FFSPG

FFSPG
Showing posts with label SAMSUNG. Show all posts
Showing posts with label SAMSUNG. Show all posts

Friday, 13 June 2014

Samsung Galaxy Tab S - Super AMOLED WQXGA

Samsung ထုတ်ခဲ့သမျှ tablet တွေထဲမှာ အကောင်းဆုံး ဖြစ်လာမယ့်....
Sasmung Galaxy Tab S (10.5" / 8.4" )
WQXGA (2560x1600) Super AMOLED


ဒီနေ့ ဒီ tablet ကို တွေ့လိုက်ရတော့ ကျွန်တော် ကြိုက်တဲ့ iPad Air, iPad mini 2 တွေကိုတောင် မေ့ချင်သလိုလို ဖြစ်သွားတယ်ဗျို့ :P :P phone မှာ s series နဲ့ အောင်မြင်ခဲ့တဲ့ Samsung က tablet မှာလည်း s series တစ်ခုကို စတင်လိုက်တာပေါ့။ size နှစ်မျိုး၊ LTE/wifi network နှစ်မျိုးနဲ့ ထွက်လာတာ ဆိုတော့ 8.5" wifi only ကို သဘောကျမိပါတယ်။

Wi-Fi Model
- Wi-Fi Only

LTE Model
- LTE : 800/900/1800/2600+850/2100
- 3G : HSPA+42.2 850/900/1900/2100
- 2G : GSM/EDGE/GPRS 850/900/1800/1900







မြင်မြင်ချင်းပဲ ကြိုက်သွားပြီလို့ ပြောရလောက်အောင် design လှတယ်။ သေချာ ကြည့်ဦး။ ပါးပါးလေးနော်။ 6.6mm ပဲ ထူပြီး 8.4" က 294g နဲ့ 10.5" က 465g လောက်ပဲ လေးတာ။

tab s - 8.4"
Wi-Fi Model : 125.6 x 212.8 x 6.6mm , 294g
LTE Model : 125.6 x 212.8 x 6.6mm , 298g

tab s - 10.5"
Wi-Fi Model : 247.3 x 177.3 x 6.6mm , 465g
LTE Model : 247.3 x 177.3 x 6.6mm , 467g



resolution 2560x1600 @ ppi 359 ထိ ရှိတဲ့ Super AMOLED screen display ကြောင့် အကြည်လင် အပြတ်သားဆုံး tablet ဖြစ်မယ်။ သိတယ်မလား။ mobile display tech မှာ Samsung က ထိပ်ပဲ။ သူများတွေတောင် Samsung ဆီက ဝယ်ဝယ်သုံးနေရတာလေ။



တခြား OEM တွေ လိုက်မလုပ်ပေးနိုင်သေးတဲ့ (display color ကို image, video,web, ebook တွေ အလိုက် အလိုအလျောက် ပြောင်းလဲ ချိန်ညှိပေးမယ့်) adaptive display ကို အဆင့် မြှင့်ပေးထားပါသေးတယ်။


SOC specs ကြီးတွေက စွမ်းဆောင်ရည် မြင့်တယ်။

LTE (gsm/wcdma phone တွေ သုံးလို့ ရပါတယ်။)
SOC - Qualcomm Snapdragon 800
CPU - Quad-core 2.3 GHz Krait 400
GPU - Adreno 330
RAM - 3GB
storage - 16/32GB, micro sdcard up to 128GB

Wifi only (sim card slot မပါပါဘူး။)
SOC - Exynos 5 Octa 5420
CPU - Quad-core 1.9 GHz Cortex-A15 & quad-core 1.3 GHz Cortex-A7
GPU - Mali-T628 MP6
RAM - 3GB
storage - 16/32GB, micro sdcard up to 128GB

Samsung tablet တွေရဲ့ အဓိက အားသာချက် ဖြစ်တဲ့ true multi tasking ကိုလည်း အညက်ညောဆုံး ဖြစ်အောင် လုပ်ပေးထားပါတယ်တဲ့။ specs မြင့်လေ tasking သွက်လေပေါ့။


Samung ရဲ့ နောက်ဆုံး UI ဖြစ်တဲ့ s5 UI အတိုင်း သုံးရမှာကြောင့် ထိတွေ့ရမယ့် UI, UX တွေက ဆန်းသစ် တက်ကြွနေမယ်။s5 လိုပဲ finger print security ပါတယ်။ s5 မှာ ပါတဲ့ feature အတော်များများက ဒီ tab s မှာလည်း ပါပါတယ်။


Samsung ရဲ့ ထုံးစံ အတိုင်း ဘာညာသာရကာ function တွေ စုံတယ်။ ဒီ tab s ကနေ "side sync 3.0" သုံးပြီး တခြား phone, tablet တွေ ကို လှမ်းထိန်းလို့ ရတာ တော်တော် သဘောကျချင်စရာ ကောင်းတာပဲ။ PC or MAC နဲ့လည်း ချိတ်ဆက်ပြီး ထိန်းလို့ သုံးလို့ ရဦးမယ်တဲ့။




Loud speaker ကို left-right တပ်ပေးထားတဲ့ အတွက် အသံထွက် ကောင်းကောင်း နားဆင်နိုင်မှာပေါ့။

cover လှတယ်။ tab s ရဲ့ နောက်ကျောမှာ တွေ့ရတဲ့ အဝိုင်းဖုလေး နှစ်ခုက cover နဲ့ တွဲချိတ်ဖို့ အတွက်ပါ။ design ဆန်းတဲ့ အပြင် landscape ထောက်ထားပြီး ကြည့်လို့ ရတဲ့ အတွက် smart ပိုကျသွားတာပေါ့။


 

 

ကဲ.... ဘာ သုံးချင်လဲ ပြောကြည့်။ facebook, web, games, movie, music ကြိုက်သလိုသာ မွှေပေတော့ပဲ :D :D ဈေးကလည်း လေးသိန်း-ငါးသိန်း လောက်ပဲ ဖြစ်မှာ ဆိုတော့ မဆိုးပါဘူး။ ဝယ်သုံးပျော်ပါတယ်။

hang on video link တွေကိုလည်း ကြည့်ကြပါဦးလို့။

side sync
http://www.youtube.com/watch?v=BentzQAd5xM

iPad Air vs TAB S 10.5"
http://www.youtube.com/watch?v=SjYuNzFRIag

iPad mini 2 vs TAB S 8.4"
http://www.youtube.com/watch?v=0zAOnhCjcCg

s5 UI, UX
http://www.youtube.com/watch?v=A3D-d68PBoA

official website
http://www.samsung.com/global/microsite/galaxytabs/index.html

PWK.
ဂယောင်ဂရင် ဖြိုး @ facebook
June 14, 2014. 1:56 AM.

Tuesday, 4 March 2014

Samsung Galaxy Note 3 front camera LEGEND.


ပြီးခဲ့တဲ့ Oscar ဆုပေးပွဲမှာ သမိုင်းဝင် ဖြစ်သွားတဲ့ ဓါတ်ပုံလေးပါ။
အဲ့ဒိ ဓါတ်ပုံကို Samsung Galaxy Note 3 ရဲ့ front face camera နဲ့ ရိုက်လိုက်တာ ဖြစ်ကြောင်း တွေ့လိုက်ရတဲ့ အခါ ....
note3 ပိုင်ရှင်တွေရော manufacturer ကြီး Samsung အတွက်ပါ ဂုဏ်ယူ ဝမ်းမြောက်စရာ ဖြစ်သွားပါတော့တယ်။ :) :)
Samsung တို့ ကံ ထောင်နေတာလား၊ ကော်ပေါက် တိုးနေတာလား :P :P ဘာပဲ ဖြစ်ဖြစ်ပေါ့လေ။ note3 ဆိုတာ android တွေထဲမှာ ဘုရင် တစ်ဆူ ဖြစ်ကြောင်းကို ငြင်းနိုင်စရာ မရှိသေးတာတော့ အမှန်ပါပဲ။

https://www.facebook.com/photo.php?v=10151884257352493

PWK.
March 4, 2014.
ဂယောင်ဂရင် ဖြိုး @ facebook
https://www.facebook.com/groups/513079698764647/
https://www.facebook.com/pages/Future-for-smartphones/224468341029838
https://www.facebook.com/freeservice11

Saturday, 1 March 2014

full screen music album art on lock screen of note3, s4 kitkat 4.4.2


SAMSUNG .. GALAXY .. note3, s4 တွေရဲ့ ကျယ်ပြန့် တောက်ပတဲ့ FULL HD SUPER AMOLED မျက်နှာပြင်တွေပေါ်မှာ .. kitkat 4.4.2 update နဲ့ အတူ .. သင့် music album art ရဲ့ ခန်းနား လှပခြင်းကို .. ကြည်နူး ခံစားကြည့်လှည့်ပါ :) :)

ဒီ screenshot လေးက s4 lock screen ပေါ်မှာ full screen ပြနေတဲ့ music album art ဖြစ်ပါတယ်။ s4 ကို kitkat 4.4.2 တင်ပြီး သတိထားမိတဲ့ အပြောင်းအလဲလေး တစ်ခု ဖြစ်ပါတယ်။ အရင် 4.2.2, 4.3 တွေတုန်းကဆို သီချင်း ဖွင့်ထားရင်း screen lock ချလိုက်ရင် music album art ကို half screen လောက်ပဲ ပြပေးပါတယ်။ အခု kitkat 4.4.2 မှာတော့ music album art ကို full screen ပြပေးလိုက်ပါပြီ။

ဒီလို feature မျိုး ဘယ် phone ဘယ် brand မှာမှ မရှိသေးပါဘူး။ ဆမ်ကြီးက ပထမဆုံး ဦးဆုံးပါပဲ။ iPhone, htc ..  စတာတွေမှာလည်း lock screen ပေါ်က music album art ကို ခပ်သေးသေးပဲ ပြနေပါသေးတယ်။ သေးလည်း သေး၊ လှလည်း မလှပါဘူး။ Samsung ကတော့ kitkat 4.4.2 update နဲ့ အတူ music album art ကို အံ့မခန်း လှပအောင် စွမ်းဆောင်ပေးသွားပါပြီ။

ကဲလေ .. ပြောနေ ကြာရော့ .. ကိုယ့် note3, s4 တွေကို kitkat 4.4.2 တင်ပြီး album art လှလှလေးတွေ ထည့်ထားတဲ့ music တွေနဲ့ ပျော်မွေ့လိုက်ကြရအောင်လားဗျာ :) :)

salute the SAMSUNG !!
feel the GALAXY !!

PWK.
March 1, 2014.
ဂယောင်ဂရင် ဖြိုး @ facebook
https://www.facebook.com/groups/513079698764647/
https://www.facebook.com/pages/Future-for-smartphones/224468341029838

Friday, 28 February 2014

Samsung Galaxy S4 (gt-i9500) kitkat 4.4.2 update review.


Samsung ရဲ့ kitkat update တွေကတော့ အားရစရာ မရှိပါဘူး။ မနေ့ကလည်း note3  sm-n900 ကို kitkat 4.4.2 တင်စမ်းခဲ့သလိုပဲ ဒီနေ့မှာလည်း s4 gt-i9500 ကို kitkat 4.4.2 တင်စမ်းကြည့်ပါတယ်။ note3 ရော s4 ရော ထူးခြားချက် ကြီးကြီးမားမား မတွေ့လိုက်ရပါဘူး။ ပုံမှန် အတိုင်းပဲ android version ပြောင်းသွားတာမျိုးပါပဲ။


တစ်ခု စဉ်းစားမိတာက note3, s4 တွေဟာ စွမ်းအား ကြီးတဲ့ ကောင်းမွန်ပြီးသား device တွေ ဖြစ်နေတာကြောင့် kitkat ရဲ့ အပြောင်းအလဲကို မသိသာတာလားတော့ မပြောတတ်ပါဘူး။ ကောင်းနေပြီးသား၊ အဆင်ပြေနေပြီးသား ဆိုတော့ android version ပြောင်းသွားပေမဲ့ သိပ်မထူးခြားတော့ဘူး ဖြစ်နေတာလည်း ဖြစ်နိုင်ပါတယ်။

ဒါပေမဲ့ .... Samsung ရဲ့ ဒီ တစ်ခါ kitkat update တွေကို စိတ်ပျက်မိတာ၊ စိတ်တိုင်း မကျတာတော့ အမှန်ပါပဲဗျာ။ 4.0 ကနေ 4.1, 4.2 ကို ကူးခဲ့စဉ်တုန်းကလို အခု 4.4 အကူးအပြောင်းမှာလည်း သိသိသာသာ ထူးထူးခြားခြား ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ပေမဲ့ မှန်းချက်က မှန်းချက် အနေနဲ့ပဲ အဆုံး သတ်သွားခဲ့ပါပြီ။

ဘာပဲ ပြောပြောပေါ့လေ။ တင်ပြီးသွားမှတော့ မထူးတော့ပါဘူး။ s4 ရဲ့ kitkat 4.4.2 ကို တစ်ချက်လောက် ကြည့်ကြည့်လိုက်ကြရအောင်လားဗျာ။ :)

s4 ရဲ့ kitkat 4.4.2 မှာ အဓိက အနေနဲ့ သတိထားမိလိုက်တာက thread rendering ပိုမြန်လာတာကိုပါပဲ။ user input ကို response ပေးတာ ပို smooth ဖြစ်လာတဲ့ အပြင် main thread အနေနဲ့ run နေတဲ့ widgets, framework တွေပါ နှစ်ဆ နီးပါး ပိုမြန်လာတာကို တွေ့ရပါတယ်။ ဒါဟာ s4 ကိုင်ဆောင်နေသူတွေ အတွက် တကယ့်ကို ဝမ်းသာစရာပါပဲ။ s4 မှာ စတင်ခဲ့တဲ့ air view, air gesture စတဲ့ smart feature တွေကြောင့် s4 ဟာ response နှေးတဲ့ (တကယ် မနှေးပေမဲ့ နှေးသလိုလို ဖြစ်နေတဲ့) phone တစ်လုံးလို့ အပြောခံနေရာကနေ အခု kitkat 4.4.2 မှာတော့ အဲ့ဒိ အမည်းစက်ကို အတတ်နိုင်ဆုံး ချေဖျက်ဖို့ Samsung တို့ ကြိုးစားထားပါတယ်။ (Samsung android developer တွေကြောင့် မဟုတ်ပဲ kitkat frame ကိုက rendering တွေ ပိုမြန်လာတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။)

Samsung android developer တွေဟာ အသစ် ထုတ်မယ့် s5 အတွက် အချိန် ကုန်နေမှန်း သိသာပါတယ်။ s5 ကိုပဲ တသသ လုပ်နေကြမယ့် ကာလထဲမှာ ဆိုတော့ ရောင်းစွံပြီးသား၊ အောင်မြင်ပြီးသား note3, s4 တွေဘက်ကို လှည့်မကြည့်အားသေးပါဘူး။ ဒါကြောင့်လည်း kitkat 4.4.2 update နဲ့ အတူ တစ်ခါတည်း ပြောင်းလဲပေးသင့်မှန်း သိနေတဲ့ TouchWiz UI အဟောင်းကြီးကို မပြောင်းလဲသေးပဲ နဂို မူလ အတိုင်း ထည့်ပေးထားလိုက်တာပေါ့ဗျာ။ ဒါပေမဲ့ မျှော်လင့်စရာ တစ်ခု ရှိတာက s5 ကို တကယ် ထုတ်ရောင်းတဲ့ အချိန်မှာ note3, s4 အပါအဝင် kitkat 4.4.2 update ရမယ့် samsung android device တွေ အကုန်လုံးကို new UI တစ်ခု ချပေးလိမ့်မယ်လို့ Samsung ပရိတ်သတ်ကြီးက အားခဲနေကြတယ်ပေါ့။

အခု s4 ရဲ့ kitkat 4.4.2 ကလည်း TouchWiz ပုံစံခွက် အဟောင်းထဲမှာပဲပေါ့။ ဘာမှ မပြောင်းလဲသေးဘူး။ ပြောင်းသွားတာ ဆိုတော့ (note3 လိုပဲ) battery icon လေးက အစိမ်းရောင်ကနေ အဖြူရောင် ဖြစ်သွားတယ်။ notification bar ကို in app တစ်ခုခုကနေ ဆွဲချလိုက်တဲ့ အခါ အရင် 4.3 တုန်းကလို solid အမည်းကြီး မကျလာတော့ပဲ transparent grey နဲ့ ပြပေးတယ်။ ဒါလောက်ပါပဲ။

home desktop launcher ကို ပြောင်းလဲပစ်ဖို့ ဆိုတာကလည်း တော်တော် ခက်သားပဲကိုး။ အသစ် အသစ်ကို သုံးချင်ပေမဲ့ ကိုယ်ချင်း အများကြီး စာပေးရပါတယ်။ တခြား android တွေထက် ပိုပြီး customize ဖြစ်တဲ့၊ သုံးရတာ လွယ်ကူ ထိရောက်တဲ့ Samsung TouchWiz UI ကို ကြိုက်နှစ်သက်လို့ပဲ Samsung သုံးနေကြတာ ဆိုတော့ စောင့်လက်စနဲ့ ဆက်လက် စောင့်စား အားပေးနေကြရတော့မှာပဲပေါ့လေ။

s4 က kitkat 4.4.2 ပေါ်မှာ တခြား မသိမသာ ကောင်းလာတာလေးတွေလည်း ရှိပါသေးတယ်။
- battery စားတာ နည်းနည်း လျော့သွားတယ်။
- အပူချိန် နည်းနည်း ကျသွားတယ်။
- octa core auto switching process တွေ နည်းနည်း ပိုကောင်းလာတယ်။
- air function တွေ နည်းနည်း ပို smooth ဖြစ်လာတယ်။
ဒီလောက်ပါပဲ။ s4 ရဲ့ kitkat 4.4.2 ကို ရုတ်တရက် ကြည့်လိုက်ရင် စိတ် ကျေနပ်စရာ ကောင်းလောက်အောင် ပြူးတူးပြဲတဲ မထူးခြားသွားပေမဲ့ regular usage မှာတော့ လက်မ ထောင်ပေးရမှာ အမှန်ပါပဲ ခင်ဗျာ။

အခု အချိန်မှာ kitkat 4.4.2 update ပေးခါစ ဆိုတော့ မြန်မာစာ built-in Myanmar Zawgyi ပါတဲ့ region THL Thailand firmware မရသေးတဲ့ အတွက် INS India region firmware တင်စမ်းထားတာကြောင့် မြန်မာစာ အခက်အခဲ ရှိနေပါသေးတယ်။ s4 kitkat 4.4.2 အတွက် root ဖောက်နည်း၊ cwm flash နည်းတွေ ရှိနေပြီ ဖြစ်ပေမဲ့ root, cwm တွေကို s4 gt-i9500 ရဲ့ octa core ပေါ်မှာ မလုပ်စေချင်တဲ့ အတွက်  jellybean တုန်းက သုံးခဲ့တဲ့ zawgyi one flip font new v1.0 (s3, s4, note3 4.2.2+) ကိုပဲ အသုံး ပြုပြီး မြန်မာစာ ပြဿနာကို ဖြေရှင်းထားလိုက်ပါတယ်။ ၁၀၀% ပြည့် အဆင် မပြေပေမဲ့ အရေးကြီးတဲ့ နေရာတွေမှာတော့ သုံးလို့ ဖြစ်နေပါတယ်။

s4 kitkat 4.4.2 ပေါ်မှာ settings > display > font style နဲ့ ပြောင်းကြည့်ထားတဲ့ မြန်မာစာက ..
phone, contacts, message - မှန်
lock screen, apps drawer, desktop, settings - မှန်
facebook + facebook messenger - မှန်
hangouts (gtalk) - မှန်
gmail - မှား
internet browser, chrome browser - မှား
.. အဲ့လိုပဲ ဖြစ်နေပါသေးတယ်။ viber, skype တွေပေါ်မှာတော့ မစမ်းကြည့်ရသေးပါဘူး။ မှန်ရင် မှန်၊ မမှန်ရင် မှားပေါ့။ :P :P



သုံးတဲ့ keyboard ကတော့ ရိုးရာ အတိုင်း Bagan keyboard ပါပဲ။ Bagan keyboard ရဲ့ zawgyi fixes အောက်မှာ လေးခု ရှိတဲ့ထဲက type as unicode တစ်ခုတည်းကိုပဲ ဖျက်ထားရပါမယ်။ ကျန်တဲ့ သုံးခုကို အမှန်ခြစ် ခြစ်ပေးထားရပါမယ်။ ဒါမှ ရိုက်ရတာ အဆင်ပြေမှာပါ။ lock screen ပေါ်မှာ ပြပေးမယ့် personal information (settings > lock screen > lock screen widgets > edit personal message) ထဲမှာ ရိုက်ချင်တဲ့ အခါမျိုးကျမှ အဲ့ဒိ type as unicode ကို အမှန်ခြစ် ခြစ်ပေးရပါမယ်။ မဟုတ်ရင် ပဆင့်တွေ၊ ငသတ်တွေ ရိုက်လို့ မရပါဘူး။


အခု လောလောဆယ် kitkat 4.4.2 ကို root, cwm မလုပ်ပဲ iFont, zawgyi one flip font တွေ သုံးပြီး font install လုပ်ကြည့် စမ်းကြည့်သလောက်တော့ ၇၀% လောက်ပဲ အဆင်ပြေပါသေးတယ်။ ဒါတွေကလည်း android version အပြောင်းအလဲမှာ ဖြစ်နေကျပါပဲ။ ကျွန်တော်တို့လို common user တွေ အနေနဲ့ အချိန် ကာလ တစ်ခု အထိတော့ စောင့်နေကြရဦးမှာပါ။

မြန်မာစာ အမှန်ကို မဖြစ်မနေ လိုအပ်တယ် ဆိုရင်တော့ 4.2.2, 4.3 ကနေ 4.4.2 ကို မမြင့်သေးပဲ built-in Myanmar Zawgyi ပါတဲ့ region THL Thailand firmware လို firmware မျိုးတွေ ရလာတဲ့ထိ နောက် တစ်လလောက် ထပ်စောင့်နေလိုက်ပါဦးလို့ အကြံ ပြုပါရစေ။

rooting, custom recovery flashing ဆိုတာတွေက developer တွေ အတွက် ပိုသင့်လျော်တာကြောင့် s4, note3 တို့လို စွမ်းအား ကြီးလေ .. အတိမ်းအစောင်း မခံလေ ဖြစ်တဲ့ device တွေကို root, cwm တွေ လုပ်ထားပြီး သုံးဖို့ ဆိုတာ user experience အများကြီး လိုအပ်ပါလိမ့်မယ်။ ကိုယ်တိုင် မကျွမ်းကျင်ဘူး၊ ဖြစ်လာမယ့် error တွေကို on the spot မရှင်းလင်းနိုင်ဘူး ဆိုရင်တော့ root, cwm တွေနဲ့ မြန်မာစာ ထည့်သုံးတာမျိုးကို ရှောင်သင့်တယ်လို့ အကြံ ပြုလိုက်ရပါကြောင်း ....

PWK.
February 28, 2014.
ဂယောင်ဂရင် ဖြိုး @ facebook
https://www.facebook.com/groups/513079698764647/
https://www.facebook.com/pages/Future-for-smartphones/224468341029838

Thursday, 27 February 2014

Samsung Galaxy Note 3 (sm-n900) kitkat 4.4.2 update review.


 

note3 sm-n900 ရဲ့ kitkat 4.4.2 update ကတော့ ဘာမှ သိသိသာသာ ထူးခြား ပြောင်းလဲ ကောင်းမွန် တိုးတက်လာတာမျိုး မတွေ့ရသေးပါဘူး။ ပုံမှန် အတိုင်းပဲ android version ပြောင်းသွားတယ်။ system ပိုင်းတွေ ပိုကောင်းလာမယ်။ stability မြင့်လာမယ်။ battery consumption ပိုထိန်းလာမယ်။ octa core ရဲ့ switching တွေ ပို smooth ဖြစ်လာမယ်။ ဒီလောက်ပါပဲ။

note3 sm-n900 အတွက် kitkat 4.4.2 ကို region THL Thailand firmware တင်တဲ့ အတွက် မြန်မာစာ built-in Myanmar Zawgyi ပါဝင်ပြီးသား ဖြစ်ပါတယ်။ ၁၀၀% မှန်တဲ့ မြန်မာစာကို သုံးနိုင်တာပေါ့လေ။ read, write ရတဲ့ အပြင် system language ကိုပါ မြန်မာစာ ပြောင်းသုံးနိုင်ပါတယ်။ Samsung keyboard ရဲ့ add language ထဲမှာလည်း မြန်မာစာ keyboard ထည့်သွင်းနိုင်ပါတယ်။ Samsung Myanmar Zawgyi keyboard ကလည်း Bagan keyborad လိုပဲ smart keyboard ဖြစ်ပါတယ်။ (Bagan keyboard လောက်တော့ အဆင်မပြေဘူးပေါ့လေ။)

storage ပိုင်းမှာ 2GB လောက် ပိုထွက်လာတာ တွေ့ရပါတယ်။ 32GB မှာ user အတွက် 23.5 လောက်ပဲ ရှိရာကနေ အခုတော့ 25.5GB ကျော် ရှိလာပါပြီ။ ဒါလေးလည်း kitkat 4.4.2 မှာ ထူးခြားလာတယ်ပေါ့နော်။

notification bar ပေါ်က battery logo ရဲ့ အရောင် ပြောင်းသွားပါတယ်။ အရင်က အစိမ်းရောင် ပြပြီး အခုတော့ အဖြူရောင် ဖြစ်သွားပါပြီ။ ဒါကတော့ ဘာမှ အရေး မပါပါဘူးလေ။

တကယ် အရေးကြီးတဲ့ notification panel, toggles, desktop home launcher, theme, icon စတာတွေတော့ မပြောင်းလဲသေးပါဘူး။ အရင် TouchWiz အထိုင် အတိုင်းပဲ ရှိနေပါသေးတယ်။

settings ထဲက setting တွေထဲမှာတော့ အသေးအမွှား အပြောင်းအလဲလေးတွေ ရှိလာ၊ တိုးလာပေမဲ့ ပြောပရလောက်အောင်တော့ မထူးခြားသွားပါဘူး။ ဒါကြောင့် note 3 အတွက် kitkat 4.4.2 update ဟာ သာမန် အတိုင်းပဲ နောက်ကွယ်က android system version မြင့်သွားတာ ဖြစ်ပြီး user တွေ အတွက်တော့ “ဒုံရင်း” ဆိုတဲ့ အတိုင်း ဒုံရင်း နီးပါးပါပဲ။

ပြီးခဲ့တဲ့ February 24 ရက်နေ့ကမှ အသစ် ပြထားတဲ့ s5 ရဲ့ kitkat 4.4.2 မှာတော့ desktop home launcher ဖြစ်တဲ့ TouchWiz ကို ပြောင်းထားတာ တွေ့ရပါတယ်။ TouchWiz version အသစ် မြှင့်ထားတယ်လို့ ယူဆရပါတယ်။ သိသိသာသာ လှလာတာ၊ သေသပ်လာတာကိုလည်း တွေ့လိုက်ရပါတယ်။ s4, note3 တွေမှာလည်း အဲ့ဒိ TouchWiz version ကို update လုပ်ခွင့်ရလာလိမ့်မယ်လို့ မျှော်လင့်နေရပါကြောင်း ....

s4 gt-i9500 အတွက် kitkat 4.4.2 region INS India firmware ကိုတော့ download ဆွဲနေတုန်းပါပဲ။ မတင်ရ မစမ်းရသေးပါဘူး။ မနက်ဖြန်လောက် ပြီးမယ် ထင်ပါတယ်။ ဒါပေမဲ့လည်း s4 လည်း note3 လောက်ပဲ ဖြစ်မှာပါ။ သိသိသာသာ ထူးခြား ပြောင်းလဲသွားမယ် မထင်ပါဘူး။

PWK.
February 27, 2014.
ဂယောင်ဂရင် ဖြိုး @ facebook
https://www.facebook.com/groups/513079698764647/
https://www.facebook.com/pages/Future-for-smartphones/224468341029838