FFSPG

FFSPG

Wednesday 29 October 2014

Township v1.7.0 APK + DATA


FFSPG

မြို့​တော်​ကြီးတစ်​ခု ထူ​ထောင်​ရ​အောင်​ဗျာ ...
October 16ရက်​​နေထွက်​ အွန်​လိုင်းဂိမ်းသစ်​​လေးပါ။
မြို့​တော်​ဝန်​ထက်​​တောင်​အလုပ်​များ​စေမှာ အမှန်​တကယ်​ပါပဲ ...
ဆော့တဲ့သူနဲ့အတူ မြို့ထဲမှာ အလုပ်​လုပ်​​နေ​နေတဲ့သူ​တွေ ကား​တွ ​လေယာဉ်​ပျံ​တွေ
နဲ့ အနီးကပ်​ zoom ဆွဲကြည့်​ရင်​ လှပ​သေသပ်​စွာလှုပ်​ရှား​နေတာကို စိတ်​ချမ်း​မြေ့
စွာမြင်​ရမှာပါ ...

မိမိကိုယ်​တိုင်​ သီးနုံ​တွေစိုက်​ ၊ တိရိစ္ဆာန်​​တွေ​တွေ ၊ စက်​ရုံ​တွေ​ဆောက်​ပြီး
ကုန်​​ချောထုတ်​ ၊ ​အော်​ဒါမှာတဲ့သူ​တွေ ဟယ်​ရီ​ကော်​တာနဲ့ပို့ မီးရထားနဲ့ပို့ ...

မြို​တော်​ကို အလှဆင်​ ​မြေကွက်​ရှိုင်း​တွေဝယ်​ ၊ ​ဆေးရုံ ​တွေ ​ဟော်​တယ်​​တွေ
လူ​နေအ​ဆောက်​အုံ​တွေ စုံလိုပါဗျာ ...
အင်​တာဖွင့်​ ​ဆော့ရမှာပါ၊ G+ နဲ့ချိတ်​ဆက်​​ဆော့နိုင်​ပါတယ်​ ။

Monday 27 October 2014

School Driving 3D v1.8.1 APK

FFSPG
ကားမျိုး​မောင်းနှင်​နိုင်​မှာပါ။ ကိုယ်​ပိုင်​ကား​လေးက​နေ ပြိုင်​ကား​တွေ ဘစ်​ကား​တွေ ကုန်​တင်​ကား​တွေ ဝယ်​ယူ​မောင်​နိုင်​မှာဖြစ်​ပါတယ်​။
မြေပုံမှာညွန်​ပြတဲ့ အတိုင်း​မောင်းနှင်​ရမှာဖြစ်​ပြီး လမ်းစည်းကမ်း အတိုင်း
ပိုက်​ဆံရရှိမှာဖြစ်​ပြီး စည်းကမ်းမဲ့​မောင်းနှင်​ရင်​ ဒဏ်​​ငွေရိုက်​ခံရမှာလည်းဖြစ်​ပါတယ်
ကင်​မရာပိုင်းမှာ လည်းအဆင်​​ပြေစွာ​ဘေးပါတ်​ဝန်းကျင်​ကို ကြည်​ရှု​မောင်းနှင်​နိုင်​သလို ကွနိထရိုးပိုင်းမှာလည်း လွယ်​ကူပါတယ်​။

မိမိကိုယ်​တိုင်​ ​မောင်းနှင်​ရသလိုခံစားရမှာပါ။ လွပ်​လတ်​​ပေါ့ပါးစွာ ကား စိမ်​​ပြေန​ပြေ​မောင်းချင်​သူများအတွက်​ ရှယ်​​လေးပါ။ ၅၀မီဂါ ​လောက်​ပဲဂိမ်းဆိုက်​ရှိပါတယ်​။
ဖေ့ဘုတ်​ ဂူးဂဲပလတ်​တို့နဲ့ ချိတ်​ဆက်​ကစားနိုင်​နိုင်​ပါတယ်​။

Sunday 26 October 2014

B1 unzip,unrar APK ( ဖုန်းမှ ဇစ်ဖိုင်များဖြည်နည်း PDFစာအုပ် )

FFSPG


ဖုန်းထဲကနေ zipဖိုင်တွေ၊ rar ဖိုင်တွေ၊ Part ခွဲထားတဲ့ဖိုင်တွေကို အလွယ်တကူဖြည်နိုင်ဖို့ 
PDF စာအုပ်လေးနဲ့ ရှင်းပြပေးထားပါတယ်။ အားလုံး အလွယ်တကူ ဖုန်းထဲမှာတင် ဇစ်ဖြည်နိုင်မှာဖြစ်ပါတယ် ...

Saturday 25 October 2014

Solo Launcher v1.99 - Weather - Lock screen လောင်ချာ အလန်းလေးပါ

FFSPG

Launcher အလန်း October 16, 2014 ရက်နေ့ ထွက် အသစ်လေးပါ။
မိမိရဲ့ဖုန်းကို စမတ်ကျကျပြင်ဆင် သစ်လွင်ပေးမယ့် Solo Launcherလေးဖြစ်ပါတယ်။
HD icon များနဲ့  theme များကို ထပ်ပြီး ဒေါင်းသုံးဆွဲနိုင်ပါတယ်။
weather widget အလန်း ၊ Lock screen လေးက တော့ သူကိုသုံးထားရင် ဖုန်းမျက်နှာပြင်ကို လက်နဲ့ 
လက်ချက် ဆက်တိုက်နိုပ်ရင် screen off ပေးမှာဖြစ်ပါတယ်။

ချောမွေမြန်ဆန်ပြီး ၊ စိတ်ကြိုက်ပြင်ဆင်နိုင် မယ့် သူရဲ့ setting ကို အကြိုက်တွေမှာပါ ...

Friday 24 October 2014

Massenger v15.0.0.15.13 APK (October 23, 2014)

FFSPG

ဖေ့ဘုတ် မေ့ဆင်ဂျာလေး အပ်ဒိပ်လိုက်ပါအုံး ... :D

What's New
4.0:
Groups: Now you can create groups for the people you message most. Name them, set group photos and keep them all in one place
Forwarding: Want to send a message or photo to someone who isn't in the conversation? Just tap to forward it on
Conversation Shortcuts: Create a shortcut so that you can get to any conversation right from your home screen
Free Calls: Talk as long as you want and stay in touch wherever you are. (Calls are free over Wi-Fi. Otherwise, standard data charges apply).


DOWNLOAD LINK

OR




THANK FOR ALL
YM7


Facebook v20.0.0.25.15 APK ( October 23, 2014 )

FFSPG

ဖေ့ဘုတ် အပ်ဒိပ်လေး မြင့်လိုက်ပါအုံး ... :D

What's New
• Improvements for reliability and speed


DOWNLOAD LINK

OR




THANK FOR ALL
YM7

Samsung Galaxy S2 I9100G ကို 4.1.2 ဂျယ်လီတင်ပြီး Root ဖောက်မြန်မာစာသွင်းမယ်

FFSPG


S 2 (i9100G) ကို ဖန်ဝဲ အောက်ဖစ်ရှယ် 4.1.2 ဂျယ်လီ အပ်ဒိပ်လုပ်ပါမယ်။
Root ဖောက် မြန်မာစာ ထည့်သွင်းနည်းလေးဖြစ်ပါတယ်။

Motorcycle Driving 3D v1.3.0 APK

FFSPG

September 29, 2014 ရက်နေ့ အသစ်ထွက်ရှိလာတဲ့ Ovidiu Pop ဂိမ်းရဲ့ Motorcycle Driving 3D 
ဂိမ်းသစ်လေးပဲဖြစ်ပါတယ်။ ဆိုင်ကယ် ခရေစီများအတွက် အကြိုက်တွေမယ့် ဂိမ်းကောင်းလေးဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့နေရာကို မောင်းနှင်ရမှာပါ။ လမ်းမှာ စနစ်တကျမောင်းနှင်ရမှာပါ။ 
ရရှိတဲ့ ပိုက်ဆံတွေကနေ ဆိုင်ကယ်အလန်းများ ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
3D ရုပ်ထွက် ၊ ကင်မရာ လှုပ်ရှားမှု စိတ်ကြိုက် မြင်ကွင်းကြည့်နိုင်ပါတယ်။
မြို့ တွင်း ၊ မြို့ ပြင် ၊ တောင်ပေါ်လမ်းတွေ ၊ အမှန်ကန် လန်းပါတယ်ဗျာ ... :)

PES 13 PC ဂိမ်းကို MY-PES.Com Patch 2015 v1 & v7.0 Musim 2014/2015 သုံးပြီး အပ်ဒိပ်လုပ်မယ်

FFSPG

Pes 2013 ဂိမ်းကို MY-PES.Com Patch 2015 v1 နဲ့  v7 နှစ်ခုထည့်သွင်းပြီး ရာသီသစ်ကိုအပ်ဒိပ်နိုင်ပါပြီ။
ဂိမ်းရဲ့ Menu စတိုင်အသစ်နဲ့  ကွင်းသစ်တွေ ၊ ဘောလုံးအသစ် ၊ ဖီနပ်အသစ်တွေ ၊ ဂျာစီ အသစ် ၊
လိဒ် တန်းတက် အသင်းတွေ ၊ အခုနွေရာသီ အပြောင်းအရွေး အားလုံး ပေါ့ ...

သူရဲ့ အပ်ဒိပ် patch အားသာချက်က Menu စတိုင်အသစ် ဖြစ်ပါတယ်။
ဒေတာ ဗားရှင်းနှစ်ခုပေါင်းမှာ 2gb ပဲရှိတယ်။ ဆိုက်သေးတယ်။ ဆော့ရတာ perfect ဖြစ်တယ် ...

Legend player ဆော့ရတာ စပါယ်ရှယ် ကောင်းပါတယ် ...

အောက်မှာ ဗီဒီယိုနှင့်ပါ သေချာရှင်းပြထားပါတယ်။

Thursday 23 October 2014

Boom Beach v18.136 APK + DATA ( October 22, 2014 )

FFSPG

ကျွန်းတွေပေါ်စစ်တိုက်နေတဲ့ ဘော်ဒါတို့ အတွက် အပ်ဒိပ်လေး ပါ ...

Clash of Clans v6.322 APK ( 22 October 2014 )

FFSPG

COC အပ်ဒိပ်လေး ကဲ ဒေါင်းယူပြီး ဆွဲနိုင်ပါပြီ ...

Monday 20 October 2014

Pes 2015 APK + DATA Android!!! ( Pes 12 ကို Mod ထားတာပါ )

FFSPG

Pes 2015 စက်ရုပ်အတွက်ဖြစ်ပါတယ်။ Pes12 ကို Mod ထားတာပါ။ ဒါပေမယ့် အခု၂၀၁၅ရာသီအတိုင်း
အသင်းအင်္ကျီ၊ ကစားသမားပြောင်းရွေးပြီး ၊ လိဒ်အသင်းတွေ အပ်ဒိပ် ၊ ကမ္ဘာဖလား ၊ ကိုပါဖလား အားလုံး
ကို နယူးဖစ်ချားတွေပါပဲ :P ဆိုက်လည်းသေးပါတယ်။ ၄၀၀မိဂါ ဝန်းကျင်ပဲ ၊ အင်တာနက်မလိုပါဘူး ...
စိတ်ဝင်စားရင် အောက်မှာ ပုံလေးကြည့်ပြီး ဒေါင်းယူလိုက်ပါဗျာ ...

စပိန်Language နဲ့ မှ Exhibition ထဲမှာ ကိုယ်စိတ်ကြိုက် အသင်းရွေး၊ နိုင်ငံရွေးကန်နိုင်မှာပါ။
Language သွားပြောင်းလိုက်ရင် error တက်ပီးပိတ်သွားပါတယ်။

ဖလားတွေ အခြားအားလုံး E လိုLanguage ပြောင်းဆော့နိုင်ပါတယ်။
အဲတစ်ခုအားနည်းချက်ပေးရှိတာပါပဲ ... အားလုံး အဆင်ပြေပါတယ် ...


Man Utd HD Live Wallpaper အလန်းစား သုံးမျိုးကိုတင်ပေးလိုက်ပါတယ်။

FFSPG

မန်ယူပရိတ်သတ်များအတွက် Man Utd HD Live Wallpaper စပါယ်ရှယ် သုံးမျိုးကို တင်ပေးလိုက်ပါတယ်။
ကစားသမားအသစ်များလည်းပါတယ်။ ကြိုက်နှစ်သက်မှာပါ ...

Sunday 19 October 2014

FIFA 15 Ultimate Team v1.1.2 Cracked APK + DATA

FFSPG

Fifa15 ဘောလုံးဂိမ်း October 17, 2014 အပ်ဒိပ် အသစ်လေးပါ။ 
ပလေးစတိုးက ဒေါင်းဖို့ အဆင်မပြေသူများ အောက်မှာ ဒေါင်းယူနိုင်ပါပြီ။

Thursday 16 October 2014

90 Minutesဂျာနယ် Vol-06, No-41

FFSPG


Download Link

Wednesday 15 October 2014

Players Face & Hair များကိုအခုရာသီပုံစံသစ် အပ်ဒိပ်ထည့်သွင်းပုံ Pes 2013 ကွန်ပြူ တာဂိမ်းမှာဖြစ်ပါတယ်။

FFSPG

ဘောလုံး ကစားသမားတွေရဲ့ ယခုနှစ်မျက်နှာပုံစံ ၊ ဆံပင် ဒီဇိုင်းများကို Pes 2013 ကွန်ပြူ တာဂိမ်းမှာ
အပ်ဒိပ်လုပ်မှာဖြစ်ပါတယ်။ သူကို အသုံးပြုထည့်သွင်းဖို့ မိမိရဲ့ဂိမ်းမှာ Patch တစ်ခုခု အပ်ဒိပ်များထည့်သွင်း
ထားတာဖြစ်ရပါမယ်။ အောက်မှာ သေချာ ရှင်းပြပေးထားပါတယ် ...

Monday 13 October 2014

Digital Life နည်းပညာဂျာနယ်၏ အတွဲ ၃ အမှတ် ၂၅


FFSPG


 အောက်ပါ link များမှ download ဆွဲယူနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

Modding Way Mod Update v4.0.0&v4.1.0 ကိုသုံးပြီး FIFA14 PC Game ကို Season14/15 Update လုပ်မယ်

FFSPG



Fifa 14 ကွန်ပြူ တာဂိမ်းကို အခုနှစ် 14/15 ရာသီအတိုင်း အပ်ဒိပ်လေးလုပ်ကစားရအောင်ဗျာ ...
Modding Way Mod Update ကို အသုံးပြု မှာဖြစ်ပါတယ်။ အပ်ဒိတ်လုပ်ပြီး ဂိမ်းဖွင့်ဆော့ကြည့်ရင်
တော့ အံသြသွားစေမှာ အမှန်ပါပဲခင်ဗျာ ... လက်ရှိ fifa14 ဆော့နေသူများအတွက် တန်းပြီး
အပ်ဒိပ်ဖိုင်းလေးသွင်းပေးလိုက်ယုံပါပဲ။ လုပ်ဆောင်ရတာလည်းလွယ်ကူပါတယ်။
ဒေါင်းယူရမှာတော့ 1gb ကျော်၂လေးပါပဲ၊ဇစ်ဖြည်လိုက်ရင်တော့ များသွားမှာပေါ့လေ :P

Fifa 14 ဂိမ်းမရှိသေးသူများအတွက် ဒေါင်းလင့်ကို တစ်ခါတည်းထည့်ပေးထားပါတယ်။
Fifa15 ကြီး မဆော့နိုင်သေးတော့လည်း သူနီးနီးလောက် ကောင်းမွန်စေမှာပါ။

နောက်ထပ်ထွက်လာမယ့် အပ်ဒိပ်ကိုလည်း အခုလိုပဲ လွယ်ကူစွာထည့်သွင်းပေးလိုက်ယုံပါပဲ ...

Saturday 11 October 2014

JV Ultimate Total 2014 Patch 4.0 ကိုသုံးပြီး PES 2013 PC Game ကို Season14/15 Update လုပ်မယ်

FFSPG

Jv Ultimate patch အပ်ဒိပ်လေး 4.0 ဖြစ်ပါတယ်။ Pes 2013 ကွန်ပြူ တာဂိမ်း အတွက်
Mod update လေးဖြစ်ပါတယ်။ နာမည်ကြီး လူကြိုက်များတဲ့ ကောင်လေးလည်းဖြစ်ပါတယ်။
ကဲ ဒီကောင်လေးကို မြည်းစမ်းကြည့်ချင်တယ်ဆို အောက်မှာ ပုံ၊ဗီဒီယိုနှင့်တကွ ရှင်းပြပေးထားပါတယ်။
သူရဲ့ ပါဝင်ထဲအပ်ဒိပ်လေးတွေကို အောက်မှာ လေ့လာနိုင်ပါတယ် ...

Thanks to all who continue following the JVPESeFIFA in patches, revolutionized and went back to what had to be changed. The current patch contains the F1 and stadiums are selected within the selector matches "Konami original shape." The patch is the continuation of the 2.1 patch, everyone had enjoyed only everything in this update. Independent, Patch required to have fair play to run successfully without error.

FFSPG ဘလော့ဆိုက်မှာ ဒေါင်းလင့်များမှ ဒေါင်းယူပုံရှင်းပြပေးထားပါတယ်

FFSPG


Future for smart phone group ဘလော့ဆိုက်ကနေ ဒေါင်းလင့်များမှ ဒေါင်းယူပုံများကို
ပုံနှင့် တကွရှင်းပြပေးထားပါတယ် ...

Thursday 9 October 2014

Bandicam v2.0.3.674 with Serial Key ( ကွန်ပြူ တာ Sreenshot & HD video recorder )

FFSPG


မိမိရဲ့ကွန်ပြူ တာမှာ Screenshot နဲ့  HD video လေး ရီကော့လုပ်သိမ်းဆည်းနိုင်ဖို့ အတွက်
Bandicam ဗားရှင်းသစ် ဆော့ဝဲလေးဖြစ်ပါတယ်။ အသုံးပြုရတာလွယ်ကူပြီး ကောင်းမွန်လှပါတယ်။
မိမိစိတ်ကြိုက်နေထား ရီကော့လုပ်နိုင်မှာဖြစ်ပါတယ်။ ဂိမ်းဆော့တာတွေကို လည်း ရီကောလုပ်နိုင်ပါတယ်။
Serial key ထည့်ပုံကိုရှင်းပြပေးထားပါတယ်။အောက်မှာ ဒေါင်းယူလိုက်ပါခင်ဗျာ ...

Netguide Journal ( Vol-3 , Issue-55 )

FFSPG

အောက်တွင် ဒေါင်းယူနိုင်ပါသည်။

အားကစားမြင်ကွင်းဂျာနယ် အတွဲ(၃) အမှတ်(၄၀)

FFSPG

အောက်တွင် ဒေါင်းယူနိုင်ပါသည်။

ရွှေသွေးဂျာနယ် အတွဲ(၄၆) အမှတ်(၄၀)

FFSPG

အောက်တွင် ဒေါင်းယူနိုင်ပါသည်။

Tech Space Journal ( Vol-3, No-27 )

FFSPG

အောက်တွင် ဒေါင်းယူနိုင်ပါသည်။

90 Minutesဂျာနယ် Vol-06, No-40

FFSPG


ယခုတစ်ပတ်ထုတ် 90 Minutesဂျာနယ် Vol-06, No-40အား download ရယူနိုင်ပါပြီ။

Tuesday 7 October 2014

Pro Evolution Soccer 2014 PC Game ကို ၂၀၁၄/၁၅ ရာသီ အပ်ဒိပ်လုပ်ဆော့မယ်


FFSPG

PES 2014 PC ဂိမ်းကို ၂၀၁၄/၁၅ ရာသီအတိုင်း အပ်ဒိပ်လေးလုပ်ပြီးဆော့ရအောင် ...
လက်ရှိအခုရာသီ အတိုင်း ကစားသမားအပြောင်းရွေပြီး ၊ ရာသီသစ်အင်္ကျီ၊ လိဒ်တွေ အတန်းတက်
အသင်းများ ၊ မျက်နှာပုံအသစ်၊UEFA အပ်ဒိပ် စသဖြင့် အသစ် အသစ်တွေနဲ့  ဆော့နိုင်မှာဖြစ်ပါတယ် ...
မိမိစက်ထဲမှာ pes14 ဆော့နေတာဆိုရင် Update PATCH တွေ 6.1AIO,6.1 ထည့်ပေးလိုက်ယုံပါပဲ။
Pes14 ဂိမ်းမရှိသေးသူများအတွက်လည်း ဂိမ်းပါထည့်သွင်းပေးလိုက်ပါတယ် ခင်ဗျာ ...
အောက်မှာ ပုံနှင့်တကွ ရှင်းပြပေးထားပါတယ် ...

Monday 6 October 2014

PRO EVOLUTION SOCCER 2013 PC Game ကို ( 2014/15 ရာသီအတိုင်းအပ်ဒိပ်လုပ်ပြီးဆော့မယ် )

FFSPG

PRO EVOLUTION SOCCER 2013 PC Game ကို reupdate ပြန်လုပ်ပေးတဲ့သဘောပါပဲ ...
အရင်ဆုံး Pes13 PC ဂိမ်းကိုဒေါင်းယူပြီး စက်မှာထည့်ပေးလိုက်မယ်။ ပြီးရင် PESTN 2013 PATCH
လေးသွင်းပြီး ဂိမ်းကို ပြန်လည် ရာသီသစ်ကို အပ်းဒိပ်လုပ်ပေးလိုက်တာပါပဲ။
အားသာချက်က ဂိမ်းနာမည်သာဟောင်းနေပေမယ့် ဂိမ်းထဲမှာတော့ ဖလန်းဖလန်းထနေမှာအမှန်ပါပဲ။
pes2013 ကလည်း ကစားရတာ တည်ငြိမ်ပြီး ဆော့ရတာဆွဲဆောင်မူရှိစေပါတယ်။
developer တွေရဲ့ ကြိုးစားချက်ကတော့ အံမခန်းပါပဲ။ ဂိမ်းရုပ်တွေတွေ ၊ ကစားသမားမျက်နှာ ၊
အင်္ကျီ၊ ဘောလုံး ၊ ကစားကွင်း ၊ အပြောင်းရွှေ ၊ 2014/15 ရာသီမှာပါဝင်လာတဲ့ အသစ်တွေ
အစုံပါပဲ အကုန် ပြောင်းလဲပေးထားတာပါ။ 6.1 ဗားရှင်းမှာ Menu မှာ ဘရာဇီးကမ္ဘာဖလား နောက်ခံ
ပြောင်းလဲပေးထားပါတယ်။ 7.0 ထွက်လာရင် ပိုပြီး စုံလင်လာမှပါ....
ဂိမ်းကို ဒေါင်းရမယ့်ဆိုက်ကများနေပါတယ် သို့ ပေမယ့် ဆော့ကြည့်တဲ့ခါ စိတ်ကြေနပ်မူရှိစေမှာပါ ...
Offline Play ဖြစ်ပါတယ် :)
ကျွန်တော် ကတော့ ကြိုက်နှစ်သက်ပါတယ် ...

PESTN 2013 PATCH 7.0 ထွက်လာရင် အကြောင်းကြားပါမယ် :)


Saturday 4 October 2014

ဖိုင်ဆိုက်ကြီးတွေကို Part ဖိုင်ခွဲနည်း ( Power Winrar )

FFSPG


ဖိုင်တွေကို အပိုင်းလေးခွဲဖို့  ရှင်းပြပေးမှာဖြစ်ပါတယ်။ ဒီအသုံးပြုနည်းကို ကျွန်တော်တို့  FFSPG ဆိုက်
အက်မင်ကြီး ကိုဂရောင်ဂရင်ဖြိုး ပေးခဲ့ ရှင်းပြခဲ့တာပါ။ ကျွန်တော်တို့  ပိုစ့်တွေတင်တဲ့အခါ ဖိုင်ဆိုက်ကြီး
တာတွေကြရင် တစ်ခါတည်းဒေါင်းယူလို့ မဖြစ်တာကြောင့် အပိုင်းလေးခွဲတင်တဲ့ခါ ဒေါင်းရတဲ့သူလည်း
လွယ်ကူ အဆင်ပြေစေပါတယ်။ တော်တော်လေးကို အသုံးဝင်ပါတယ်။
လွယ်ကူပေမယ့်လည်း မသိတော့ အခက်သားဆိုသလိုပေါ့။ အောက်မှာပုံနှင့်တကွ ရှင်းပြပေးထားပါတယ်။

Thursday 2 October 2014

90 Minutesဂျာနယ် Vol-06, No-39

FFSPG


  အောက်တွင် ဒေါင်းယူနိုင်ပါသည်။

Viber v5.0.2 APK ( October 2 Update ! )

FFSPG


October 2, 2014 ရက်နေ့ အပ်ဒိပ် ထွက်လာတဲ့ ဘိုက်ဘာ နယူးဗားရှင်းသစ်လေးဖြစ်ပါတယ်။

Wednesday 1 October 2014

iOS 8.0.2 quick review (plus)


iOS 8.0.2 quick review (plus)

(ထပ်မံ ဖြည့်စွက်ခြင်း နှင့် အမှား ပြင်ဆင်ခြင်း)

မနေ့က ရေးတင်ထားတဲ့ iOS 8.0.2 quick review မှာ လိုအပ်ချက် တစ်ခုရယ်၊ အမှား တစ်ခု ရှိနေတာကြောင့် အခု iOS 8.0.2 quick review (plus) ကို update လုပ်လိုက်ရပါတယ် ခင်ဗျာ။ မနေ့က post ရဲ့ link ကတော့….

(မနေ့က post က နံပါတ် (၁၁) Notification center widgets. မှာ ဆုံးသွားတဲ့ အတွက် အခု (၁၂) ကို ထပ်ဖြည့်ထားပါတယ်။)

(၁၂) Notes. (Oooh !! Yeah !! this is superb.)



Notes ဆိုတာက mobile phone သုံးသူတိုင်းလိုလို သုံးဖြစ်ကြတဲ့၊ တကယ် အသုံးဝင်တဲ့ app တစ်ခု ဖြစ်ပါတယ်။ phone အများစုမှာ built-in app အနေနဲ့ ပါဝင်ပါတယ်။ (Moto G လို တစ်ချို့ Android phone တွေမှာတော့ မပါပါဘူး။) iPhone, iPad, iPod touch user တွေ အတွက်လည်း notes က အရမ်းကို အသုံးဝင်တဲ့၊ လူသုံး များတဲ့ built-in app တစ်ခုပါပဲ။ ဒါကြောင့်မို့ Apple တို့က iOS 8 မှာ notes (built-in app) ကို feature အသစ်တွေ ထပ်ထည့်ပေးပြီး ပိုကောင်းလာအောင် လုပ်ပေးထားပါတယ်။

ဘာကြောင့် Apple က သူတို့ (iOS ထဲက) notes ကို ပိုကောင်းအောင် လုပ်ပေးရသလဲ ဆိုရင် Android တွေကြောင့်ပါပဲ။ Android မှာ built-in ရော၊ 3rd party ရော notes app တွေ အများကြီး ရှိနေပြီး notes app တော်တော်များများက ရိုးရိုးတန်းတန်း စာ ရေးရုံ အပြင် picture တွေ ထည့်လို့ ရတယ်။ voice တွေ (အသံ သွင်း) ထည့်လို့ ရတယ်။ sketch drawing တွေ လုပ်လို့ ရတယ်။ အဲ့ဒါ အပြင် ရေးထားတဲ့ စာတွေကိုလည်း text effect တွေ သုံးပြီး decoration လုပ်လို့ ရပါသေးတယ်။

Android တွေထဲမှာ အအောင်မြင်ဆုံးနဲ့ develop အဖြစ်ဆုံး OEM ဖြစ်တဲ့ Samsung ရဲ့ notes series phone / tablet တွေမှာ ပါတဲ့ S-Note ဆိုရင် ဘယ်လောက်ထိ အဆင့် မြင့်လဲ၊ ကောင်းလဲ၊ လန်းလဲ၊ အသုံးဝင်လဲ ဆိုတာ သုံးဖူးသူတိုင်း သိကြပါတယ်။ အဲ့ဒိ S-Note ဆိုတဲ့ built-in app ကြောင့်ပဲ Samsung ရဲ့ Note series phone တွေဟာ ပေါက်သွားခဲ့တာပေါ့။ (hTC ရဲ့ built-in notes app လည်း Samsung S-Note ကို မမှီပေမဲ့ တော်တော် ကောင်းပါတယ်။)

ဒါကြောင့် Apple တို့လည်း မနေသာတော့ပဲ သူတို့ရဲ့ စာ ရေးရုံလေးသာ ရေးလို့ ရတဲ့ ပိန်းတိန်း Notes (iOS built-in app) ကို အဆင့် မြှင့်တင်လာတာ ဖြစ်ပါတယ်။ iOS က Android နဲ့ ပိုပို တူလာတဲ့ အတွက် အခု iOS 8 အပြောင်းအလဲမှာလည်း iOS notes ဟာ Android ရဲ့ notes app တွေလို feature တွေ ပါဝင်လာပါတယ်။ iOS 8 ရဲ့ notes က အရင်လို စာ ရေးရုံ သတ်သတ် ရိုးရိုးကြီး မဟုတ်တော့ပဲ..

- picture တွေ ထည့်လို့ ရလာတယ်။

- bold, italic, underline ဆိုတဲ့ text effect တွေ လုပ်လို့ ရလာတယ်။

- စာလုံးတွေကို replace လုပ်လို့ ရလာတယ်။

- စာလုံးတွေကို define (search in system dictionary) လုပ်လို့ ရလာတယ်။

** Insert Photo **
Notes ရေးရင်းနဲ့ ပုံတွေ ဘယ်လို ထည့်မလဲ ?? လွယ်ပါတယ်။ ရေးလက်စ စာကြောင်းတွေရဲ့ အောက်/အပေါ်ကို enter သုံး-လေးချက် ခေါက်ပြီး နေရာလွတ် တစ်နေရာရာပေါ် တစ် စက္ကန့်လောက် ဖိထားလိုက်ပါ။ Insert Photo ဆိုတဲ့ pop-up box လေး ပေါ်လာပါလိမ့်မယ်။ Insert Photo ကို နှိပ်လိုက်ပါ။ photos ရွေးတဲ့ထဲ ရောက်သွားပါလိမ့်မယ်။ ကိုယ် ကြိုက်တဲ့ album ထဲက photo တစ်ပုံကို ရွေးလိုက်ပါ။ ပုံကို အကြီး ပြပေးပါလိမ့်မယ်။ choose နှိပ်ပေးလိုက်ပါ။ ကိုယ် ထည့်ချင်တဲ့ ပုံက ကိုယ် ရိုက်လက်စ စာတွေထဲ ရောက်သွားပါပြီ။



ကျောင်းစာ lecture လိုက်တဲ့ သူတွေပဲ ဖြစ်ဖြစ်၊ ရုံး/အလုပ် မှာ meeting minutes လိုက်တဲ့ သူတွေပဲ ဖြစ်ဖြစ် iOS user တိုင်း အတွက် တကယ်ကို ထိထိရောက်ရောက် အသုံးဝင်တဲ့ feature အသစ် ဖြစ်ပါတယ် ခင်ဗျာ။ အရေးကြီး အချက်အလက်တွေကို စာ လိုက်ရေးရင်း ပုံနဲ့ တွဲမှတ်ဖို့ လိုအပ်လာရင် ဓါတ်ပုံ ရိုက်ပြီး ရေးလက်စ notes ထဲကို Insert Photo လုပ်ထည့်လိုက်ရုံပါပဲ။ ဒါဆို စာတွေချည်း သတ်သတ် မဟုတ်တော့ပဲ ပုံနဲ့ စာနဲ့ တွဲမှတ်ထားတာ ဖြစ်တဲ့ အတွက် ကိုယ်တိုင် ပြန်ဖတ်ရင်လည်း ရှင်းပါတယ်။ သူများကို ပြချင်ရင်လည်း ပိုမြင်သာပါတယ်။ facebook မှာ photo comment လုပ်ချင်တဲ့ သူတွေ အတွက်လည်း အသုံးဝင်ပါလိမ့်မယ်။ notes ထဲမှာ ပုံ ထည့်။ ပုံ အောက်မှာ ဖြစ်ဖြစ်၊ အပေါ်မှာ ဖြစ်ဖြစ် ကိုယ် ရေးချင်တဲ့ စာ ရေးပြီးသွားရင် done လုပ်။ screenshot ဖမ်း။ ဒါပဲ။ ဘယ်လောက် လွယ်သလဲ။ တခြား ဘာ photo edit app မှ ရှုတ်ရှုတ်ထွေးထွေး သုံးနေစရာ မလိုတော့ဘူးပေါ့။

တစ်ခုပဲ လိုအပ်ချက်ကလေး ရှိနေသေးတာက ထည့်လိုက်တဲ့ ပုံကို resize အချုံ့ အချဲ့ အကြီး အသေး လုပ်လို့ မရသေးပါဘူး။ ပုံ resolution ကြီးရင် ကြီးသလို ဝင်သွားပါတယ်။ နောက်ပိုင်း iOS vserion အသစ် update တွေမှာတော့ resize လုပ်လို့ ရကောင်း ရလာနိုင်ပါတယ်။ ရလာပါစေလို့လည်း မျှော်လင့်နေပါတယ်။

** BIU - Bold, Italics, Underline **
ရေးထားတဲ့ words, letters, sentences, paragraphs တွေကို double tap (or) long press နဲ့ select လုပ်လိုက်ရင် ပေါ်လာတဲ့ pop-up box လေးရဲ့ ဘယ်ဘက်ကို ဆွဲလိုက်ရင် Replace, BIU, Define ဆိုတာတွေ တွေ့လိမ့်မယ်။ BIU ကို နှိပ်လိုက်ရင် Bold, Italics, Underline တွေကို တွေ့ရပါမယ်။ Bold လုပ်လိုက်ရင် စာလုံးတွေ မည်းမည်းထူထူ ဖြစ်လာမယ်။ Italics လုပ်လိုက်ရင် စာလုံးတွေ ညာဘက်ကို နည်းနည်း စောင်းရွဲ့သွားမယ်။ Underline လုပ်လိုက်ရင် စာလုံး အောက်မှာ မျဉ်းကြောင်း တားပေးသွားမယ်။


ဒီ text decoration လေးဟာ အင်မတိ အင်မတန်ကို အသုံးဝင်ပါတယ်။ notes ရေးမှတ်တဲ့ အခါ အထူးပြုချင်တာတွေ၊ အရေးကြီး အချက်အလက်တွေကို ထင်ထင်ရှားရှား မြင်တွေ့လာနိုင်ပြီပေါ့။ အရမ်းကို အသုံးဝင်ပါတယ်။

** Replace **
ရေးထားတဲ့ စာလုံးကို double tap (or) long press နဲ့ select လုပ်လိုက်ရင် ပေါ်လာတဲ့ pop-up box လေးရဲ့ ဘယ်ဘက်ကို ဆွဲလိုက်ရင် Replace, BIU, Define ဆိုတာတွေ တွေ့လိမ့်မယ်။ Replace ကို နှိပ်လိုက်ရင် ကိုယ် ရေးထားတဲ့ စာလုံးနဲ့ ဆင်တူတဲ့ စာလုံးတွေ ပြပေးပါလိမ့်မယ်။ ကိုယ် ရေးထားတာ spelling မှားနေရင်လည်း spelling အမှန်ကို ပြပေးပါလိမ့်မယ်။ ဒါလည်း တော်တော့်ကို အသုံးဝင်ပါတယ်။


တစ်ခါတစ်လေမှာ အလောတကြီးနဲ့ lecture လိုက်နေရတာမျိုး၊ meeting minutes လိုက်နေရတာမျိုးလို ဦးနှောက်က စာထဲ၊ အလုပ်ထဲ အရမ်း အာရုံ ရောက်နေချိန်မှာ ဆင်တူရိုးမှား စာလုံးပေါင်းတွေကို ရုတ်တရက် စဉ်းစားမရတာမျိုး ဖြစ်လေ့ဖြစ်ထ ရှိတတ်ကြတာမို့ ဒီ Replace ဆိုတဲ့ function လေးက ကျွန်တော်တို့ကို အများကြီး အထောက်အပံ့ ဖြစ်စေမှာပေါ့ ခင်ဗျာ။

** Define ** (This is AWESOME. Thank you Apple.)
Define ဆိုတော့ စာလုံးရဲ့ အဓိပ္ပါယ်ကို ရှာတာပေါ့။ ကိုယ် ရေးထားတဲ့ စာလုံး တစ်လုံးကို double tap (or) long press နဲ့ select လုပ်ပြီး ပေါ်လာတဲ့ pop-up box လေးရဲ့ ဘယ်ဘက်ကို ဆွဲလိုက်ပါ။ Define ဆိုတာကို နှိပ်လိုက်တာနဲ့ Dictionary ထဲ ရောက်သွားပါလိမ့်မယ်။ အဲ့ဒိ Dictionary က offline ပါ။ iOS built-in Dictionary ပါ။ Dictionary ထဲ ရောက်သွားရင် NEW OXFORD AMERICAN DICTIONARY နဲ့ APPLE DICTIONARY ဆိုပြီး နှစ်ခု တွေ့ပါလိမ့်မယ်။


အရင်ဆုံး APPLE DICTIONARY ထဲ ဝင်ကြည့်လိုက်ပါ။ APPLE DICTIONARY ကတော့ စာလုံး အဓိပ္ပါတယ်ကို လိုရင်းတိုရှင်း ပြောပြပေးထားပါတယ်။ ဖတ်ရတာ တိုတိုနဲ့ နားလည် လွယ်ပါတယ်။


ပိုပြီး ပြည့်စုံတာ ဖတ်ချင်ရင်တော့ NEW OXFORD AMERICAN DICTIONARY ထဲ ဝင်လိုက်ပါ။ ဒါကတော့ တကယ့် classic dictionary မျိုးပဲ ဖြစ်ပါတယ်။ phonetic တွေ၊ grammar တွေပါ ရှင်းပြထားပါတယ်။ စာလုံး တစ်လုံး တစ်လုံးကို အပြည့်အစုံ ရှင်းပြထားတဲ့ အတွက် စာမျက်နှာ သုံး-လေး မျက်နှာစာလောက် ဖြစ်နေတတ်ပါတယ်။ မကြိုက်သေးရင် Search Web လုပ်ပြီး ထပ်ရှာနိုင်ပါသေးတယ်။



built-in ပါပြီးသား NEW OXFORD AMERICAN DICTIONARY နဲ့ APPLE DICTIONARY နှစ်ခု အပြင် တခြား dictionary တွေကိုလည်း ထပ်ပြီး download ဆွဲနိုင်ပါသေးတယ်။ ကဲ.. မကောင်းလားဗျာ။ ဟန်ကို ကျလို့။ Dictionary ထဲမှာ ဘယ်ဘက် အောက် ထောင့်က Manage ကို နှိပ်လိုက်ရင် dictionary တွေ download ဆွဲတဲ့ထဲ ရောက်သွားပါလိမ့်မယ်။ download ဆွဲလို့ ရမယ့် dictionary တွေ မနည်းဘူးပဲ။


ဒီ Define ဆိုတဲ့ တစ်ချက်ဟာ တော်တော်ကြီးကို သာပါတယ်။ Apple ရဲ့ iOS Notes ကို ပြည့်စုံသွားစေပါတယ်။ Android built-in Notes app တွေ အတော်များများထက် iOS Notes ဟာ ပိုသာသွားတယ်၊ ရင်ဘောင် တန်းနိုင်လာတယ်လို့ ခံစားမိတာပါပဲ ခင်ဗျာ။

(အမှား ပြင်ဆင်ခြင်း)

(အမှား ပြင်ဆင်ခြင်း - Personal Hotspot)


ပထမ post ရေးတုန်းက အမှားလေး တစ်ခုကို ပြန်ပြင်ပါတယ် ခင်ဗျာ။ ကျွန်တော့် post တင်ပြီးပြီးချင်းမှာပဲ သူငယ်ချင်း တစ်ယောက် ပြောပြလို့ သိလိုက်ရတာပါ။ ပြောပြတဲ့ သူငယ်ချင်းကို ကျေးဇူး တင်ပါတယ်။
iOS 8 မှာ personal hotspot မပျောက်ပါဘူး။ ကျွန်တော် သေချာ မကြည့်မိလိုက်တာပါ။ ခါတိုင်းလိုပဲ mobile data (phone internet) ရဖို့ အတွက် cellular data ရဲ့ APN ကို ဖြည့်ပြီး ပြန်ထွက်လိုက်တော့ အောက်ကို ဆက်မကြည့်မိလိုက်ဘူးရယ်။ အရင် iOS တွေတုန်းကတော့ personal hotspot က ပေါ်နေပြီးသား ဖြစ်ခဲ့တာကိုး။ အခု iOS 8 မှာတော့ settings > cellular…. ရဲ့ အောက်ဆုံးမှာ personal hotspot ဆိုတာ ရှိပါတယ်။ personal hotspot ရဲ့ APN ထဲမှာ mptnet လို့ ဖြည့်လိုက်မှ အပြင်မှာ personal hotspot ဆိုပြီး ပေါ်လာပါလိမ့်မယ်။ အဲ့ဒိတော့ ထုံးစံ အတိုင်း personal hotspot ထဲ ဝင်ပြီး password လေး ဘာလေး ပြောင်းပေါ့လေ။



ဒါပါပဲ ခင်ဗျာ။ အခုတော့ ဒီလောက်ပါပဲ။ နောက်လည်း ထပ်ပြီး တွေ့မိ၊ သိမိတာတွေ ရှိလာခဲ့မယ် ဆိုရင် ထပ်ပြီး update လုပ်ပါဦးမယ်။
.
.
.
.
လူ သင်္ခါရ။ ပစ္စည်း သင်္ခါရ။
နည်းပညာ အနန္တ။
PWK.
ဂယောင်ဂရင် ဖြိုး @ facebook
October 1, 2014. 10:48 PM.

Facebook group

Facebook page