FFSPG
FFSPG
Showing posts with label news. Show all posts
Showing posts with label news. Show all posts
Wednesday, 15 October 2014
Players Face & Hair များကိုအခုရာသီပုံစံသစ် အပ်ဒိပ်ထည့်သွင်းပုံ Pes 2013 ကွန်ပြူ တာဂိမ်းမှာဖြစ်ပါတယ်။
FFSPG
ဘောလုံး ကစားသမားတွေရဲ့ ယခုနှစ်မျက်နှာပုံစံ ၊ ဆံပင် ဒီဇိုင်းများကို Pes 2013 ကွန်ပြူ တာဂိမ်းမှာ
အပ်ဒိပ်လုပ်မှာဖြစ်ပါတယ်။ သူကို အသုံးပြုထည့်သွင်းဖို့ မိမိရဲ့ဂိမ်းမှာ Patch တစ်ခုခု အပ်ဒိပ်များထည့်သွင်း
ထားတာဖြစ်ရပါမယ်။ အောက်မှာ သေချာ ရှင်းပြပေးထားပါတယ် ...
Saturday, 11 October 2014
FFSPG ဘလော့ဆိုက်မှာ ဒေါင်းလင့်များမှ ဒေါင်းယူပုံရှင်းပြပေးထားပါတယ်
FFSPG
Future for smart phone group ဘလော့ဆိုက်ကနေ ဒေါင်းလင့်များမှ ဒေါင်းယူပုံများကို
ပုံနှင့် တကွရှင်းပြပေးထားပါတယ် ...
Thursday, 25 September 2014
ကွေးညွှတ်သွားသည့် iPhone 6 Plus ဓာတ်ပုံများ အွန်လိုင်းတွင် ပျံ့နှံ့လျက်ရှိ
FFSPG
ပြီးခဲ့သည့် သောကြာနေ့က ရောင်းချခဲ့သော iPhone 6 Plus စမတ်ဖုန်းများကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသည့်အခါ ဖုန်းပုံစံပျက်ယွင်း၍ ကွေးညွှတ်သွားခဲ့သောကြောင့် iPhone 6 Plus ပိုင်ရှင်များ စိတ်ဆိုး ဒေါသထွက်နေကြောင်း သိရသည်။
Saturday, 20 September 2014
IObit Advanced SystemCare Ultimate ( ကွန်ပြူ တာကို ပေါ့ပါးမြန်ဆန်အောင်လုပ်မယ် )
FFSPG
မိမိရဲ့ ကွန်ပြူ တာကို အမြဲပေါ့ပါးနေအောင်လုပ်ပေးမယ့် IObit Advanced ဖြစ်ပါတယ်။
ဖုန်းအတွက်လည်းထွက်ရှိပြီး လူကြိုက်များလှပါတယ်။ ကွန်ပြူ တာအတွက်လည်း ဖရီးဒေါင်းယူသုံး
ဆွဲနိုင်မှာပါ။ ဗိုင်းရစ်လေးရှင်းပေးတယ် ၊ နောက်ကွယ်က run နေတဲ့ ကောင်လေးပိတ်ပေးပြီး
အခြားလုပ်ဆောင်ချက်များစွာရှိပါသေးတယ်။ မိမိကွန်ပြူ တာကို screenshop လည်းရိုက်နိုင်ပါတယ်။
နောက်ပြီး သူကို နောက်ခံ ပုံလေးမိမိစိတ်ကြိုက်ပြောင်းနိုင်ပါတယ်။ အမြင် ရှင်းလင်းပြီး အသုံးပြုတာ
လွယ်ကူပါတယ်။ အကြိုက်တွေမှာပါ ...
Based on #1 ranked BitDefender antivirus technology and IObit anti-malware engine, Advanced SystemCare Ultimate 7 incorporates top anti-virus capabilities, as well as the already proven comprehensive PC tune-up ability. It provides protection against all kinds of security threats, system slowdown, freeze and crash without slowing down your system.
Advanced SystemCare Ultimate 7 is compatible with other security software, and it includes all features of ASC PRO. Users who uninstall Advanced SystemCare PRO during Advanced SystemCare Ultimate 7 trial can easily revert to ASC PRO at any time.
Thursday, 18 September 2014
ASUS ဖုန်းတွေ root ရင် ကြော်ငြာတက်တဲ့ Asus Zenfone Demo ကိုဖြည်ရှင်းနည်း
FFSPG
ကျနော်တို့  ASUS Zenfone ဖုန်းလေးတွေကို သူတို့ ရဲ့ root apk လေးနဲ့ ဖေါက်တဲ့အခါ ၊
လွဲချော်မူလေးတွေကနေ Asus Zenfone Offline Demo ကြောငြာလင့်လေး ဖုန်း noti ဘားမှာပေါ်နေပြီ။
မိနစ် အနည်းငယ်ကြာပေါ်လာလိုက်၊ပိတ်လိုက် ခဏနေပြန်ပေါ်လာလိုက်နဲ့ ပါဝါပိတ်ပြန်ဖွင့်လိုက်မရ။
ဝိုင်ဖိုင်ကလည်း auto ပွင့်နေပြီး ပိတ်လို့ လည်းမရပါဘူး။
အတော် ဒုက္ခတွေလှပါတယ်။ အဲကောင်ကို အောက်တွင် ရှင်းပြထားတဲ့ အတိုင်း ဖြေရှင်းနိုင်ပါတယ်ခင်ဗျာ။
Monday, 15 September 2014
Galaxy Note 4 အကြောင်း ...
FFSPG
Samsung ဟာ Galaxy Note 4 ကို မျက်နှာပြင်အရည်အသွေး အလွန်ကြည်လင်ပြတ်သားပြီး အရည်အသွေး ကောင်းမွန်လှပတဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။
မျက်နှာပြင်အရွယ်အစား 5.7” မှာ Quad HD (2560x1440) နဲ့ Super AMOLED နည်းပညာကို အသုံးပြုထားပါတယ်။ မျက်နှာပြင်သိပ်သည်းဆ ကလည်း 515 ppi ရှိတဲ့အတွက် ပုံရိပ်တွေကို အသေးစိတ်ကျနစွာ တွေ့မြင်ရပါလိမ့်မယ်။ ဖုန်းကို ဘေးတိုက် ကြည့်ရှုတဲ့အခါ တွေ့မြင်ရမယ့် Viewing angle လည်း ပိုမိုကောင်းမွန်လာပြီး အလင်းအမှောင်ကို တုန့်ပြန်နိုင် တဲ့စွမ်းရည်လည်း ပိုမိုတိုးတက်လာခဲ့ပါတယ်။
Samsung ရဲ့ ပထမဆုံး သတ္တု frame ဖုန်းအဖြစ် Galaxy Alpha မှာ တွေ့မြင်ခဲ့ရသလိုပဲ Note 4 မှာလည်း ဖုန်းရဲ့ ဘေးပတ်လည်ကို သတ္တု frame နဲ့ ခွေထားပြီး Galaxy S3 မှာတုန်းက တွေ့မြင်ခဲ့ကြရတဲ့ ဖောင်းကြွမျက်နှာပြင် 2.5D Glass ပုံစံအတိုင်း အစင်းကြောင်းလေးတွေနဲ့ လှပအသက်ဝင်အောင် ပြန်လည် ဖန်တီးထားပါတယ်။ မျက်နှာပြင် ကာကွယ်တဲ့စနစ်ကတော့ Gorilla Glass 3 ပါ။ ဖုန်းရဲ့ ဒီဇိုင်းပုံစံတစ်ခုလုံးကို ကျစ်လျစ် သေသပ်ပြီး လှပအောင်တည်ဆောက်ထားတဲ့အပြင် ကိုင်တွယ်အသုံးပြုတဲ့နေရာမှာ သဘာဝကျကျ အဆင်ပြေလွယ်ကူစေဖို့ ဦးစားပေး ပုံဖော်ထားပါတယ်။
စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Snapdragon 805 နဲ့ Exynos 5433 ဆိုပြီး ဖြန့်ချိမယ့် ဈေးကွက်အနေအထားအရ version နှစ်မျိုး ခွဲခြားပေးထားပါလိမ့်မယ်။ Snapdragon 805 Version မှာတော့ Krait 450 Quad-core 2.7 GHz CPU ကို အသုံးပြုထားပြီး Exynos 5433 version မှာတော့ Quad-core 1.3 GHz+ Quad-core 1.9 GHz CPU ကို အသုံးပြုထားပါတယ်။ RAM ကတော့ version နှစ်မျိုးစလုံးမှာ 3 GB စီအတူတူ ပါဝင်ပါလိမ့်မယ်။
အချက်အလက်သိမ်းဆည်းမှု အပိုင်းမှာလည်း 32 GB internal အဖြစ် ပါဝင်ကာ 64 GB ထိ တိုးမြှင့်နိုင်မယ့် microSD slot လည်း ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက် ကင်မရာဟာ 16 MP ပါဝင်ပြီး Smart OIS နည်းပညာ ပါဝင်လာပါတယ်။ ရှေ့ဘက် မျက်နှာစာ ကင်မရာကတော့ 3.7 MP အရည်အသွေးရှိပြီး f1.9 အရည်အသွေးရှိ lens စနစ်ပါဝင်တာကြောင့် ရှေ့ဘက်ကင်မရာကနေ selfie ပုံရိပ်တွေ ရိုက်ကူးတဲ့တဲ့အခါ အရင်နဲ့မတူတဲ့ ထူးခြားတဲ့ မြင်ကွင်းကျယ်ပုံရိပ်တွေအဖြစ် ရိုက်ကူးနိုင်တော့မှာ ဖြစ်ပါတယ်။
Samsung ရဲ့ အဆိုအရ ရေပန်းစားနေတဲ့ Selfie ဆိုတဲ့စကားလုံးဟာ Note 4 ရဲ့ 120ံမြင်ကွင်းကျယ် ရိုက်ကူးနိုင်တာကြောင့် Wefie လို့ ပြောင်းလဲခေါ်ဆိုရတော့မယ်လို့ ဆိုထားပါတယ်။
Note 4 မှာ ထူးခြားတဲ ပြောင်းလဲချက်တွေအဖြစ် Design, Camera အပိုင်းအပြင် မျက်နှာပြင် ကြီးမားတဲ့ ဖုန်းတွေပေါ်မှာ တွေ့ကြုံအသုံးပြုရတဲ့ multitasking စနစ်ကို ပိုမိုကောင်းမွန်လာအောင် ပြုလုပ်လာ နိုင်ခဲ့ပါတယ်။ ထို့အတူပဲ multitasking အတွက် အသုံးပြရမယ့် SPen စနစ်ကိုလည်း တည်ငြိမ်ကောင်းမွန်ပြီး သဘာဝကျတဲ့ ထိတွေ့ခံစား ရေးသားမှုမျိုး ရရှိအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ SPen ရဲ့ မျက်နှာပြင်အပေါ် ထိတွေ့မှုနှုန်းဟာ ထိတွေ့တဲ့ အရှိန်၊ ဖိအား၊ အနေအထား အလိုက် အသေးစိတ် သိရှိအသုံးပြုနိုင်လာတာ တွေ့ရပါလိမ့်မယ်။ Samsung ဟာ စမတ်ဖုန်းကို ကျန်းမာရေးအထောက်အကူပြု နည်းပညာပစ္စည်းအဖြစ် အသုံးချနိုင်ဖို့ကြိုးစားမှုအဖြစ် Heart Rate Sensor ကို Galaxy S5 မှာ စတင်ထည့်သွင်းခဲ့တာကို မှတ်မိကြဦး မယ်ထင်ပါတယ်။
အခုတစ်ခါ Note 4 မှာလည်း Heart Rate Sensor အပြင် ခရမ်းလွန်ရောင်ခြည်ပမာဏကို တိုင်းတာနိုင်မယ့် UV Sensor နဲ့ လေထုထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို တိုင်းတာနိုင်မယ့် SpO2 Sensor အစရှိတဲ့ Sensor တွေ ပါဝင်လာပြီး ကျန်းမာရေးအထောက်အကူပြု နည်းပညာ စနစ်တွေကို ပထမဆုံး ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါဟာ Samsung ရဲ့ စမတ်ဖုန်းကိုအသုံးပြုကာ လူမှုပတ်ဝန်ကျင် အသီးအသီးအတွက် နေ့စဉ်အသုံးပြုရမယ့် နည်းပညာပစ္စည်း အစိတ်အပိုင်းတစ်ခုသဖွယ်ဖြစ်လာဖို့အတွက် ကြိုးပမ်းအားထုတ်မှုလည်းဖြစ်ပါတယ်။ တခြားထိပ်တန်းစမတ်ဖုန်းတွေလိုပဲ Fast Charging လို့ခေါ်တဲ့ နာရီဝက်အတွင်း ဖုန်းရဲ့ ဘက်ထရီကို 50% အထိ အားအမြန်ဖြည့်သွင်းတဲ့ စနစ်လည်း ပါဝင်ပါသေးတယ်။
အရေးကြီး ပုဂ္ဂိုလ်တွေ နဲ့ စကားပြောဆိုတဲ့အခါ အင်တာဗျူး ပြုလုပ်တဲ့အခါ အသံဖမ်းချင်တဲ့အခါ ဖုန်းမှာ ပါဝင်ပြီးသားဖြစ်တဲ့ Reocrder ကို ဖွင့်ပြီး အနီးအနားမှာ ထားထားရုံနဲ့ ဘယ်ဘက်ကပြောတယ်ဆိုတဲ့အသံကို လားရာဦးတည်ချက်အလိုက် သိရှိ ဖမ်းယူနိုင်အောင် အဆင့်မြင့်တင်ပေးထားပါတယ်။ ဒီလို သိရှိ ဖမ်းယူနိုင်ဖို့အတွက် Advanced Voice Reocrder စနစ်အဖြစ် built-mic ၃ ခု ထည့်သွင်းတည်ဆောက်ကာ မလိုအပ်တဲ့ ဆူံညံသံတွေကို ခွဲခြားလျော့ချနိုင်စေပါတယ်။ Samsung ဟာ လက်ရှိ Phablet ဈေးကွက်မှာ ဦးဆောင်ထားနိုင်ဆဲဖြစ်တဲ့ Note 3 ကို ကျော်လွန်ပြီး နည်းပညာမြင့်မားဆန်းသစ်တဲ့ Note 4 ကို ဆက်လက် ထုတ်ဖော်ပြသခဲ့တဲ့အတွက် Phablet ဈေးကွက်ကို တခြားပြိုင်ဘက်တွေ ထပ်မံ ၀င်ရောက်မလာနိုင်အောင် ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုချင်ပါတယ်။
=================
MTN
=================
Credit - TechSpace Journal
THANK FOR ALL
YM7
Saturday, 6 September 2014
Sony Xperia Z 4.4.2 ကို Root ဖောက် Cwm သွင်းပြီး မြန်မာစာထည့်မယ် ( Unlock Bootloader လုပ်စရာမလိုပါ )
FFSPG
Sony Xperia Z ( C6603 ) 4.4.2 အတွက် Root ဖောက် ၊ Cwm သွင်းပြီး မြန်မာစာထည့်သွင်းနည်းပေးပါ။
4.4.2 rom အသစ်လေးချိန်းပြီးသားဖြစ်သွားပါမယ် :) ပုံနှင့်တကွ သေချာရှင်းပြပေးထားပါတယ်။
Unlock Bootloader လုပ်စရာမလိုပါဘူး၊ အောက်တွင် အဆင့်တိုင်းလေး လွယ်ကူစွာ လုပ်ဆောင်သွားယုံပါပဲ။
အားလုံးပြီး ဆုံးသွားရင် Rom Update 4.4.2 လေးကို CWM&ROOT&MM FONT လေးနဲ့  လန်းနိုင်ပါပြီ :D
Monday, 1 September 2014
Playstation 2 ရဲ့ဂိမ်းတွေကို window XP,7,8,Mac,Linux ပေါ်မှာ PCSX2 emulator အသုံးပြုပြီးကစားမယ်
FFSPG
Playstation 2 ရဲ့ဂိမ်းတွေကို ကွန်ပြူ တာပေါ်မှာ ပေါ့ပါးစွာ ကစားနိုင်မှာဖြစ်ပါတယ်။
ဂိမ်းစက်နဲ့ ဆော့ရသလိုပါပဲ။ ဂိမ်းတိုင်း အဆင်ပြေချောမွေစွာဆော့နိုင်ပါတယ်။
window XP , 7 , 8 , Mac , Linux ပေါ်မှာ PCSX2 emulator အသုံးပြုပြီး ကစားနိုင်မှာဖြစ်ပါတယ်။
Ps3 , Xbox 360 controller တစ်ခုခု ရှိရင် ဆော့ရတာ ပိုပြီးအဆင်ပြေစေမှာပါ။
ကျွန်တော်ကိုယ်တိုင် စမ်းသပ်ပြီး အဆင်ပြေလို့ ပြန်တင်ပေးလိုက်တာဖြစ်ပါတယ်။
ဂိမ်းတွေကတော့ size နဲနဲတော့ကြီးမှာပေါ့နော် :D ဂိမ်းစက်မလိုတော့ပါဘူး PC ရှိယုံနဲ့  Ps2 ဂိမ်းတွေနဲ
ဖလန်း ဖလန်း ထနိုင်မှာပါ။ ဗီဒီယို ဖိုင်နဲ့ လုပ်နည်းပေးထားပါတယ်။ ပုံနှင့်တကွရှင်းပြပေးထားပါတယ်။
လွယ်ကူပါတယ်ခင်ဗျာ ...
Friday, 22 August 2014
မြန်မာ - ဗီယက်နမ် ဗိုလ်လုပွဲ ( ဘရူနိုင်း ဘုရင့်ဖလား ) တိုက်ရိုက်ကြည့်ရှုလင့်များ ( Phone & PC )
FFSPG
မြန်မာနဲ့ဗီယက်နမ် ဗိုလ်လုပွဲ ( ဘရူနိုင်း ဘုရင့်ဖလား )
မြန်မာ စံတော်ချိန် ည 7:00
မလေးရှား စံတော်ချိန် ည 8:30
MRTV 4 ရုပ်သံမှပင် တိုက်ရိုက် ထပ်မံ ထုတ်လွှင့်ပြသသွားမည် ဖြစ်ပါသည်။
Tuesday, 19 August 2014
Sony Playstation 3 Controller ကိုသုံးပြီး ကွန်ပြူ တာမှာ PC Games တွေဆော့နည်း
FFSPG
Sony Playstation 3 Controller ကိုသုံးပြီး ကွန်ပြူ တာမှာ PC Games တွေဆော့ဖို့  လိုအပ်တဲ့ Driver install
လုပ်နည်းလေးကိုတင်ပေးလိုက်ပါတယ်။ ဗီဒီယိုဖိုင်နဲ့ ပုံနှင့်တကွ သေချာစွာရှင်းပြပေးထားပါတယ်။
Sony Playstation 3 Controller အပြည့်ဝ PC Games တွေဆော့ရင် အလုပ်လုပ်ပါတယ်။
Vibration ခလုပ်တွေ အလုပ်ကောင်းမွန်စွာလုပ်ပါတယ်။ Tool နှစ်မျိုးတင်ပေးလိုက်ပါတယ်။
အသုံးပြုပုံလွယ်ကူပါတယ်။ တစ်ဆင့်လိုက် သေချာကြည့်လုပ်ပေးယုံပါပဲ။
ဂိမ်းတစ်ခုဖွင့် တစ်ခါပြင် လုပ်နေစရာမလိုပါဘူး။ တစ်ခါတည်းတန်းဆော့နိုင်မှာဖြစ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်စမ်းသပ်ပြီး အဆင်ပြေလို့  ပြန်လည် မျှဝေပေးလိုက်ပါတယ်။
Sunday, 17 August 2014
Sony Playstation1 ရဲ့လူကြိုက်များတဲ့ဂိမ်းများ၊ အန်းဒရိုက်နဲ့  ကွန်ပြူ တာပေါ်တင်ကစားနိုင်မှာဖြစ်ပါတယ်။
FFSPG
လူကြိုက်များတဲ့ ဆိုနီ Ps1 ဂိမ်းလေးကို ရွေးချယ်တင်ပေးလိုက်ပါတယ်။ ဂိမ်းကိုတော့သူရဲ့ မူရင်းဆိုက်မှာ
သွားရောက်ဒေါင်းယူနိုင်ပါတယ်။ အန်းဒရိုက်ဖုန်းမှာဆော့နိုင်ဖို့  ပိုစ့်တင်ပြီးပါပြီ။ ကွန်ပြူ တာမှာဆော့ဖို့ 
ပိုစ့်ထပ်တင်ပေးပါမယ်။
အကြိုက်တွေကြမှာပါ ...
Friday, 15 August 2014
SonyPlayStation1 Game တွေကို အန်းဒရိုက်ဖုန်းတွေပေါ်မှာ ePSXe ကွန်ထရိုးသုံးပြီး ကစားမယ်
FFSPG
ကျနော်တစ်ချိန်တုန်းက စွဲလမ်းနှစ်သက်ခဲ့ရတဲ့ SonyPlayStation1 ဂိမ်းစက် အဖြူ ရောင်လေးကိုမြင်
ယောင်မိမှာပါ။ ထိုဂိမ်းတွေကို အခု အန်းဒရိုက်ဖုန်းများပေါ်မှာတင်ကစားနိုင်မှာဖြစ်ပါတယ်။  
ePSXe ကွန်ထရိုးကို အသုံးပြုရမှာဖြစ်ပါတယ်။ ထိုအတွက်ဖုန်းမှာ ROOT မလိုအပ်ပါဘူး။ 
Ps1 ဂိမ်းဖိုင်တွေကလည်း 200MB ဝန်းကျင်တွေလောက်ပါပဲ။
ဂိမ်းများ ဒေါင်းယူနိုင်မယ့် ဝက်ဆိုက်နဲ့ ဒေါင်းယူပုံ zip ဖြည်ပုံများ ရှင်းပြပေးပါမယ်။
ဂိမ်းတိုင်းကို အထစ်ငော့မရှိ Ps1 ရုပ်ထွက်အတိုင်း ကွန်ထရိုးပေါ်အဆင်ပြေချောမွေ့ စွာကစားနိုင်မှာဖြစ်ပါတယ်။
Ps3 Controller နဲ့ ဖုန်းနဲ့ ကစားချင်သူများအတွက်လည်း ပိုစ့်ထဲမှာရှင်းပြပေးသွားမှာပါ။
ကျနော်တစ်ခုပြောချင်တာကတော့ အောက်တွင်ရှင်းပြတာလေးကို သေချာကြည့်ရှုလေ့လာ
ပြီး တစ်ဆင့်ခြင်းလုပ်ဆောင်ပေးပါလို့ ၊ ဒါမှလည်းမိမိ သိနားလည်နိုင်မှာဖြစ်ပါတယ်။
လွယ်ကူပါတယ် ... :)
Monday, 11 August 2014
PS3 Controller နဲ့ ဆော့မယ့် PSP ဂိမ်း Pes2014 ရဲ့ Active touch profile map ထည့်သွင်းပုံ
FFSPG
PSP ဂိမ်း Pes2014 ဘောလုံးဂိမ်းကို PPSSPP Gold ထဲကနေ Ps3 controller နဲ့ ကစားဖို့ 
Active touch profile map လေးကိုတင်ပေးလိုက်ပါတယ်။ ဗီဒီယိုနှင့် ပုံနှင့်တကွရှင်းပြပေးထားပါတယ်။
ဆော့ရတာတော့ လက်ကုန်အောင် ရှယ်လှပါတယ် :D
Sunday, 10 August 2014
Playstation 3 controller အသုံးပြု ပြီး Android ဖုန်းဂိမ်းတွေကို ဆော့နည်း
FFSPG
Playstation 3 controller ကိုအသုံးပြုပြီး Android ဖုန်းတွေနဲ့ ဂိမ်းတွေကိုဆော့နိုင်မယ့်နည်းလမ်းလေးကို
တင်ပြပေးလိုက်ပါတယ်။ Ps3 ကြိုးမဲ့ကွန်ထရိုးကိုဖြစ်တာကြောင့် လွတ်လပ်ပေါ့ပါးစွာ ခလုပ်နဲ့ 
စပါယ်ရှယ် ကစားနိုင်မှာဖြစ်ပါတယ်။ ခလုပ်သီးသန့် ဖြစ်သွားတဲ့အတွက် ဖုန်းမျက်နှာပြင်အပြည့်ဂိမ်းကို
မြင်တွေရမှာပါ။ အသုံးပြု ပုံ လွယ်ကူပါတယ်၊ အောက်မှာ ဗီဒီယိုနှင့်ပုံနှင့် သေချာရှင်းပြပေးထားပါတယ်။ 
မိမိဖုန်းကတော့ Root ဖေါက်ပြီးသားဖြစ်ရပါမယ်။
Sixaxis Compatibility Checker နဲ့ အရင် စစ်ကြည့်ပါ။ မိမိဖုန်းမှာ အဆင်ပြေမပြေ ပြေတယ်ဆိုမှ
ကျန်တာတွေကို လုပ်ဆောင်ပါ။ Sixaxis Compatibility Checker အောက်တွင်ပေးထားပါတယ်။
Saturday, 9 August 2014
S4 (Snapdragon) (GT-I9505) အတွက် 4.4.2 စင်ကာပူဖန်ဝဲ I9505XXUGNG4
FFSPG
S4 (Snapdragon) (GT-I9505) မော်ဒယ် အတွက် 4.4.2 စင်ကာပူဖန်ဝဲ I9505XXUGNG4 ဖြစ်ပါတယ်။
အောက်တွင် အဆင်ပြေစေမယ့် PART 200MB ဒေါင်းလင့်များနှင့်တင်ပေးလိုက်ပါတယ်။
ဖန်ဝဲတင်နည်းပါရှင်းပြပေးထားပါတယ်။
10.07.2014 ရက်နေ့ က ထွက်ရှိတဲ့ ဖန်ဝဲလေးဖြစ်ပါတယ်။
Friday, 8 August 2014
PSP Game တွေဆော့ဖို့  ကွန်ထရိုးများ Android , Apple , Windows , MacOS X , Linux and Other
FFSPG
PSP ဂိမ်းတွေကို ကွန်ပြူ တာ နှင့် ဖုန်းတွေဆော့နိုင်ဖို့  ကွန်ထရိုး PPSSPP ဖြစ်ပါတယ်။
သူကို မိမိရဲ့စက်မှာထည့်သွင်းပြီး ဆော့နိုင်မှာဖြစ်ပါတယ်။
PPSSPP Gold for Android , Windows , IOS , Blackberry , Maeno , Meego/Harmattan
Symbian , Pandora , MacOS X , Linux ဖြစ်ပါတယ်။
Tuesday, 5 August 2014
Samsung Galaxy Alpha ၏ ဓာတ်ပုံနှင့် အချက်အလက်များ ထွက်ပေါ်လာ
FFSPG
Samsung စမတ်ဖုန်းသစ်နှင့် ပတ်သက်၍ ကောလာဟလ သတင်းများ အပြိုင်အဆိုင် ထွက်ပေါ်လာချိန်တွင် အဆိုပါ စမတ်ဖုန်းသစ်၏ အမည်သစ်၊ ဓာတ်ပုံများနှင့် အချက်အလက်များ ပေါက်ကြား ထွက်ပေါ်လာခဲ့သည်။
Inquirer ၏ ဖော်ပြချက်အရ ယူကေရှိ စမတ်ဖုန်း လက်လီအရောင်းဆိုင် Mobilefun သည် Samsung Galaxy Alpha ဟုခေါ်သော ထုတ်ကုန်အသစ်အတွက် ကြိုတင်မှာယူမှုများ လက်ခံနေကြောင်း၊ အဖြူရောင်၊ အနက်ရောင်ဖြင့် ရရှိနိုင်မည့် 32GB unlocked ဖုန်းကို စတာလင်ပေါင် ၅၄၉ ဖြင့် ကြိုတင်မှာယူနိုင်ကြောင်း သိရသည်။
Monday, 4 August 2014
Mission: Impossible - Ghost Protocol (2011) တိုက်ရိုက်ကြည့်ရှု ၊ Bluray1080p ဒေါင်းယူနိုင်
FFSPG
တွမ်ခရု ရဲ့ နာမည်ကြီး စီးရီးထဲက Mission: Impossible - Ghost Protocol (2011) ကိုတင်ပေးလိုက်ပါတယ်။
တိုက်ရိုက်ကြည့်ရှုနိုင်မယ့်လင့်များနဲ့  Bluray 1080p ဒေါင်းယူနိုင်မယ့်လင့်များထည့်သွင်းပေးထားပါတယ်။
When a bomb destroys the Kremlin, the IMF is blamed and its members labeled as terrorists intent on inciting a global nuclear war. Ethan Hunt and his team must unravel the conspiracy.
Mission: Impossible III (2006) တိုက်ရိုက်ကြည့်ရှု ၊ Bluray1080p ဒေါင်းယူနိုင်
FFSPG
တွမ်ခရု ရဲ့ နာမည်ကြီး စီးရီးထဲက Mission: Impossible III (2006) ကိုတင်ပေးလိုက်ပါတယ်။
တိုက်ရိုက်ကြည့်ရှုနိုင်မယ့်လင့်များနဲ့  Bluray 1080p ဒေါင်းယူနိုင်မယ့်လင့်များထည့်သွင်းပေးထားပါတယ်။
Mission: Impossible III is a 2006 American action spy film co-written and directed by J.J. Abrams, his first film as a director, starring Tom Cruise, who also served as a producer, in the role of IMF agent Ethan Hunt. Wikipedia
Sunday, 3 August 2014
ဖုန်းအတုနဲ့ အစစ် ခွဲခြားနည်း
FFSPG
သင်ဝယ်လိုက်တဲ့ ဖုန်းဟာ Quality ပြည့်ပြီး Original ဖုန်းစစ် မစစ်ကို မျက်လုံးနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ အခုခေတ်မှာ ပုံတူပွားပြီး ထုတ်ထားတဲ့ Clone ဖုန်းတွေကလည်း အများသားပဲလေ။ ဒါ့ကြောင့် ကိုယ့်ရဲ့ဖုန်းဟာ Original ဖုန်းစစ်မစစ်ကို စမ်းသပ်ကြည့်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ *#06# ကို ရိုက်ပြီး Call လုပ်လိုက်ပါ။ အဲဒီမှာ နိုင်ငံတကာ မိုဘိုင်းဖုန်း တပ်ဆင်ခြင်းဆိုင်ရာခွင့်ပြုချက်အမှတ် (International Mobile Equipment Identity - IMEI) ဂဏန်း ၁၅ လုံး ထွက်ပေါ်လာတာကို မြင်တွေ့ ရမှာပါ။
ဥပမာ- 4 3 4 5 6 6 1 0 6 7 8 9 4 3 5
အဲဒီ ဂဏန်း ၁၅ လုံးထဲက (၇) ကြိမ်မြောက်နဲ့ (၈) ကြိမ်မြောက်ဂဏန်းဟာ-(၁) 02 (သို့မဟုတ်) 20 ဖြစ်မယ်ဆိုရင် သင့်ရဲ့ဖုန်းက တရုတ်နိုင်ငံထုတ် အနိမ့်ဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးဖြစ်တယ် ဆိုတာ ဖော်ပြနေတာပါပဲ။
(၂) 08 (သို့မဟုတ်) 80 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဂျာမနီမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပိုင်းမှာတော့ အသင့်အတင့်ရှိနေပါတယ်။ အဆိုးဆုံးတော့ မဟုတ်ပါဘူး။
(၃) 01 (သို့မဟုတ်) 10 ဖြစ်မယ်ဆိုရင် သင့်ရဲ့ ဖုန်းကို ဖလင်န်နိုင်ငံမှာ ထုတ်လုပ်ထားတယ်ဆိုတာ ပြသနေပါတယ်။ Quality ပြည့်တဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။
(၄) 00, 03, 04,05,06 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းက မူရင်းစက်ရုံမှာ ထုတ်လုပ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။ အကောင်းဆုံး Quality ရှိတဲ့ဖုန်းလို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
(၅) 13 ဖြစ်မယ်ဆိုရင်တော့ သင့်ရဲ့ဖုန်းဟာ အဆိုးရွားဆုံး Quality ရှိတဲ့ ဖုန်းတစ်လုံးလို့ သတ်မှတ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ အဲဒီဖုန်းဟာ သင့်ရဲ့ကျန်းမာရေး အတွက် အန္တရာယ်အရှိဆုံး ဖုန်းတစ်လုံးဖြစ်တာကြောင့် စွန့်လွှတ်ဖို့ ၀န်မလေးနေပါနဲ့။
အထက်မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအပြင် အခြားနိုင်ငံတွေရဲ့ ကုဒ်နံပါတ်တွေရှိပါသေးတယ်။ ဖော်ပြထားတဲ့ ကုဒ်နံပါတ်တွေက ထင်ရှားတဲ့ နံပါတ်တွေကိုပဲ ဖော်ပြထားတာဖြစ်ပါတယ်။ ဒါဆိုရင် သင့်ရဲ့ဖုန်းက Quality ပြည့်မပြည့် Original စစ်မစစ်ဆိုတာ စမ်းသပ် စစ်ဆေးနိုင်ပြီလို့ မျှော်လင့်မိပါတယ်။
Aox La
မူရင်း - https://www.facebook.com/photo.php?fbid=292252774257837&set=pcb.292252814257833&type=1&theater
Admin
Nay Zaw Lin1 @ နေဇော်လင်း
Free Online Radio Media (Malaysia News)
Free Online Tv Website - www.nayzawlin.com
Free Media Website - www.malaysiaonlineradiomedia.com
Free 4D Facebook Page - https://www.facebook.com/nayzawlin18
Free Health Facebook Page - https://www.facebook.com/nayzawlin4
THANK FOR ALL
YM7