts
Showing posts with label IOS. Show all posts

Wednesday, 1 October 2014

iOS 8.0.2 quick review (plus)


iOS 8.0.2 quick review (plus)

(ထပ်မံ ဖြည့်စွက်ခြင်း နှင့် အမှား ပြင်ဆင်ခြင်း)

မနေ့က ရေးတင်ထားတဲ့ iOS 8.0.2 quick review မှာ လိုအပ်ချက် တစ်ခုရယ်၊ အမှား တစ်ခု ရှိနေတာကြောင့် အခု iOS 8.0.2 quick review (plus) ကို update လုပ်လိုက်ရပါတယ် ခင်ဗျာ။ မနေ့က post ရဲ့ link ကတော့….

(မနေ့က post က နံပါတ် (၁၁) Notification center widgets. မှာ ဆုံးသွားတဲ့ အတွက် အခု (၁၂) ကို ထပ်ဖြည့်ထားပါတယ်။)

(၁၂) Notes. (Oooh !! Yeah !! this is superb.)



Notes ဆိုတာက mobile phone သုံးသူတိုင်းလိုလို သုံးဖြစ်ကြတဲ့၊ တကယ် အသုံးဝင်တဲ့ app တစ်ခု ဖြစ်ပါတယ်။ phone အများစုမှာ built-in app အနေနဲ့ ပါဝင်ပါတယ်။ (Moto G လို တစ်ချို့ Android phone တွေမှာတော့ မပါပါဘူး။) iPhone, iPad, iPod touch user တွေ အတွက်လည်း notes က အရမ်းကို အသုံးဝင်တဲ့၊ လူသုံး များတဲ့ built-in app တစ်ခုပါပဲ။ ဒါကြောင့်မို့ Apple တို့က iOS 8 မှာ notes (built-in app) ကို feature အသစ်တွေ ထပ်ထည့်ပေးပြီး ပိုကောင်းလာအောင် လုပ်ပေးထားပါတယ်။

ဘာကြောင့် Apple က သူတို့ (iOS ထဲက) notes ကို ပိုကောင်းအောင် လုပ်ပေးရသလဲ ဆိုရင် Android တွေကြောင့်ပါပဲ။ Android မှာ built-in ရော၊ 3rd party ရော notes app တွေ အများကြီး ရှိနေပြီး notes app တော်တော်များများက ရိုးရိုးတန်းတန်း စာ ရေးရုံ အပြင် picture တွေ ထည့်လို့ ရတယ်။ voice တွေ (အသံ သွင်း) ထည့်လို့ ရတယ်။ sketch drawing တွေ လုပ်လို့ ရတယ်။ အဲ့ဒါ အပြင် ရေးထားတဲ့ စာတွေကိုလည်း text effect တွေ သုံးပြီး decoration လုပ်လို့ ရပါသေးတယ်။

Android တွေထဲမှာ အအောင်မြင်ဆုံးနဲ့ develop အဖြစ်ဆုံး OEM ဖြစ်တဲ့ Samsung ရဲ့ notes series phone / tablet တွေမှာ ပါတဲ့ S-Note ဆိုရင် ဘယ်လောက်ထိ အဆင့် မြင့်လဲ၊ ကောင်းလဲ၊ လန်းလဲ၊ အသုံးဝင်လဲ ဆိုတာ သုံးဖူးသူတိုင်း သိကြပါတယ်။ အဲ့ဒိ S-Note ဆိုတဲ့ built-in app ကြောင့်ပဲ Samsung ရဲ့ Note series phone တွေဟာ ပေါက်သွားခဲ့တာပေါ့။ (hTC ရဲ့ built-in notes app လည်း Samsung S-Note ကို မမှီပေမဲ့ တော်တော် ကောင်းပါတယ်။)

ဒါကြောင့် Apple တို့လည်း မနေသာတော့ပဲ သူတို့ရဲ့ စာ ရေးရုံလေးသာ ရေးလို့ ရတဲ့ ပိန်းတိန်း Notes (iOS built-in app) ကို အဆင့် မြှင့်တင်လာတာ ဖြစ်ပါတယ်။ iOS က Android နဲ့ ပိုပို တူလာတဲ့ အတွက် အခု iOS 8 အပြောင်းအလဲမှာလည်း iOS notes ဟာ Android ရဲ့ notes app တွေလို feature တွေ ပါဝင်လာပါတယ်။ iOS 8 ရဲ့ notes က အရင်လို စာ ရေးရုံ သတ်သတ် ရိုးရိုးကြီး မဟုတ်တော့ပဲ..

- picture တွေ ထည့်လို့ ရလာတယ်။

- bold, italic, underline ဆိုတဲ့ text effect တွေ လုပ်လို့ ရလာတယ်။

- စာလုံးတွေကို replace လုပ်လို့ ရလာတယ်။

- စာလုံးတွေကို define (search in system dictionary) လုပ်လို့ ရလာတယ်။

** Insert Photo **
Notes ရေးရင်းနဲ့ ပုံတွေ ဘယ်လို ထည့်မလဲ ?? လွယ်ပါတယ်။ ရေးလက်စ စာကြောင်းတွေရဲ့ အောက်/အပေါ်ကို enter သုံး-လေးချက် ခေါက်ပြီး နေရာလွတ် တစ်နေရာရာပေါ် တစ် စက္ကန့်လောက် ဖိထားလိုက်ပါ။ Insert Photo ဆိုတဲ့ pop-up box လေး ပေါ်လာပါလိမ့်မယ်။ Insert Photo ကို နှိပ်လိုက်ပါ။ photos ရွေးတဲ့ထဲ ရောက်သွားပါလိမ့်မယ်။ ကိုယ် ကြိုက်တဲ့ album ထဲက photo တစ်ပုံကို ရွေးလိုက်ပါ။ ပုံကို အကြီး ပြပေးပါလိမ့်မယ်။ choose နှိပ်ပေးလိုက်ပါ။ ကိုယ် ထည့်ချင်တဲ့ ပုံက ကိုယ် ရိုက်လက်စ စာတွေထဲ ရောက်သွားပါပြီ။



ကျောင်းစာ lecture လိုက်တဲ့ သူတွေပဲ ဖြစ်ဖြစ်၊ ရုံး/အလုပ် မှာ meeting minutes လိုက်တဲ့ သူတွေပဲ ဖြစ်ဖြစ် iOS user တိုင်း အတွက် တကယ်ကို ထိထိရောက်ရောက် အသုံးဝင်တဲ့ feature အသစ် ဖြစ်ပါတယ် ခင်ဗျာ။ အရေးကြီး အချက်အလက်တွေကို စာ လိုက်ရေးရင်း ပုံနဲ့ တွဲမှတ်ဖို့ လိုအပ်လာရင် ဓါတ်ပုံ ရိုက်ပြီး ရေးလက်စ notes ထဲကို Insert Photo လုပ်ထည့်လိုက်ရုံပါပဲ။ ဒါဆို စာတွေချည်း သတ်သတ် မဟုတ်တော့ပဲ ပုံနဲ့ စာနဲ့ တွဲမှတ်ထားတာ ဖြစ်တဲ့ အတွက် ကိုယ်တိုင် ပြန်ဖတ်ရင်လည်း ရှင်းပါတယ်။ သူများကို ပြချင်ရင်လည်း ပိုမြင်သာပါတယ်။ facebook မှာ photo comment လုပ်ချင်တဲ့ သူတွေ အတွက်လည်း အသုံးဝင်ပါလိမ့်မယ်။ notes ထဲမှာ ပုံ ထည့်။ ပုံ အောက်မှာ ဖြစ်ဖြစ်၊ အပေါ်မှာ ဖြစ်ဖြစ် ကိုယ် ရေးချင်တဲ့ စာ ရေးပြီးသွားရင် done လုပ်။ screenshot ဖမ်း။ ဒါပဲ။ ဘယ်လောက် လွယ်သလဲ။ တခြား ဘာ photo edit app မှ ရှုတ်ရှုတ်ထွေးထွေး သုံးနေစရာ မလိုတော့ဘူးပေါ့။

တစ်ခုပဲ လိုအပ်ချက်ကလေး ရှိနေသေးတာက ထည့်လိုက်တဲ့ ပုံကို resize အချုံ့ အချဲ့ အကြီး အသေး လုပ်လို့ မရသေးပါဘူး။ ပုံ resolution ကြီးရင် ကြီးသလို ဝင်သွားပါတယ်။ နောက်ပိုင်း iOS vserion အသစ် update တွေမှာတော့ resize လုပ်လို့ ရကောင်း ရလာနိုင်ပါတယ်။ ရလာပါစေလို့လည်း မျှော်လင့်နေပါတယ်။

** BIU - Bold, Italics, Underline **
ရေးထားတဲ့ words, letters, sentences, paragraphs တွေကို double tap (or) long press နဲ့ select လုပ်လိုက်ရင် ပေါ်လာတဲ့ pop-up box လေးရဲ့ ဘယ်ဘက်ကို ဆွဲလိုက်ရင် Replace, BIU, Define ဆိုတာတွေ တွေ့လိမ့်မယ်။ BIU ကို နှိပ်လိုက်ရင် Bold, Italics, Underline တွေကို တွေ့ရပါမယ်။ Bold လုပ်လိုက်ရင် စာလုံးတွေ မည်းမည်းထူထူ ဖြစ်လာမယ်။ Italics လုပ်လိုက်ရင် စာလုံးတွေ ညာဘက်ကို နည်းနည်း စောင်းရွဲ့သွားမယ်။ Underline လုပ်လိုက်ရင် စာလုံး အောက်မှာ မျဉ်းကြောင်း တားပေးသွားမယ်။


ဒီ text decoration လေးဟာ အင်မတိ အင်မတန်ကို အသုံးဝင်ပါတယ်။ notes ရေးမှတ်တဲ့ အခါ အထူးပြုချင်တာတွေ၊ အရေးကြီး အချက်အလက်တွေကို ထင်ထင်ရှားရှား မြင်တွေ့လာနိုင်ပြီပေါ့။ အရမ်းကို အသုံးဝင်ပါတယ်။

** Replace **
ရေးထားတဲ့ စာလုံးကို double tap (or) long press နဲ့ select လုပ်လိုက်ရင် ပေါ်လာတဲ့ pop-up box လေးရဲ့ ဘယ်ဘက်ကို ဆွဲလိုက်ရင် Replace, BIU, Define ဆိုတာတွေ တွေ့လိမ့်မယ်။ Replace ကို နှိပ်လိုက်ရင် ကိုယ် ရေးထားတဲ့ စာလုံးနဲ့ ဆင်တူတဲ့ စာလုံးတွေ ပြပေးပါလိမ့်မယ်။ ကိုယ် ရေးထားတာ spelling မှားနေရင်လည်း spelling အမှန်ကို ပြပေးပါလိမ့်မယ်။ ဒါလည်း တော်တော့်ကို အသုံးဝင်ပါတယ်။


တစ်ခါတစ်လေမှာ အလောတကြီးနဲ့ lecture လိုက်နေရတာမျိုး၊ meeting minutes လိုက်နေရတာမျိုးလို ဦးနှောက်က စာထဲ၊ အလုပ်ထဲ အရမ်း အာရုံ ရောက်နေချိန်မှာ ဆင်တူရိုးမှား စာလုံးပေါင်းတွေကို ရုတ်တရက် စဉ်းစားမရတာမျိုး ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြတာမို့ ဒီ Replace ဆိုတဲ့ function လေးက ကျွန်တော်တို့ကို အများကြီး အထောက်အပံ့ ဖြစ်စေမှာပေါ့ ခင်ဗျာ။

** Define ** (This is AWESOME. Thank you Apple.)
Define ဆိုတော့ စာလုံးရဲ့ အဓိပ္ပါယ်ကို ရှာတာပေါ့။ ကိုယ် ရေးထားတဲ့ စာလုံး တစ်လုံးကို double tap (or) long press နဲ့ select လုပ်ပြီး ပေါ်လာတဲ့ pop-up box လေးရဲ့ ဘယ်ဘက်ကို ဆွဲလိုက်ပါ။ Define ဆိုတာကို နှိပ်လိုက်တာနဲ့ Dictionary ထဲ ရောက်သွားပါလိမ့်မယ်။ အဲ့ဒိ Dictionary က offline ပါ။ iOS built-in Dictionary ပါ။ Dictionary ထဲ ရောက်သွားရင် NEW OXFORD AMERICAN DICTIONARY နဲ့ APPLE DICTIONARY ဆိုပြီး နှစ်ခု တွေ့ပါလိမ့်မယ်။


အရင်ဆုံး APPLE DICTIONARY ထဲ ဝင်ကြည့်လိုက်ပါ။ APPLE DICTIONARY ကတော့ စာလုံး အဓိပ္ပါတယ်ကို လိုရင်းတိုရှင်း ပြောပြပေးထားပါတယ်။ ဖတ်ရတာ တိုတိုနဲ့ နားလည် လွယ်ပါတယ်။


ပိုပြီး ပြည့်စုံတာ ဖတ်ချင်ရင်တော့ NEW OXFORD AMERICAN DICTIONARY ထဲ ဝင်လိုက်ပါ။ ဒါကတော့ တကယ့် classic dictionary မျိုးပဲ ဖြစ်ပါတယ်။ phonetic တွေ၊ grammar တွေပါ ရှင်းပြထားပါတယ်။ စာလုံး တစ်လုံး တစ်လုံးကို အပြည့်အစုံ ရှင်းပြထားတဲ့ အတွက် စာမျက်နှာ သုံး-လေး မျက်နှာစာလောက် ဖြစ်နေတတ်ပါတယ်။ မကြိုက်သေးရင် Search Web လုပ်ပြီး ထပ်ရှာနိုင်ပါသေးတယ်။



built-in ပါပြီးသား NEW OXFORD AMERICAN DICTIONARY နဲ့ APPLE DICTIONARY နှစ်ခု အပြင် တခြား dictionary တွေကိုလည်း ထပ်ပြီး download ဆွဲနိုင်ပါသေးတယ်။ ကဲ.. မကောင်းလားဗျာ။ ဟန်ကို ကျလို့။ Dictionary ထဲမှာ ဘယ်ဘက် အောက် ထောင့်က Manage ကို နှိပ်လိုက်ရင် dictionary တွေ download ဆွဲတဲ့ထဲ ရောက်သွားပါလိမ့်မယ်။ download ဆွဲလို့ ရမယ့် dictionary တွေ မနည်းဘူးပဲ။


ဒီ Define ဆိုတဲ့ တစ်ချက်ဟာ တော်တော်ကြီးကို သာပါတယ်။ Apple ရဲ့ iOS Notes ကို ပြည့်စုံသွားစေပါတယ်။ Android built-in Notes app တွေ အတော်များများထက် iOS Notes ဟာ ပိုသာသွားတယ်၊ ရင်ဘောင် တန်းနိုင်လာတယ်လို့ ခံစားမိတာပါပဲ ခင်ဗျာ။

(အမှား ပြင်ဆင်ခြင်း)

(အမှား ပြင်ဆင်ခြင်း - Personal Hotspot)


ပထမ post ရေးတုန်းက အမှားလေး တစ်ခုကို ပြန်ပြင်ပါတယ် ခင်ဗျာ။ ကျွန်တော့် post တင်ပြီးပြီးချင်းမှာပဲ သူငယ်ချင်း တစ်ယောက် ပြောပြလို့ သိလိုက်ရတာပါ။ ပြောပြတဲ့ သူငယ်ချင်းကို ကျေးဇူး တင်ပါတယ်။
iOS 8 မှာ personal hotspot မပျောက်ပါဘူး။ ကျွန်တော် သေချာ မကြည့်မိလိုက်တာပါ။ ခါတိုင်းလိုပဲ mobile data (phone internet) ရဖို့ အတွက် cellular data ရဲ့ APN ကို ဖြည့်ပြီး ပြန်ထွက်လိုက်တော့ အောက်ကို ဆက်မကြည့်မိလိုက်ဘူးရယ်။ အရင် iOS တွေတုန်းကတော့ personal hotspot က ပေါ်နေပြီးသား ဖြစ်ခဲ့တာကိုး။ အခု iOS 8 မှာတော့ settings > cellular…. ရဲ့ အောက်ဆုံးမှာ personal hotspot ဆိုတာ ရှိပါတယ်။ personal hotspot ရဲ့ APN ထဲမှာ mptnet လို့ ဖြည့်လိုက်မှ အပြင်မှာ personal hotspot ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲ့ဒိတော့ ထုံးစံ အတိုင်း personal hotspot ထဲ ဝင်ပြီး password လေး ဘာလေး ပြောင်းပေါ့လေ။



ဒါပါပဲ ခင်ဗျာ။ အခုတော့ ဒီလောက်ပါပဲ။ နောက်လည်း ထပ်ပြီး တွေ့မိ၊ သိမိတာတွေ ရှိလာခဲ့မယ် ဆိုရင် ထပ်ပြီး update လုပ်ပါဦးမယ်။
.
.
.
.
လူ သင်္ခါရ။ ပစ္စည်း သင်္ခါရ။
နည်းပညာ အနန္တ။
PWK.
ဂယောင်ဂရင် ဖြိုး @ facebook
October 1, 2014. 10:48 PM.

Facebook group

Facebook page


Monday, 29 September 2014

iOS 8.0.2 quick review

"More than 90% of users (both iOS and Android) don't dive into SETTINGS deep enough. That's why preserve settings are very important. Apple knows it and does it right. But Android (OEMs) doesn't care yet."

ရက်ပိုင်း အတွင်းမှာတင် version သုံးခု ပြောင်းထွက်လာခဲ့တဲ့ iOS ကတော့ iOS ထုံးစံ အတိုင်း မငြိမ်ဘူးပေါ့။ ဘာပဲ ဖြစ်ဖြစ် တခြား feature တွေ မမက်ဘူး ဆိုရင်တောင်မှ (Andoird လို) 3rd party keyboard ပေးသွင်းလာတဲ့ iOS 8 က တင်စမ်းချင်စရာ ဖြစ်နေတယ်လေ။ အဲ့ဒါကြောင့် ဖြစ်ချင်တာ ဖြစ်လို့ စိတ် ဒုန်းဒုန်း ချပြီး iOS 8.0.2 ကို စမ်းတင်ကြည့်လိုက်ပါတယ်။ တင်ပြီးသွားတဲ့ အခါ စိုးရိမ်နေခဲ့မိသလောက် အခြေအနေ မဆိုးတဲ့ အတွက် ဝမ်းသာရပါတယ်။

ကျွန်တော်ကတော့ ကျွန်တော့် iPhone 5c မှာ တင်စမ်းထားတာပါ။ iPhone 5, 5s, 5c, 4s တွေ အလုံးပေါ် မူတည်ပြီး ရမယ့် effect တွေ ပြောင်းလဲသွားနိုင်ပါတယ်။ ကျွန်တော့် 5c ပေါ်မှာတော့ iOS 8.0.2 က အရင် iOS 7 series တွေထက် စာရင်....

(၁) နည်းနည်း ပိုမြန်လာတယ်။ (responses and renderings)
(၂) smooth နည်းနည်း ပိုဖြစ်လာတယ်။ (touches and swipes)
(၃) graphic သိသိသာသာ ပိုလှလာတယ်။ (transparent + adopted color)
(၄) battery life နည်းနည်း ပိုကောင်းလာတယ်။

.... ဆိုတဲ့ ကောင်းကျိုးတွေ ရှိသလိုပဲ ဆိုးကျိုးတွေ အနေနဲ့လည်း....

(၁) personal hotspot ပျောက်သွားပါတယ်။
(၂) videos app (built-in) ထဲမှာ 1920x1080 (1080p) video တွေ အတွက် thumbnail pic တွေက bug ဖြစ်ပြီး မပေါ်တော့ပါဘူး။
(၃) iTools, Tongbu တို့နဲ့ သီချင်းတွေ ထည့်ရင် တစ်ခါတစ်လေ ကြောင်ပြီး မဝင်ဘူး ဖြစ်နေတတ်ပါတယ်။
(၄) assistive touch (အဖြူရောင် အလုံးလေး) ရဲ့ ပထမဆုံး စာမျက်နှာမှာ မလိုအပ်တဲ့ noti center, control center တွေ ထည့်ထားတဲ့ အတွက် အရင် လေးခုကနေ အခု ခြောက်ခု ဖြစ်သွားတာကြောင့် area ကျဉ်းကျပ်သွားပြီး မှားမှားနှိပ်မိနေပါတယ်။

.... အဲ့ဒါလေးတွေကလည်း ဆိုးပါတယ်။ ဒီလိုပါပဲ။ အကောင်းနဲ့ အဆိုး အမြဲ တွဲနေတာပဲ မဟုတ်လား။

iOS 8 အပြောင်းအလဲမှာ သိသာထင်ရှားတာတွေကတော့....

(၁) Grayscale.


settings > general > accessibility.... ထဲမှာ တွေ့နိုင်ပါတယ်။ grayscale ကို on လိုက်ရင် color တွေ ပျောက်သွားပြီး အဖြူ အမည်းပဲ မြင်ရတော့မှာပါ။ battery အစား သက်သာသွားမှာပေါ့။ အရေးပေါ် အခြေအနေမှာ အသုံးဝင်နိုင်ပါတယ်။ Increase Contrast ကတော့ အရင်လို တစ်ကြောင်းတည်း မဟုတ်တော့ပဲ Reduce Transpareny, Darken Colors, Reduce White Point ဆိုပြီး သုံးကြောင်း ပေးထားပါတယ်။ ဒါပေမဲ့ ရလဒ်ကတော့ အတူတူ နီးပါးပါပဲ။ Reduce Transpareny ကို on လိုက်မယ် ဆိုရင်တော့ transparent blur ဖြစ်နေတဲ့ effect တွေ ပျောက်သွားမှာ ဖြစ်တဲ့ အတွက် သိပ်မလှတော့မှာ မဟုတ်ပါဘူး။

(၂) Battery usage.


iOS 7 တည်းက စပြီး iOS ဟာ ဟိုးအရင်လို တုံးတုံးကြီး မဟုတ်တော့ပဲ (Android ဆန်တဲ့) advance feature တွေ ပါဝင်လာတယ် ဆိုတာ အားလုံး သိပြီးသားပါ။ အခု iOS 8 မှာလည်း ပိုပြီး Android ဆန်လာတယ်လို့ ပြောချင်တာပါပဲ။ တစ်ချို့ function တွေက နည်းပညာ အရ အဆင့်မြင့်ပေမဲ့ user တွေ အတွက် သိပ်အသုံးမဝင်တာမျိုး၊ user တွေ စိတ်မဝင်စားတာမျိုး ဖြစ်နေတတ်ပါတယ်။ ဒီ battery usage/status ဆိုတာကိုလည်း Android မှာ ဟိုးအရင် အစတည်းက ပြထားခဲ့ပေမဲ့၊ ပါဝင်နေပေမဲ့ ဘယ် Android user ကမှ နေ့စဉ်သုံး သာမန် အခြေအနေတွေမှာ (ငါ့ phone battery ကို ဘယ် apps တွေက စားနေတာလဲ၊ ဘာလဲ ညာလဲ) ဆိုပြီး စိတ်ဝင်တစားနဲ့ မကြာခဏ ဝင်ဝင်ကြည့်တာမျိုး၊ စောင့်ကြည့်နေတာမျိုး မလုပ်ကြပါဘူး။ phone က ဘာမှ သိပ်မသုံးပဲနဲ့ အရမ်းကို battery အကုန် မြန်နေတော့မှသာ ဘယ် apps တွေကို ရှင်းထုတ်ပစ်ရမလဲ သိချင်လို့ ဝင်ကြည့်ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီ battery usage ကို တွက်ချက် ပြထားတဲ့ function ဟာ user အများစု အတွက် သိပ်အသုံးမဝင်ပါဘူး။ အခု iOS 8 မှာတော့ အဲ့ဒိလို battery usage ကို ကြည့်လို့ ရသွားပါပြီ။ ဘယ်သူမှတော့ ဂရုတစိုက် ဝင်ဝင်ကြည့်နေလိမ့်မယ် မထင်ပါဘူး။

(၃) Tips (built-in app)


Android phone/tablet တွေမှာ Helps ဆိုတဲ့ user guide line သဘောမျိုး phone/tablet အသုံးပြုပုံ အကြောင်းတွေ ရှင်းပြထားတာ အမြဲ ပါပါတယ်။ Android ဟာ ရှုတ်ထွေးတဲ့ အတွက် သုံးရ ခက်ပါတယ်။ user friendly မဖြစ်တဲ့ အတွက် user တွေ သုံးတတ်လာအောင် ဘာက ဘာ အတွက်၊ ဘာ လုပ်လိုက်ရင် ဘာ ဖြစ်တယ် ဆိုတာတွေ လမ်းညွှန်ပေးနေရတာပေါ့။ Android ထက် စာရင် အရမ်း အရမ်းကို user friendly ဖြစ်တဲ့၊ သုံးရတာ ရိုးရှင်း လွယ်ကူတဲ့ iOS မှာတော့ iOS သက်တမ်း တစ်လျှောက် အဲ့လို guide line မျိုး လုံးဝ မပါခဲ့ပေမဲ့ အခု iOS 8 မှာမှ (လိုလည်း မလိုပဲနဲ့ ဘာ ကြောင်နေလဲ မသိဘူး) Tips ဆိုတာလေး တစ်ခုကို built-in app အနေနဲ့ ထည့်ပေးထားပါတယ်။ ဝင်ကြည့်လိုက်တော့လည်း ဘာမှ မယ်မယ်ရရ မရှိပါဘူး။ iOS 8 မှာ အသစ် ပါဝင်လာတဲ့ feature ဆယ်မျိုးကို ရေးပြထားတာပါပဲ။ အဲ့ဒိ Tips ကို ဝင်မကြည့်ပဲနဲ့လည်း သိနေနိုင်တဲ့ feature တွေပါ။ ဥပမာ.. camera မှာ timer ပါလာတာမျိုးပေါ့။ timer icon လေး တွေ့နေမှတော့ timer မှန်း သိကြမှာပဲလေ။ Tips app ထဲ ဝင်ဖတ်ကြည့်နေစရာမှ မလိုတာ။

(၄) Health (built-in app)
ဒါလေးကလည်း ကိုယ့် ကျန်းမာရေး အခြေအနေကို နေ့စဉ် မှတ်တမ်း တင်ထားနိုင်တဲ့ app တစ်ခုပါပဲ။ ကောင်းပါတယ်။ သုံးစ မရှိသေးလို့ ရှုတ်ထွေးသလို ဖြစ်နေပေမဲ့လည်း သုံးရင်း သုံးရင်းနဲ့ နားလည်လာ၊ ကျွမ်းဝင်လာတဲ့ အခါ အကျိုး ရှိလာနိုင်ပါတယ်။ ဟိုးအရင် ကျွန်တော်တို့ အဖေတွေ၊ အမေတွေ ခေတ်တုန်းက ဒိုင်ယာရီ စာအုပ်လေးထဲ ရေးမှတ်ထားကြသလိုပေါ့။ အခု ခေတ်မှာတော့ mobile တွေဟာ အများကြီး အဆင့်မြင့်လာ၊ အသုံးတည့်လာကြပါပြီ။ ကမ္ဘာကြီးကို ပြောင်းလဲပေးနိုင်တာ နည်းပညာပါပဲ။

(၅) Camera (Time lapse, Timer)


Time lapse ဆိုတာကတော့ တကယ့် professional camera တွေနဲ့ star tray, light tray ရိုက်သလိုမျိုး ခပ်ဆင်ဆင် ရိုက်ကူးနိုင်မယ့် video recording ဖြစ်ပါတယ်။ ဖုန်းကို တစ်နေရာရာမှာ ငြိမ်အောင် အလျားလိုက် ဖြစ်ဖြစ်၊ ဒေါင်လိုက် ဖြစ်ဖြစ် ထောင်ထားပြီး မြင်ကွင်း တစ်ခုတည်းကိုပဲ အသေ ရိုက်တဲ့ အခါ ဆယ်မိနစ်စာကို စက္ကန့် ၂၀ လောက်ပဲ ကြာအောင် အမြန် ရစ်ပြတဲ့ feature တစ်ခုပါ။

ဥပမာ.... ကျွန်တော်တို့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင် ထိုင်တဲ့ အခါ တစ်နာရီ၊ နှစ်နာရီ ကြာတတ်ပါတယ်။ လက်ဖက်ရည်ဆိုင် စထိုင်တာနဲ့ iPhone ကို မလှုပ်အောင် ထောင်ထားပြီး လမ်းမဘက်က မြင်ကွင်းကို time lapse နဲ့ တစ်နာရီ ကြာအောင် ရိုက်ထားမယ်။ ရိုက်ထားတာကို ပြန်ကြည့်တဲ့ အခါ တစ်နာရီစာလောက် ကားတွေ၊ လူတွေ ဖြတ်သွားတာကို စက္ကန့် ၃၀ စာလောက်ပဲ ကြာအောင် အမြန်ကြီး ပြတာကို တွေ့ရပါလိမ့်မယ်။ အသုံးလည်း ဝင်ပါတယ်။ ကလိလို့လည်း ကောင်းပါတယ်။ အလှူတို့၊ မင်္ဂလာဆောင်တို့လို့ ပွဲတွေမှာ အပျော် သဘော မှတ်တမ်းတင်ထားလို့ ကောင်းတာပေါ့။ time lapse ရဲ့ တွက်ချက်ပုံကတော့ အောက်က အတိုင်းပဲ ဖြစ်ပါတယ်ဗျာ။


(၆) Better and smarter UI (Graphic effects)
(ဒီထဲက တစ်ချို့ အချက်တွေကတော့ အရင် 7.1 တည်းက ပြောင်းနေတာလား မသိဘူး။ ကျွန်တော်က 7.0.3 ကနေ တစ်ခါတည်း 8.0.2 တင်လိုက်တာ ဆိုတော့ 7.1 အပြောင်းအလဲကိုတော့ မသိလိုက်ဘူးရယ်။)
iOS 7 မှာတည်းက transparent တွေ၊ adopted color တွေ သုံးလာခဲ့တာကို အခု iOS 8 မှာ ပိုပြီး လှသွားအောင်၊ ရုပ် ကြွလာအောင် အဆင့်မြင့်ထားပါတယ်။ user interface (UI) အနေနဲ့လည်း ပိုလှလာအောင်လို့ တစ်ချို့ icon လေးတွေနဲ့ အစားထိုး ပြောင်းလဲပေးထားပါတယ်။ ဘာတွေ ပြောင်းလဲသွားမလဲ / ပိုကောင်းလာမလဲ ဆိုတော့....

- Power off လုပ်တဲ့ အခါ ပုံစံ ပြောင်းသွားပါတယ်။ နောက်ခံ wallpaper ကို blur effect နဲ့ မြင်နေရပြီး အရင်က cancel ဆိုတဲ့ နေရာမှာ အမှားခြစ်လေးပဲ ပြထားတော့ ပိုရှင်းသွားပါတယ်။ slide to power off ရဲ့ icon လေးလည်း ပြောင်းသွားပါတယ်။


- lock screen မှာ တင်ထားတဲ့ wallpaper ရဲ့ အဓိက အရောင်ကို adopted color လုပ်ရုံတင် မကပဲ transparent ပါ ဖြစ်စေတဲ့ အတွက် passcode lock ရိုက်တဲ့ နေရာဟာ သိသိသာသာ ပိုလှလာပါတယ်။ lock screen ပေါ်မှာ ပြတဲ့ facebook, message တို့လို noti တွေ တက်တဲ့ အခါမှာလည်း အရင်လို နောက်ခံက အရောင် တစ်မျိုးတည်း မဟုတ်တော့ပဲ တင်ထားတဲ့ lock screen wallpaper အလိုက် transparent ဖြစ်နေပါတယ်။ သီချင်း ဖွင့်ထားရင်း screen lock လုပ်လိုက်ပြီး ပြန်ဖွင့်တဲ့ အခါ lock screen မှာ ပြပေးတဲ့ music မှာလည်း lock screen wallpaper ပြောင်းရင် ပြောင်းသလို transparent blur အနေနဲ့ ပြောင်းပြောင်းသွားပါတယ်။ song မှာ embedded album art ပုံ ပါနေမယ် ဆိုရင်တော့ lock screen wallpaper ရဲ့ transparent blur effect ကို ကောင်းကောင်း မြင်နေရမှာ မဟုတ်ပါဘူး။



- action center ရဲ့ ပုံစံဟာ icon လေးတွေ အဖွင့် / အပိတ် ပိုပြီး ထင်ထင်ရှားရှား ဖြစ်လာတဲ့ အပြင် နောက်ခံ wallpaper နဲ့ app icon တွေပေါ် မူတည်ပြီး color adaption နဲ့ transparent ဖြစ်နေတာကြောင့် အရမ်းကို လှပါတယ်။


- noti center လည်း အရင်ကလို သုံးကန့် မဟုတ်တော့ပဲ၊ နှစ်ကန့်တည်း ဖြစ်သွားလို့ ပိုပြီး ရှင်းရှင်းလင်းလင်း ဖြစ်လာပါတယ်။ ပိုကောင်းမွန်လာတဲ့ color adaption နဲ့ transparent blur effect တွေကြောင့် ပိုပြီး ရုပ် ကြွလာပါတယ်။


- အရင် iOS တွေတုန်းက iBooks ဟာ built-in app မဟုတ်ခဲ့ပဲ အခု iOS 8 မှာ built-in app အနေနဲ့ ပါဝင်လာတဲ့ iBooks ရဲ့ bookshelf background မှာတောင် home screen wallpaper ပေါ် မူတည်ပြီး color adaption ဖြစ်နေပါတယ်။ home screen wallpaper က အဝါရောင် များရင် iBooks bookshelf ရဲ့ အရောင်ကလည်း အဝါရောင် သန်းနေပြီး၊ home screen wallpaper က ငွေရောင် များနေမယ် ဆိုရင်တော့ iBooks bookshelf ကလည်း ငွေရောင်လေး သန်းနေမှာ ဖြစ်ပါတယ်။ အရမ်းကို လှပါတယ်။ နောက်ဆိုရင် iBooks တစ်ခုတည်းတင် အဲ့လို ဖြစ်တာ မဟုတ်တော့ပဲ settings, clock, calendar, reminder, notes, calculator စတဲ့ app တွေပါ home screen wallpaper ရဲ့ color adaption ကို ရလာကြမယ်လို့ မျှော်လင့်နေမိပါတယ်။


- video ကြည့်ရင်တောင် vol up/down, forward, backward, done ဆိုတာတွေ ပြပေးတဲ့ အပေါ်၊ အောက် ဘားတန်းက transparent blur effect ဖြစ်နေပါတယ်။ ကြည့်နေတဲ့ video ထဲက ပြကွက်တွေ အလိုက် blur effect လှလှလေး ဖြစ်နေတာပေါ့ဗျာ။ မိုက်၏။


- assistive touch အဖြူရောင် အလုံးလေးကလည်း home screen, lock screen, in apps ဘယ်နေရာမှာပဲ ဖွင့်ဖွင့် နောက်ခံကို transparent blur ဖြစ်နေတဲ့ အတွက် ပို ရုပ်ကြွလာပါတယ်။

.... အဲ့ဒိလို UI အပြောင်းအလဲလေးတွေကလည်း user တွေ အတွက် သုံးရတာ ပိုပြီး လှလှပပ၊ ကြွကြွရွရွ ဖြစ်လာစေပါတယ်။ ကောင်းပါတယ်။

(၇) Photos


iOS 8 ရဲ့ Photos app ကို အပြောင်းအလဲ လုပ်ထားပါတယ်။ အရင်လို camera roll ဆိုတာ မပါတော့ပဲ recently added နဲ့ recently deleted ဆိုပြီး ဖြစ်လာပါတယ်။ သိပ်တော့ အသုံး မဝင်ပါဘူး။ PC, MAC တွေမှာ recycle bin အမှိုက်ပုံး ပါသလို ဖြစ်လာတာပါပဲ။ Recently added ကတော့ အရင် camera roll ပါ။ Recently deleted ကတော့ အသစ် ပါလာတဲ့ feature ဖြစ်ပြီး ကျွန်တော်တို့ ဖျက်လိုက်တဲ့ ပုံတွေကို ရက် ၃၀ ထိ ခဏ သိမ်းထားပေးပါတယ်။ ရက် ၃၀ ကျော်ရင်တော့ auto delete လုပ်ပါတယ်။ ဖျက်ထားတဲ့ ပုံတွေကို ပြန်ယူချင်ရင် recover လုပ်လို့ ရပါတယ်။ ရက် ၃၀ auto delete မဟုတ်ပဲ ကိုယ့်ဟာ ကိုယ် ဝင်ဖျက်လို့ (delete လုပ်လို့) ရပါတယ်။ အဲ့လို ကိုယ်တိုင် Recently deleted folder ထဲက photo တွေကို delete လုပ်ပြီးသွားပြီ ဆိုရင်တော့ ပုံတွေက phone ထဲမှာ မရှိတော့ပါဘူး။ recover ပြန်လုပ်လို့ မရတော့ပါဘူး။ ဒီ feature အသစ်လေးကလည်း သိပ် အသုံးဝင်မယ် မထင်ပါဘူး။


Favorite ဆိုတဲ့ folder လေး တစ်ခုလည်း တိုးလာပါတယ်။ ကိုယ် အကြိုက်ဆုံး ပုံတွေကို တစ်ပုံချင်းစီ ကြည့်ရင်း အသည်းပုံ icon လေး နှိပ်လိုက်ရင် အဲ့ဒိ ပုံတွေက Favorite folder ထဲ ရောက်သွားပါလိမ့်မယ်။ multiple select လုပ်လို့တော့ မရပါဘူး။ တစ်ပုံချင်းစီ ကြည့်ပြီး အသည်းပုံ icon လေး နှိပ်နေမှပဲ ရပါမယ်။ ဒီ feature လေးကတော့ ကိုယ့် အကြိုက်ဆုံး ပုံတွေကို သတ်သတ် စုထားလို့ ရမယ့် အတွက် အသုံးဝင်ပါလိမ့်မယ်။



(၈) Keyboard
iOS 8 မှာ built-in keyboard ကိုလည်း နည်းနည်း ပြောင်းလဲထားတဲ့ အပြင် 3rd party keyboard တွေကိုလည်း ပေးသွင်းလာပါပြီ။ Apple က သူတို့ရဲ့ အချုပ်အချယ်၊ အကန့်အသတ်တွေကို လျှော့ချလာပေးတဲ့ သဘောပါပဲ။ သူ့ keyboard ကို မကြိုက်ရင် ကိုယ့် အတွက် အဆင်ပြေမယ့် keyboard ကို သုံးနိုင်လာတာပေါ့။ ကျွန်တော်တို့ အတွက်တော့ မြန်မာ keyboard တွေ သုံးလာနိုင်တော့မှာ ဖြစ်တဲ့ အတွက် အရမ်း အရမ်းကို ကောင်းသွားပါပြီ။


built-in keyboard မှာတော့ predictive ဆိုတဲ့ feature အသစ် ပါလာပါတယ်။ Android keyboard လို word suggestion လုပ်တဲ့ feature ဖြစ်ပါတယ်။ Android မှာတော့ ရိုးနေပြီ ဖြစ်ပေမဲ့ iOS မှာတော့ အသစ်အဆန်းကြီးပေါ့လေ။ ကိုယ် ရိုက်နေကျ အသုံး များတဲ့ စာလုံးတွေကို keyboard က မှတ်ထားပြီး ရိုက်နေတဲ့ စာလုံး မပြီးခင်မှာ keyboard ရဲ့ အပေါ်ဆုံးကနေ ဘားတန်း တစ်ခုနဲ့ ပြပေးတဲ့ အတွက် အဲ့ဒိ စာလုံးကို နှိပ်လိုက်ရင် စာ ရိုက်ပြီးသား ဖြစ်သွားပါတယ်။ စာ ရိုက်ရတာ နည်းနည်း ပိုမြန်လာမှာပေါ့နော်။


အဲ့ဒိ predictive ဘားတန်းကို မလိုချင်ရင် ပိတ်တဲ့ နည်း နှစ်နည်း ရှိပါတယ်။ တစ်နည်းက အဲ့ဒိ predictive ဘားတန်းကို အောက် ဆွဲချပြီး hide လုပ်လိုက်တာပါ။ ပြန်ဖော်ချင်ရင် ဘားတုံးလေးကို ပြန်ဆွဲတင်လိုက်ရုံပါပဲ။ နောက် တစ်နည်းကတော့ keyboard layout ပြောင်းတဲ့ ကမ္ဘာလုံးလေးကို ဖိထားပြီး Predictive ဆိုတဲ့ switch ကို off လုပ်လိုက်တာပါပဲ။ Predictive ဘားတန်းလေး လုံးဝ ပျောက်သွားပါလိမ့်မယ်။ ပြန်ဖော်ချင်ရင် ပြန် on ပေးလိုက်ပေါ့။ settings > generals > keyboard ထဲမှာလည်း Predictive ကို on/off လုပ်လို့ ရပါတယ်။ ဒီ feature ကလည်း သုံးချင် သုံးလို့ ရပေမဲ့ သိပ်တော့ သုံးဖြစ်ကြမယ် မထင်ပါဘူး။


မြန်မာစာ ရေးချင်ရင် အခု လောလောဆယ်မှာ TTKeyboard ကို သုံးနိုင်ပါတယ်။ မြန်မာစာ ဖတ်ချင်ရင် အောက်မှာ ပေးထားတဲ့ link နှစ်ခုထဲက တစ်ခုကို Safari ကနေ ဝင်သွင်းပါ။ အများစုက Zawgyi ကိုပဲ သွင်းကြပါတယ်။ Unicode ကတော့ မသုံးသလောက်ကို နည်းပါတယ်။ Unicode သွင်းလိုက်ရင်တော့ system language ပြောင်းလို့ ရပါတယ်။ settings > generals > language & region > iPhone language…. ထဲ ဝင်ပြီး မြန်မာစာ ပြောင်းလိုက်ရင် တစ်ချို့ နေရာတွေမှာ မြန်မာလို မြင်ရမှာ ဖြစ်ပါတယ်။ ဥပမာ.... Calendar ။ Unicode သွင်းလိုက်ရင် Zawgyi နဲ့ ရေးထားတာတွေကို ဖတ်လို့ ရတော့မှာ မဟုတ်ပါဘူး။

Zawgyi
http://t.co/WM70j6av69

Unicode
http://t.co/kMrWwgdsBO

Safari မှာ မြန်မာစာ မမြင်ရရင် အရင် iOS 7 တုန်းကလိုပဲ Zawgyi force ဆိုတဲ့ bookmark တစ်ခု လုပ်ရပါမယ်။ လုပ်နည်းကတော့….

- Safari မှာ google.com ကို ဖွင့်ပါ။ (ဘာ address ဖွင့်ဖွင့် ရပါတယ်။ google က ဖွင့်ရတာ မြန်လို့။)

- အောက်က icon သုံးခုမှာ ဘယ်ဘက်က အပေါ် မြှား ပြထားတဲ့ လေးထောင့်ပုံကို နှိပ်ပါ။

- Add Bookmark ကို နှိပ်ပါ။

- Google ဆိုတဲ့ နာမည် နေရာမှာ Zawgyi force လို့ ပြောင်းရေးပေးပါ။

- Location က Bookmarks ဖြစ်နေရပါ့မယ်။

- Save လုပ်လိုက်ပါ။ (မပြီးသေးပါဘူး။)

- အောက်က icon သုံးခုမှာ အလယ်က စာအုပ်ပုံလေးကို နှိပ်လိုက်ပါ။

- ညာဘက် အောက် ထောင့်က Edit ကို နှိပ်ပြီး ခုန လုပ်လိုက်တဲ့ Zawgyi force ကို နှိပ်ပါ။ နာမည် အောက်မှာ Address ရှိပါတယ်။ အဲ့ဒါကို ပြောင်းပေးရပါမယ်။

javascript:(function () {var css = document.createElement("style");css.type = "text/css"; css.innerHTML = "body,html,p,textarea,input,* {font-family: 'Zawgyi-One' !important}";document.body.appendChild(css); for (k = 0; k < document.getElementsByTagName('frame').length; k++) { document.getElementsByTagName('frame')[k].contentDocument.body.appendChild(css);} })();

အဲ့ဒိ script တွေကို အကုန် copy လုပ်ပြီး address ထဲ ထည့်ပေးရပါမယ်။ (address ထဲမှာ ရှိပြီးသား link ကို ကြက်ခြေခတ် အမှားလေး နှိပ်ပြီး ဖျက်ပစ်ပြီးမှ ကူးထားတဲ့ script တွေကို paste လုပ်ပေးရမှာပါ။) ပြီးရင် done နှိပ်လိုက်ပါ။ ပြီးပါပြီ။ မြန်မာစာ မပေါ်တဲ့ site တွေ တွေ့ရင် bookmark ထဲက Zawgyi force ကို ရွေးပေးလိုက်ပါ။ မြန်မာစာတွေ ပေါ်လာပါလိမ့်မယ်။
(Credit to Myanmar developers)

(၉) Enable LTE


Cellular data (phone internet) အဖွင့် အပိတ် လုပ်တဲ့ နေရာမှာ အရင်လို 3G မပါတော့ပဲ LTE ဆိုတာ ပါလာပါတယ်။ အဲ့ဒိတော့ Cellular data ကို on လိုက်တာနဲ့ တစ်ခါတည်း 3G တန်းဖြစ်သွားပါတယ်။ LTE ကို off ထားပေမဲ့လည်း 3G ဖြစ်နေပါတယ်။ သူတို့က LTE ကို on ထားရင် speed ပိုမြန်လာမယ် ပြောထားလို့ LTE ကို on ပြီး စမ်းကြည့်ပေမဲ့ ကျွန်တော်တို့ connection နဲ့ကတော့ ဘာမှ ထူးခြားတာ မတွေ့ရပါဘူး။ တခြား နိုင်ငံမှာတော့ ထူးခြားကောင်း ထူးခြားနိုင်ပါတယ်။

(၁၀) Full screen caller id photo is back. (Yeah !!)


ဒီ feature က iOS 7 မှာ ကျွန်တော် အကြိုက်ဆုံး တစ်ခုပါပဲ။ iOS 7.0.3/4 ထိ ပါနေခဲ့ပြီးမှ 7.1 အရောက်မှာ bug ဖြစ်ပြီး ပျောက်သွားခဲ့တဲ့ feature ဖြစ်ပါတယ်။ အခု iOS 8 မှာ ပြန်ပါလာပါပြီ။ Phone call income ဝင်လာတဲ့ အခါ contact ထဲ ထည့်ထားတဲ့ photo ကို screen အပြည့် ပြပေးတဲ့ feature ဖြစ်ပါတယ်။ အရမ်းကို လှပါတယ်။ ဖုန်း ဝင်လာရင် နာမည် ရေးထားတဲ့ စာလုံး သေးသေးလေးတွေကိုလည်း လိုက်ဖတ်နေစရာ မလိုတော့ဘူးပေါ့။ ဒါပေမဲ့ အဲ့လို full screen caller id photo ပေါ်စေချင်ရင် contact ထဲ ထည့်မယ့် photo က resolution မြင့်ရပါမယ်။ resolution နည်းနေရင်တော့ full screen ပြပေးမှာ မဟုတ်ပဲ contact ထဲမှာလို အဝိုင်း သေးသေးလေးပဲ မြင်ရမှာပါ။


contact photo ကို အနည်းဆုံး 1200x600 လောက် ပုံတွေ ထည့်သင့်ပါတယ်။ ဒါမှ ရုပ်ထွက် ကောင်းကောင်း မြင်ရမှာပါ။ ဥပမာ.. ကိုယ့် သူငယ်ချင်း တစ်ယောက်ရဲ့ ဖုန်းနံပါတ်ကို add contact လုပ်ပြီးသွားရင် သူ့ကို phone camera နဲ့ ရိုက်ရင် ဖြစ်ဖြစ်၊ facebook profile ကနေ save image ဖြစ်ဖြစ် လုပ်ပြီး contact > edit > photo နေရာလေးရဲ့ အောက်က > edit > choose photo.. မှာ သူ့ ပုံကို ထည့်ထားလိုက်ရင် သူက ကိုယ့်ကို ဖုန်း ခေါ်လာတဲ့ အခါ သူ့ ပုံက full screen ပေါ်လာမှာပါ။ Photos gallery ထဲကနေလည်း photo တွေ ကြည့်နေရင်း ကြိုက်တဲ့ ပုံရဲ့ ဘယ်ဘက် အောက်ထောင့်မှာ အပေါ် မြှား ပြထားတဲ့ လေးထောင့်ပုံလေးကို နှိပ်ပြီး assign to contact လုပ်လို့ ရပါတယ်။

(၁၁) Notification center widgets. (WOWW !!)


ဒီ feature ကလည်း iOS 8 ရဲ့ အလန်း တစ်ခုပါပဲ။ noti center မှာ Apple built-in ပါပြီးသား Date, Weather, Calender (timeline view), Reminders, Stocks တွေ အပြင် 3rd party widget app တွေ သွင်းပြီး noti center မှာ တင်ထားလို့ ရသွားပါပြီ။ ကျွန်တော် စမ်းဖြစ်တဲ့ app ကတော့ WDGTS ဖြစ်ပါတယ်။ WDGTS မှာ Calculator, Calender (month view), Currency converter, Photo frame (only 2 photo slide show in free version and premium version may contain more photos), Time zones တွေ ပါပါတယ်။

WDGTS ကို install ပြီးသွားရင် noti center ကို ဆွဲချလိုက်ပါ။ အောက်ဆုံးမှာ တွေ့မယ့် Edit ကို နှိပ်ပါ။ noti center မှာ add/remove လုပ်လို့ ရမယ့် widgets list ပေါ်လာပါလိမ့်မယ်။ ကိုယ် ကြိုက်တဲ့ widgets တွေကို တင်ထားနိုင်ပါတယ်။ widget တွေရဲ့ နေရာကို အပေါ် အောက် အစီအစဉ် ပြောင်းထားနိုင်ပါတယ်။ widgets သီးသန့် app မဟုတ်ပဲ camera360 လို app မျိုးကလည်း noti center မှာ သူ့ camera widget တင်ထားနိုင်အောင် လုပ်ပေးထားတာကို တွေ့ရပါတယ်။ နောက်ဆို app တွေက အဲ့လိုပဲ noti center widget ဖြစ်အောင် ရေးလာကြမယ် ထင်ပါတယ်။




ဒီ feature က တကယ်ကော အသုံးဝင်ရဲ့လားလို့ မေးရင် အသုံးမဝင်သေးဘူး လို့ပဲ ဖြေရမှာပါ။ Android နဲ့ ပိုပိုဆင်တူလာတဲ့ iOS ဟာ Android ရဲ့ home screen မှာ widgets တင်သုံးလို့ ရသလိုမျိုး noti center widget ကို လုပ်ထားတာပါပဲ။ iOS ရဲ့ widget တွေက အခုမှ အစပဲ ရှိသေးတဲ့ အတွက် သိပ်စုံဦးမှာ မဟုတ်သေးပါဘူး။ နောက်ပိုင်းဆို WDGTS လို app တွေ အများကြီး ထွက်လာပြီး ပိုပြီး အသုံးဝင်မယ့် widgets တွေ ဖြစ်လာပါလိမ့်မယ်။ ဒီ feature က လန်းပေမဲ့လည်း လောလောဆယ်မှာတော့ အသုံးမတည့်လှသေးပါဘူး။


ကျွန်တော် သတိထား စမ်းမိတဲ့ iOS 8.0.2 အပြောင်းအလဲတွေကတော့ ဒီလောက်ပါပဲ။ ကျွန်တော် မသိတာ၊ မေ့နေတာတွေလည်း ရှိဦးမှာပါ။ တခြား feature တွေ ဖြစ်တဲ့ pop up message reply တို့၊ voice mail message (swipe up) တို့ကတော့ Apple ရဲ့ ကြေငြာတွေထဲမှာ ခဏ ခဏ တွေ့နေကြရလို့ အားလုံး သိပြီးသား ဖြစ်မှာပါ။ Apple product app တွေ ဖြစ်တဲ့ Pages, Number, iMovie တွေလည်း အရင် 5s, iPad Air, iPad mini 2 တွေမှာတင် မဟုတ်ပဲ iOS 8 တင်လို့ ရတဲ့ iDevice အားလုံးမှာ free ပေးနေပါပြီ။ လူသုံး အရမ်း နည်းတဲ့ app တွေမို့ free ပေးချလိုက်တာလည်း ဖြစ်မှာပါ။ ထူးဆန်းတာ တစ်ခု အနေနဲ့ iPhoto ဆိုတဲ့ app ကို itunes app store (Singapore) မှာ လုံးဝ ရှာလို့ မတွေ့တော့ပါဘူး။

အားလုံး ချုပ်ပြောရရင်တော့ iOS 8 ဟာ 7 ထက် သိသိသာသာ ပိုကောင်းလာပါကြောင်း….


လူ သင်္ခါရ။ ပစ္စည်း သင်္ခါရ။
နည်းပညာ အနန္တ။
PWK.
ဂယောင်ဂရင် ဖြိုး @ facebook
September 29, 2014. 8:21 PM.

Facebook group
https://www.facebook.com/groups/513079698764647/

Facebook page
https://www.facebook.com/pages/Future-for-smartphones/224468341029838