FFSPG

FFSPG
Showing posts with label Android. Show all posts
Showing posts with label Android. Show all posts

Wednesday, 26 October 2016

Y610-U00 Deadtoot & Logo ရပ်​ကို Mi Flash tool ဖြင့်​ဖန်​ဝဲတင်​နည်း





 Qualcomm Chipsets သုံးထားတဲ့ Huawei Y610-UOO  ဖုန်းကို
 Logo ရပ်​အ​နေထားနဲ့ Deadboot ဖြစ်​​နေတဲ့ ဖုန်း​တွေမှာ အသုံးပြုနိုင်​ပါတယ်



 လိုအပ်တဲ့ဖိုင်များကိုအောက်မှာ download ဆွဲပါ

 miflashtool (2015108) ကို​ဒေါင်း​ပါ
http://xiaomitips.com/download/miui-rom-flashing-tool/

PC မှာ install လုပ်​ပါ message box ​ပေါ်လာရင်​ install anyway ပဲနိုပ်​ပါ


  qualcomm driver သွင်းပါ


Qualcomm Driver x32
https://my.pcloud.com/publink/show?code=XZb5TMZ14xYh81e5z0M5owi3NJLTQY6bjBk#

Qualcomm Driver x64
https://my.pcloud.com/publink/show?code=XZgJTMZQUTUoIih0NBuzPPkTERnVB66HnU7




  y610 driver သွင်း​ပေးပါ
          https://my.pcloud.com/publink/show?code=vhHctalK



Y610 Miflash firmware (368-25mb)
 http://d-h.st/BrK7

Password - htetrkar

Credit  - Htetrkar


 Y610-U00 miflash firmware ကို 7zip ဖိုင်ဖြည်ပါ ဖိုင်​အဝါ​လေးရသည်​ထိ




Desktop ​ပေါ်မှ Mi flashtool ကိုဖွင့်ပါ

Brower ကို ဖွင့်ပြီး Y610-U00ဖန်​ဝဲ ဖြည်​ထားတဲ့ ဖိုင်​အဝါ​လေး​ရွေးပါ


Qualcomm mode အဆင်​​ပြေသလိုဝင်​ပါ

Adb comment

adb devices
adb reboot edl

Mi jip သုံးပြီးဝင်​နိုင်​ပါတယ်
ခလုတ်​နိုပ်​ကြိုးထိုး ၇စက္ကန့်​ ​ရေတွက်​ပြီး
လွတ်​လိုက်​ပါ



မရရင်​ စက်​ဖွင့်​ပြီး usb ကြိုးထိုး testpoint ​ထောက်​ပါ

Devices manager က​နေကြည့်​ပါ Qualcomm mode ဝင်​သွားတာမြင်​ရမှာပါ



Credit - image


port မှာ qualcomm Hs-usb 9008 mode ၀င်ရင်

Mi flash မှ refresh ကို နှိပ်ပါ

com port ​လေး​ပေါ်လာပါပြီ
 မှာသိပြီဆို flash all ကိုရွေးပြီး Flash ပါ

အစိမ်းေ၇ာင်တန်းလေးပြည့်သွားပြီး complete ပြရင်​ကြိုးဖြုတ်



Battery တပ်​ ပါဝါဖွင့်​ကြည့်​ပါ :-)

Logo မှာကြာ​နေရင်
Recovery ဝင်​ပြီး cacheရှင်းပြီး format ရိုက်​​ပေးပါ...

မှီညှမ်းပိုစ် -့​ ကို​ဝေဖြိုး


Thank For All
DYM7






Monday, 17 October 2016

Fifa14 update 2016 Full Unlocked (Offline) v1.3.6




Fifa14 ကို 2016 update ​လေးပါ

Unlock လုပ်​ပြီးသား တန်းကန်​ယုံပါပဲ
Master league, Cup,Kick off
ကစားနိုင်​မှာပါ ...
2016 လူစာရင်းနဲ့ပါ ...
10-10-2016 ကထွက်​တာဖြစ်​ပြီး
V1.3.6 ဗားရှင်း​ပေါ်မှာ mod ထားတာပါ
Offline ကစားနိုင်​မှာပါ

Fifa14 ကိုကစားဖို့ ဖုန်းမှာ 3gb ​လောက်​​နေရာ လွတ်​ချန်​ထား​ပေးရမှာပါ...

ဂိမ်းဆိုက်​က​တော့ 1gb ​ကျော်​​​လေးပါ ...




Mega apk ဖုန်းမှာသွင်းထားဖို့လိုပါတယ်​ အ​ကောင့်​မရှိရင်​ဖွင့်​ထားပါ
ဂိမ်း​တော့များများဆိုက်​ကြီးရင်​ mega အ​ကောင့်​ကတင်​​ပေးတာများပါတယ်

Mega (အ​ကောင့်​ဖွင့်​ပြီး​ဒေါင်းဖို့)
http://www45.zippyshare.com/v/N6jO01xH/file.html
#link credit
ဂိမ်းလင့်​ကိုဝင်​ပြီး mega အ​ကောင့်​နဲ့ ချိတ်​ဆက်​သွားပြီးဆို ​ဒေါင်းလို့ရပါပြီ


အောက်​မှာ Apk,obb,data သုံးခု​ဒေါင်းပါ


Apk v1.3.6
https://mega.nz/#!I4V0wQLI!ADp851apbB-bXmfghnwEJqDUhJ9ClqRGBd_se8Pgwks

Obb
https://mega.nz/#!pM5lwJIC!GYOz0-1EZQbMzY-zy2yzRab9ss5Xf0gOgQ4b_4HPV_A

Data
https://mega.nz/#!idoUTSbI!4H8vD3Upq9h6V_0l91c_M9xYKN8M2qDeTApxI2aH4xM
#game , link credit



ဒေါင်းထားတဲ့ဖိုင်​က my file - internal - mega - mega download ထဲမှာပါ
ဇစ်​ဖြည်​ပါ
Zarchiver (ဇစ်​ဖြည်​ဖို့)
http://www61.zippyshare.com/v/KpVYyq0O/file.html
#link credit



Apkဖိုင်​ကို install
ပြီးရင်​ data ဖိုင်​ 2mb ​ကျော်​ဖြည်​ထားတဲ့ဖိုင်​ထဲက

com.ea.game.fifa14_row ဖိုင်​ကို
ဖိုင်​အတိုင်း copy ယူပြီး

Myfile - internal - Android - data ဖိုင်​ထဲ ထည့်​ပါ


Obb ဖိုင်​ဖြည့်​ထားတဲ့ 1gb ​ကျော်​ဖိုင်

com.ea.game.fifa14_row ဖိုင်​အဝါ​လေးအတိုင်း
Myfile - internal - Android - obb ဖိုင်​ထဲ ထည့်​ပါ

Obb ဖိုင်​မရှိ new folder ဖွဲထည့်​လိုက်​ပါ


Internal နဲ့ အလုပ်​မလုပ်​တဲ့ဖုန်းဆို
External - Android - data , obb ​ပေါ့

ပြီးဂိမ်းဖွင့်​​ဆော့နိုင်​ပါပြီ :-)

Thank For All
DYM7


Friday, 13 June 2014

Samsung Galaxy Tab S - Super AMOLED WQXGA

Samsung ထုတ်ခဲ့သမျှ tablet တွေထဲမှာ အကောင်းဆုံး ဖြစ်လာမယ့်....
Sasmung Galaxy Tab S (10.5" / 8.4" )
WQXGA (2560x1600) Super AMOLED


ဒီနေ့ ဒီ tablet ကို တွေ့လိုက်ရတော့ ကျွန်တော် ကြိုက်တဲ့ iPad Air, iPad mini 2 တွေကိုတောင် မေ့ချင်သလိုလို ဖြစ်သွားတယ်ဗျို့ :P :P phone မှာ s series နဲ့ အောင်မြင်ခဲ့တဲ့ Samsung က tablet မှာလည်း s series တစ်ခုကို စတင်လိုက်တာပေါ့။ size နှစ်မျိုး၊ LTE/wifi network နှစ်မျိုးနဲ့ ထွက်လာတာ ဆိုတော့ 8.5" wifi only ကို သဘောကျမိပါတယ်။

Wi-Fi Model
- Wi-Fi Only

LTE Model
- LTE : 800/900/1800/2600+850/2100
- 3G : HSPA+42.2 850/900/1900/2100
- 2G : GSM/EDGE/GPRS 850/900/1800/1900







မြင်မြင်ချင်းပဲ ကြိုက်သွားပြီလို့ ပြောရလောက်အောင် design လှတယ်။ သေချာ ကြည့်ဦး။ ပါးပါးလေးနော်။ 6.6mm ပဲ ထူပြီး 8.4" က 294g နဲ့ 10.5" က 465g လောက်ပဲ လေးတာ။

tab s - 8.4"
Wi-Fi Model : 125.6 x 212.8 x 6.6mm , 294g
LTE Model : 125.6 x 212.8 x 6.6mm , 298g

tab s - 10.5"
Wi-Fi Model : 247.3 x 177.3 x 6.6mm , 465g
LTE Model : 247.3 x 177.3 x 6.6mm , 467g



resolution 2560x1600 @ ppi 359 ထိ ရှိတဲ့ Super AMOLED screen display ကြောင့် အကြည်လင် အပြတ်သားဆုံး tablet ဖြစ်မယ်။ သိတယ်မလား။ mobile display tech မှာ Samsung က ထိပ်ပဲ။ သူများတွေတောင် Samsung ဆီက ဝယ်ဝယ်သုံးနေရတာလေ။



တခြား OEM တွေ လိုက်မလုပ်ပေးနိုင်သေးတဲ့ (display color ကို image, video,web, ebook တွေ အလိုက် အလိုအလျောက် ပြောင်းလဲ ချိန်ညှိပေးမယ့်) adaptive display ကို အဆင့် မြှင့်ပေးထားပါသေးတယ်။


SOC specs ကြီးတွေက စွမ်းဆောင်ရည် မြင့်တယ်။

LTE (gsm/wcdma phone တွေ သုံးလို့ ရပါတယ်။)
SOC - Qualcomm Snapdragon 800
CPU - Quad-core 2.3 GHz Krait 400
GPU - Adreno 330
RAM - 3GB
storage - 16/32GB, micro sdcard up to 128GB

Wifi only (sim card slot မပါပါဘူး။)
SOC - Exynos 5 Octa 5420
CPU - Quad-core 1.9 GHz Cortex-A15 & quad-core 1.3 GHz Cortex-A7
GPU - Mali-T628 MP6
RAM - 3GB
storage - 16/32GB, micro sdcard up to 128GB

Samsung tablet တွေရဲ့ အဓိက အားသာချက် ဖြစ်တဲ့ true multi tasking ကိုလည်း အညက်ညောဆုံး ဖြစ်အောင် လုပ်ပေးထားပါတယ်တဲ့။ specs မြင့်လေ tasking သွက်လေပေါ့။


Samung ရဲ့ နောက်ဆုံး UI ဖြစ်တဲ့ s5 UI အတိုင်း သုံးရမှာကြောင့် ထိတွေ့ရမယ့် UI, UX တွေက ဆန်းသစ် တက်ကြွနေမယ်။s5 လိုပဲ finger print security ပါတယ်။ s5 မှာ ပါတဲ့ feature အတော်များများက ဒီ tab s မှာလည်း ပါပါတယ်။


Samsung ရဲ့ ထုံးစံ အတိုင်း ဘာညာသာရကာ function တွေ စုံတယ်။ ဒီ tab s ကနေ "side sync 3.0" သုံးပြီး တခြား phone, tablet တွေ ကို လှမ်းထိန်းလို့ ရတာ တော်တော် သဘောကျချင်စရာ ကောင်းတာပဲ။ PC or MAC နဲ့လည်း ချိတ်ဆက်ပြီး ထိန်းလို့ သုံးလို့ ရဦးမယ်တဲ့။




Loud speaker ကို left-right တပ်ပေးထားတဲ့ အတွက် အသံထွက် ကောင်းကောင်း နားဆင်နိုင်မှာပေါ့။

cover လှတယ်။ tab s ရဲ့ နောက်ကျောမှာ တွေ့ရတဲ့ အဝိုင်းဖုလေး နှစ်ခုက cover နဲ့ တွဲချိတ်ဖို့ အတွက်ပါ။ design ဆန်းတဲ့ အပြင် landscape ထောက်ထားပြီး ကြည့်လို့ ရတဲ့ အတွက် smart ပိုကျသွားတာပေါ့။


 

 

ကဲ.... ဘာ သုံးချင်လဲ ပြောကြည့်။ facebook, web, games, movie, music ကြိုက်သလိုသာ မွှေပေတော့ပဲ :D :D ဈေးကလည်း လေးသိန်း-ငါးသိန်း လောက်ပဲ ဖြစ်မှာ ဆိုတော့ မဆိုးပါဘူး။ ဝယ်သုံးပျော်ပါတယ်။

hang on video link တွေကိုလည်း ကြည့်ကြပါဦးလို့။

side sync
http://www.youtube.com/watch?v=BentzQAd5xM

iPad Air vs TAB S 10.5"
http://www.youtube.com/watch?v=SjYuNzFRIag

iPad mini 2 vs TAB S 8.4"
http://www.youtube.com/watch?v=0zAOnhCjcCg

s5 UI, UX
http://www.youtube.com/watch?v=A3D-d68PBoA

official website
http://www.samsung.com/global/microsite/galaxytabs/index.html

PWK.
ဂယောင်ဂရင် ဖြိုး @ facebook
June 14, 2014. 1:56 AM.

Sunday, 8 June 2014

moto g - Android new version 4.4.3 update













                         

moto g ကို Android 4.4.3 update တင်တာတော့ အဆင်ပြေသွားပါပြီ။ တခြား phone တွေနဲ့ မတူပဲ ဒီ moto g မှာ root, cwm တွေ ရှိနေပေမဲ့ OTA (over the air / direct from phone wifi/3g) update ကို ဘာဖြစ်လို့ ပေးထားတာလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ hTC, Samsung, Huawei နဲ့ အများစု phone တွေဆို root လုပ်ထားရင် update မသိ၊ မမိတော့ပါဘူး။ အခု moto g မှာတော့ OTA update ရတဲ့ အပြင် update ဆွဲတင်လိုက်တာတောင် root မပျက်၊ cwm မပျက်နဲ့ app, game, data တွေပါ ဘာမှ အရာ မယွင်းသွားခဲ့ပါဘူး။ OS update လုပ်လိုက်လို့ lagging ဖြစ်လာတာ၊ battery ပိုစားလာတာတွေလည်း မတွေ့ရသေးပါဘူး။ (၁၂ နာရီလောက် စမ်းပြီးပါပြီ။) Xposed framework တွေလည်း 4.4.2 တုန်းကလိုပဲ အားလုံး အဆင်ပြေပြေ အလုပ် လုပ်ပါတယ်။

   




 

အခု 4.4.3 က minor update ပါပဲ။ ထူးထူးခြားခြား မဖြစ်သွားပါဘူး။ 4.4.2 တုန်းက bug fix တွေ အတော်များများ လုပ်ပေးထားတယ် ဆိုပေမဲ့ ဘာတွေမှန်းတော့ သေချာ မသိရပါဘူး။ ကျွန်တော်တို့ moto g မှာတော့ အဓိက အနေနဲ့....

(၁) camera မှာ video ရိုက်တဲ့ အခါ pause လုပ်ထားလို့ ရတဲ့ function ပါလာပါတယ်။ စမ်းရိုက်ကြည့်တာလည်း အဆင်ပြေပါတယ်။ pause လုပ်ပြီး resume ပြန်လုပ်တဲ့ အခါ lagging မဖြစ် (မထစ်မငေါ့) ပဲ ရိုက်ကူးနိုင်ပါတယ်။

 

 

(၂) phone dial pad, recent history, speed dial, contact တွေရဲ့ UI (user interface) က design အသစ် ဖြစ်သွားပါတယ်။ ပိုပြီး ရှင်းရှင်းလင်းလင်း၊ လှလှပပ ဖြစ်လာတာပေါ့။ အဓိက သိသာသွားတာက (တခြား Android တွေ iPhone တွေနဲ့ မတူပဲ) contact pic မရှိတဲ့ (မထည့်ထားတဲ့) contact တွေမှာ contact name ရဲ့ ရှေ့ဆုံး စာလုံးကို contact pic အဖြစ် ပြပေးထားတာလေးက အမြင်လည်း ဆန်း၊ လန်းလည်း လန်းပါတယ်။ flat UI နဲ့ပဲ ဖြစ်ပါတယ်။

(၃) moto alert, moto help, moto migrate, moto assist စတဲ့ moto apps တွေကိုလည်း playstore က တစ်ဆင့် update ချပေးထားပါသေးတယ်။ အရမ်းကြီးတော့ အသုံးမဝင်ပါဘူး။ moto alert လေးကတော့ ကလိလို့ ကောင်းပါတယ်။ ကိုယ် ကြိုက်တဲ့ contact / phone number ကို add ထားပြီး ကြိုက်တဲ့ message ပို့လို့ ရမယ်။ phone call ခေါ်လို့ ရမယ်။ internet ကနေ တစ်ဆင့် ကိုယ် ရောက်နေတဲ့ နေရာ (GPS) ကို ပြလို့ရမယ်။ ဒီ moto alert က တကယ့်ကို emergency case တွေမှာပဲ အသုံးတည့်မှာပါ။ ကိုယ်တိုင် ပြန်မရပ်အချင်း auto dial/message တွေ လုပ်နေမှာမို့ phone ဖိုး၊ message ဖိုး တော်တော် ကုန်ပါလိမ့်မယ်။ :P


တခြား အပြောင်းအလဲလေးတွေလည်း ရှိနေပေမဲ့ UI, UX မှာ မြင်ရ သိရသလောက်ကတော့ ဒီလောက်ပါပဲ။ root access ကြီး တန်းလန်းနဲ့ root မပျက်ပဲ OTA update ရသွားတာလေး တစ်ခုကိုတော့ moto g ကို ကျေးဇူးတင်နေရပါတယ်။ (motorola PC suite နဲ့ ချိတ်ပြီး စမ်းကြည့်တာတော့ update မပေးပါဘူး။)

PWK.
June 8, 2014. 1:51 PM.