FFSPG

FFSPG

Wednesday 24 July 2013

sony xperia L (c2104/2105) mobile review +sources

MOBILE REVIEW
+sources

 sony xperia L 

(c2104/2105)


မင်္ဂလာပါ ခင်ဗျာ

               မနေ့က ဟိုနား ဒီနား လျှောက်သွားရင်း sony xperia L ဆိုတဲ့ phone လေး တွေ့လိုက်တာနဲ့ sony phone ဆိုရင် ဘယ်တုန်းကမှ “စိတ်မ၀င်စားခဲ့ “မသုံးခဲ့ “အထင် မကြီးခဲ့တဲ့ ကျွန်တော့် ခမျာ “မြင်မြင်ချင်းပဲ ချစ်မိတယ် ဆိုသလိုပဲ မြင်တာနဲ့တင် တစ်ခါတည်း ကြွေသွားမိပါတယ်။ အဲ့လို သဘော ကျချင်စရာ ကောင်းလောက်အောင်လည်း phone design က အရမ်း လန်းတာကိုး ခင်ဗျာ့။ ကျွန်တော်တို့လို ယောက်ျားတွေ မျက်လုံးထဲမှာတောင် ဒီလောက် လှနေရင် မိန်းခလေးတွေ အတွက် ဆိုရင်တော့ ဒီ sony xperia L လေးက လက်ထဲကကို မချချင်တဲ့ နှင်းဆီပန်းလေး တစ်ပွင့် ဖြစ်နေမှာ သေချာလောက်ပါရဲ့။ ကဲ ... ပုံလေးတွေကို ကြည့်ကြည့်ကြပါဦး။
(ပုံတွေကို original size နဲ့ ကြည့်ချင်ရင် ပုံပေါ်မှာ right click ထောက်ပြီး open in new tab လုပ်လိုက်ပါ။)

                               aluminium power button                         highlighted camera ring
         
                                   smooth edges                                                   illuminated alerts

               တခြား phone တွေနဲ့ မတူပဲ တစ်မူ ထူးခြားနေတဲ့ ခပ်ကော့ကော့ design အပြင် touch screen ကို ဘေးပတ်လည် တစောင်းသားနဲ့ ပင့်တင်ထားသလို ပုံစံလေးကို ကျွန်တော် အကြိုက်ဆုံးပေါ့။ aluminium power button, highlighted camera ring တွေ အပြင် illuminated alerts ဆိုတဲ့ phone ဘေးပတ်လည်မှာ တလက်လက် အရောင်ပြေးလေးက တကယ့်ကို ရှုမငြီးစရာ ကောင်းလွန်းလို့ပါဗျာ။ လေးထောင့်စပ်စပ် ပြားချပ်ချပ် design ပုံတုံးကြီးတွေကနေ မခွဲထွက်လာနိုင်သေးတဲ့ iphone, samsung, htc တို့နဲ့ ယှဉ်ကြည့်လိုက်ရင် ဒီ sony xperia L လေးက နေ၀င်ရီဖြိုးဖြ အချိန်မှာ မြစ်ပြင်ပေါ် မေး တင်နေတဲ့ နေလုံးကြီးလို လှချင်တိုင်းကို လှနေရော။          
     
                     

               

       

               phone လေး တစ်လုံးကို ကြိုက်မိပြီ ဆိုတော့ သူ့ နောက်ကြောင်းကို စုံစမ်းရပြီပေါ့။ sony xperia L ရဲ့ specification တွေကို တစ်ချက်လောက် စောင်းငဲ့ကြည့်သွားကြပါဦး။

အရေးကြီးတဲ့ specs တွေကို အရင် ကြည့်လိုက်ကြရအောင်။
ဈေးနှုန်းက အရေးကြီးဆုံးလို့ ထင်ပါတယ်။
မြန်မာငွေ ၂၃၀၀၀၀ - ၂၄၀၀၀၀ လောက် ပေါက်ဈေး ရှိနေတဲ့ phone တစ်လုံးပါ။

os = android jellybean v4.1.2
body = 128.7 x 65 x 9.7 mm @ 137g
sim card type = micro sim (12x15mm)
screen size = 4.3" @ 480 x 854 pixels with 228ppi
cpu = dual core x 1.5ghz (qualcomm MSM8230 snapdragon).
gpu = adreno 305.
ram = 1gb.
storage = 8gb (5.8gb user available) micro sdcard up to 32gb.
camera main = 8mp
camera face = vga
battery = li-ion 1750mah
colors = black, white, red.

ဒါကတော့ အသေးစိတ် specs တွေပါ။ စိတ်မ၀င်စားရင် ကျော်သွားလို့ ရတာပေါ့ ခင်ဗျာ။

screen
multitouch up to 4 fingers.
TFT capacitive touchscreen, 16M colors.
Scratch-resistant glass.

camera
autofocus, led flash, geo-tagging, touch focus, face and smile detection, image stabilization, HDR, sweep panorama, video 720p@30fps, video stabilization, HDR

battery
stand-by up to 498h (2G) / up to 454h (3G)
talk time up to 8h 30min (2G) / up to 9h (3G)
music play up to 43h 12min

SNS integration
Active noise cancellation with dedicated mic
MP4/H.263/H.264/WMV player
MP3/eAAC+/WMA/WAV player
Document viewer
Photo viewer/editor
Voice memo/dial
Predictive text input
Sensors = Accelerometer, proximity, compass
Messaging = SMS(threaded view), MMS, Email, Push Email, IM
Browser = HTML5
Radio = Stereo FM radio with RDS
GPS = Yes, with A-GPS support
Java = Yes, via Java MIDP emulator

Data
GPRS    Up to 85.6 kbps
EDGE Up to 237 kbps
Speed = HSDPA, 21 Mbps; HSUPA, 5.76 Mbps
WLAN = Wi-Fi 802.11 a/b/g/n, dual-band, Wi-Fi Direct, DLNA, Wi-Fi hotspot
Bluetooth v4.0 with A2DP
NFC
USB microUSB v2.0

Sound
Alert types = Vibration; MP3 ringtones
Loudspeaker
3.5mm jack

2G Network
GSM 850 / 900 / 1800 / 1900 - C2104, C2105

3G Network
HSDPA 900 / 2100 - C2105
HSDPA 850 / 1700 / 1900 / 2100 - C2104

               အဟင်း ... phone ရဲ့ စွမ်းဆောင်ရည်ကတော့ အားရစရာ မရှိဘူးပေါ့ ခင်ဗျာ။ အခု နှစ်ပိုင်းမှာ quad core + ram 2gb သုံးထားတဲ့ device တွေချည်း နေရာ ယူထားကြတာ ဆိုတော့ ဒီ sony xperia L လေးက ၂၀၁၃ ခုနှစ် ထုတ်ကုန် ဖြစ်ပေမဲ့ အနိမ့်စား စွမ်းဆောင်ရည်လောက်ပဲ ရှိပါတော့တယ်။ TV အကြီးတွေ ထုတ်တဲ့ နေရာမှာ “၀ါရင့် ကိုးတောင်ကျားကြီး ဖြစ်တဲ့ sony က mobile မှာကျတော့ ထူးထူးခြားခြား မှုန်တိမှုန်ဝါး ဖြစ်နေတဲ့ screen display ကလည်း စိတ်ပျက်ဖွယ်ရာ အချက်တွေထဲမှာ ထိပ်ဆုံးကပါပဲ။ ဒီလို hardware specs ထက် ပို အရေးကြီးတဲ့ system ပိုင်းမှာလည်း sony က android မှာ develop မဖြစ်/မကောင်းတာကြောင့် သူ့ android မှာ မက်လောက်စရာ ကောင်းတဲ့ features အလန်းတွေ မပါတဲ့ မရှိတဲ့ အပြင် အခြေခံ လုပ်ဆောင်ချက်တွေမှာတောင် process နှေးတာနဲ့၊ home desktop မှာ ထစ်ငေါ့ ထစ်ငေါ့ ဖြစ်နေတာနဲ့၊ app/game တွေ run ရင် force close ဖြစ်တာတွေနဲ့ တိုင်ပတ်နေတတ်သေးလို့ sony phone သုံးရတာများလေ ... ဂျီလတ် သီချင်းလို “ငါ ဖြစ်ချင်တာရယ် ... ငါ ဖြစ်နေတာနဲ့ ... ရူးသွားရင် ကောင်းလိမ့်မယ် ... ဟုတ်တယ် လို့သာ ကုန်းအော်ပစ်လိုက်ချင်တော့တယ်။

               ဒါပေမဲ့ ... ကျွန်တော်သာ ပိုက်ဆံ နှစ်သိန်းခွဲလောက် သုံးမယ် စိတ်ကူးနဲ့ phone ၀ယ်တော့မယ် ဆိုရင် ဒီ sony xperia L ကိုပဲ မျက်လုံး စုံမှိတ်ပြီး ရွေးချယ် ထွေးပွေ့ပစ်လိုက်မှာပါ။ အဓိကက design ထူးခြား ဆန်းသစ် လှပလို့ ဖြစ်ပါတယ်။ နှစ်သိန်းခွဲတန်းမှာ ရနိုင်တဲ့ specs အရလည်း ဒီ phone ဟာ ထိုက်တန်သလို ရှိပါတယ်။ ၀ယ်ပြီးသွားမှ sony ရဲ့ android ကို မကြိုက်ဘူး မလိုချင်ဘူး ဆိုရင် ကိစ္စ မရှိပါဘူး။ android platform ဟာ အင်မတန်ကို လွတ်လပ်ပါတယ်။ bootloader ကို unlock လုပ်လိုက်မယ်၊ root လုပ်ပစ်လိုက်မယ်၊ cwm/twrp သွင်းထားပြီး custom rom တွေ ရှာစမ်း၊ down စမ်း၊ သွင်းစမ်း၊ သုံးစမ်း၊ ပိုးစိုးပက်စက် ကလိပစ်စမ်း ... ကဲ ... ဟန်မကျလား ခင်ဗျာ။ “လူ မစွမ်း - နတ် မ ဆိုတဲ့ စကား အတိုင်း manufacturer မစွမ်းရင် developer မလိမ့်မှာပေါ့။

               ဒီ sony xperia L phone လေးက samsung s2 နဲ့ အရည်အသွေး တန်းတူလောက် ရှိတဲ့ အတွက် သုံးတဲ့ သူက ထိန်းထိန်းသိမ်းသိမ်း သပ်သပ်ရပ်ရပ် သုံးပေးနိုင်ရင် asphalt 7 လို super high definition game တွေထိ ဆော့နိုင်မှာပါ။ process အကြီးတွေ သုံးနိုင်မှာပါ။

---------
sources
---------
(၁) official firmware
(၂) bootloader unlock / relock
(၃) rooting
(၄) custom recovery (testing state cwm+twrp)
(၅) custom firmware (cyanogenmod is not available yet.)

*** ဘာပဲ လုပ်လုပ် phone/device မှာ usb debugging နဲ့ unknown sources ဆိုတာ နှစ်ခုကို အမြဲတမ်း on ပေးထားရမှာ ဖြစ်ပါတယ်။ pc မှာ ရှိတဲ့ anti virus တွေ ဘာတွေကို အကုန် ပိတ်ထားသင့်ပါတယ်။ ***

(၁) official firmware

               phone/device ရဲ့ firmware version ကို ကြည့်တဲ့ နေရာ နှစ်နေရာ ရှိပါတယ်။ တစ်ခုက android version ဖြစ်ပြီးတော့ နောက်တစ်ခုက manufacturer တွေရဲ့ ကိုယ်ပိုင် firmware build number ဖြစ်ပါတယ်။
phone > settings > about phone > android version / build number


(ကိုယ့် phone က နောက်ဆုံး android version / build number version ပေါ် ရောက်နေပြီးသား ဖြစ်ဖြစ် firmware မတင်ချင်တာပဲ ဖြစ်ဖြစ် ဆိုရင်တော့ အခု အဆင့်ကို ကျော်သွားလို့ ရပါတယ်။)

               phone တစ်လုံး ၀ယ်လာပြီ ဆိုရင် မရှိမဖြစ် ရှိကိုရှိရမှာက သက်ဆိုင်ရာ firmware ဖြစ်ပါတယ်။ ဒါမှ phone တစ်ခုခု ဆိုးဆိုးဝါးဝါး ဖြစ်တဲ့ အခါ firmware ပြန်တင်လို့ ရမှာပါ။ official firmware ပြန်တင်တာဟာ phone ကို လုံးဝ damage မဖြစ်စေပါဘူး။ အားနေလို့ တစ်နေကုန် တစ်နေခမ်း အခါ ၁၀၀ မက firmware ထိုင်တင်နေလည်း phone က အပြုံး မပျက်သွားပါဘူး။ service state မှာ firmware ပြန်တင်လိုက်ရတယ် ဆိုတာ နောက်ဆုံး အဆင့်ပဲ ဖြစ်ပါတယ်။ firmware ပြန်တင်လို့မှ မကောင်းလာတော့ဘူး ဆိုရင်တော့ လေးဖြူရဲ့ “မင်း ... ငါ့ကို ... မေ့လိုက်တော့ ဆိုတဲ့ အသံလေးကိုသာ ကြားယောင်လိုက်ပါတော့ဗျာ။

(side option - backup and reset)
               ဘယ် phone ဘယ် device မဆို firmware ပြန်တင်တော့မယ် ဆိုရင် reset ချပေးရပါမယ်။ reset မချခင် ကိုယ့် device ထဲက data တွေ app တွေကို backup လုပ်ထားသင့်ပါတယ်။ sdcard စိုက်ထားရင် ဖြုတ်လိုက်ပါ။ ဒါဆို sdcard ထဲက data တွေ safe ဖြစ်သွားပါပြီ။ sdcard ကိုလည်း format တစ်ခါလောက် ချပေးသင့်တဲ့ အတွက် card reader သုံးပြီး sdcard ထဲက data တွေကို pc ထဲ ကူးထည့်ထားလိုက်ရင် အကောင်းဆုံး ဖြစ်မှာပါ။

               device storage ထဲက data တွေကို backup လုပ်ဖို့ အတွက်ကတော့ ကျွန်တော် သုံးနေကျ wondershare mobile go for android က အဆင် အပြေဆုံး ဖြစ်မယ် ထင်ပါတယ်။ သူ့ official website မှာ free trial version ကို download ယူနိုင်ပါတယ်။
full version လိုချင်ရင်တော့ ...
credit to amyokaungtarr.com
... မှာ ရယူနိုင်ပါတယ်။ ဒီ software ရဲ့ သုံးနည်း instruction တွေ ရေးပြနေရင် စာမျက်နှာတွေ တအား များသွားမှာမို့ ဒီ နေရာမှာ မရေးပြတော့ပါဘူး။ သုံးနေကျ သူတွေ အတွက် အဆင် ပြေပါလိမ့်မယ်။ မသုံးဖူး မစမ်းဖူးသေးတဲ့ သူတွေတော့ မီးစင်သာ ကြည့်ကလိုက်ကြပေတော့ဗျို့။

               backup တွေ စိတ်တိုင်းကျ လုပ်ပြီးပြီ ဆိုရင် reset နှစ်ခါ သုံးခါလောက် ချပေးလိုက်ပါ။ device ရဲ့ အရှုတ် အရှင်းပေါ် မူတည်လို့ ဒီလို နှစ်ခါ သုံးခါ reset ချဖို့ အကြံ ပေးရတာပါ။ device > settings > backup & reset ... မှာ reset ချလို့ ရပါတယ်။ internal storage ကိုလည်း erase လုပ်ပေးရပါမယ်။ ဒါမှ သန့်ရှင်းသွားမှာပါ။
-------------------------------------

               အခု sony xperia L က factory default ကို android jellybean နဲ့ ထွက်လာတာပါ။ နောက်ဆုံး build number version ကို ရှာကြည့်တော့ 15.0.A.1.36 ဖြစ်ပါတယ်။ phone > settings > about phone မှာ ကြည့်လို့ ရပါတယ်။ အဲ့ဒိ firmware version ကို လိုချင်ရင်တော့ အခု ပေးထားမယ့် link မှာ download ယူနိုင်ပါတယ်။

part 1 (488MB) = http://d-h.st/3iO
part 2 (82MB) = http://d-h.st/92u
firmware C2105_15.0.A.1.36_CE.ftf
(generic user Brand World Customization 1272-2269_R5A)
(MD5 Sum: 8a2a158e73b9b7ef2ee2e9382a74fc5c)

               sony device တွေကို firmware တင်တဲ့ နေရာမှာ အဓိက အားထားပြီး သုံးနေကြရတဲ့ sony flashtool မရှိသေးရင်လည်း download ဆွဲလိုက်ပါ။ နောက်ဆုံး version က v0.9.11.0 ဖြစ်ပါတယ်။ 112mb ရှိပါတယ်။ official site က http://androxyde.github.io/ ဖြစ်ပါတယ်။ သွားကြည့်ပြီး လေ့လာလို့ ရပါတယ်။ အဲ့ဒိမှာ ပေးထားတဲ့ link တွေကတော့ full speed လည်း မရ resume လည်း မရတာကြောင့် သုံးလို့ မဖြစ်ပါဘူး။

latest Flashtool 0.9.11.0 for ms windows
(or)
(or)

               ဒါ full speed + resume ရတဲ့ download link တွေကို ရှာပြီး တင်ထားပေးတာ ဖြစ်ပေမဲ့ link တွေဟာ အချိန် မရွေး သေသွား ပျက်သွားတတ်တာကြောင့် ကျွန်တော် ပေးထားတဲ့ link ကနေ firmware download မရတော့ဘူး ဆိုရင် google ထဲမှာ ထပ်ပြီး ရှာဖွေကြည့်ကြရတော့မှာ ဖြစ်ပါတယ်။

               sony သုံးမယ် ဆိုတော့ sony update services (sus) နဲ့ sony pc campanion တွေ ရှိဖို့ လိုသေးတာပေါ့။ ဒါမှ usb error မတက်မှာ။ ဒီ နှစ်ခု အတွက်ကတော့ sony ရဲ့ officail site မှာပဲ သွားဆွဲယူနိုင်ပါတယ် ခင်ဗျာ။

               sus နဲ့ pc companion တွေ pc ထဲမှာ မရှိသေးရင် သွင်းလိုက်ပါ။ ဒါတွေက update တောင်းပါတယ်၊ စစ်ပါတယ်။ နည်းနည်း မြန်တဲ့ internet ရှိရင် ပို အဆင်ပြေပါလိမ့်မယ်။

               flashtool ကို pc မှာ install လုပ်လိုက်ပါ။ default အနေနဲ့ partition C:// မှာ install လုပ်သွားပါလိမ့်မယ်။ အဲ့ဒါကို မပြောင်းပဲ ထားရင် အကောင်းဆုံးပါပဲ။ သွားရှာရတာ လွယ်အောင်ပေါ့ ခင်ဗျာ။ c://flashtool folder ထဲမှာ drivers folder ရှိပါတယ်။ အဲ့ဒိထဲက Flashtool-drivers ဆိုတာကိုလည်း သွင်းပေးရပါမယ်။

               firmware zip file နှစ်ခုရဲ့ part 1 ကို extract လုပ်လိုက်ပါ။ (part 2 အဆင်သင့် ရှိနေဖို့လည်း လိုအပ်ပါတယ်။) .ftf file တစ်ခု ဖြစ်တဲ့ c2105_15.0.A.1.36_PT. TELETAMA ARTHA MANDIRI.ftf ကို ရလာပါလိမ့်မယ်။ အဲ့ဒိ file ကို copy လုပ်ပြီး c://flashtool > firmwares ဆိုတဲ့ folder ထဲမှာ paste လုပ်ထားရပါမယ်။

(ဒီလို flashtool နဲ့ firmware တင်တာဟာ ၁၀၀% ပြည့် error ကင်းပါတယ်။ warranty မပျက်ပါဘူး။ root လုပ်စရာ မလိုပါဘူး။ bootloader က unlock ဖြစ်ဖြစ် lock ဖြစ်ဖြစ် ရပါတယ်။)

(၁.၁)
               flashtool ကို administrator အနေနဲ့ run လိုက်ပါ။

               device နာမည်တွေ ရေးထားတဲ့ box တစ်ခု ကျလာရင် ကိုယ့် phone ကို ရှာကြည့်ပါ။ တွေ့ရင် ok နှိပ်။ မတွေ့လည်း ကိစ္စ မရှိပါဘူး။ cancel နှိပ်လိုက်ပါ။ အဲ့ဒိ device checking box က တစ်ခါတစ်လေ ပေါ်လာတယ်၊ တစ်ခါတစ်လေ မပေါ်လာဘူး။

(၁.၂)
               flashtool ရဲ့ ဘယ်ဘက် ထိပ်မှာ အမည်းရောင် မိုးကြိုးပုံလေး ရှိပါတယ်။ အဲ့ဒါ flash ပါ။ အဲ့ဒါကို နှိပ်လိုက်ပါ။ box လေး တစ်ခု ကျလာပြီး ...
flashmode
fastboot mode
... နှစ်ခု ရွေးစရာ ပေးထားပါတယ်။ firmware တင်မှာ ဖြစ်တဲ့ အတွက် flashmode ကို check လုပ်ပြီး ok နှိပ်လိုက်ပါ။ နောက်ထပ် box အကြီး တစ်ခု ကျလာပြီး firmware ရွေးခိုင်းပါတယ်။ ခုနက ထည့်ထားတဲ့ c2105_15.0.A.1.36_PT. TELETAMA ARTHA MANDIRI.ftf ကို ရွေးပေးလိုက်ပါ။
No Final verification
Wipe data
Wipe cache
Wipe apps log
အဲ့ဒိ လေးခုကို အမှန်ခြစ် ခြစ်ထားပေးဖို့ လိုပါတယ်။ ပြီးရင် ok နှိပ်လိုက်ပါ။ flashtool က firmware ကို စစ်ဆေးနေပါလိမ့်မယ်။ ပြီးသွားရင် waiting for device ဆိုပြီး ပြောပါတယ်။

(၁.၃)
               phone ကို power ပိတ်လိုက်ပါ။ တစ်မိနစ်လောက် နေပြီးမှ volume down ခလုတ်ကို ဖိနှိပ်ထားရင်း usb ကြိုးနဲ့ pc ကို ချိတ်လိုက်ပါ။

               flashtool က phone ကို သိသွားပြီး firmware တင်ပေးနေပါလိမ့်မယ်။ သိပ်မကြာပါဘူး။ အလွန်ဆုံး ၁၀ မိနစ်လောက်ပါပဲ။ ပြီးသွားရင် flashtool က finished ပြမယ်ပေါ့။ phone မှာ auto restart မဖြစ်လာခဲ့ရင် phone နဲ့ pc ချိတ်ထားတဲ့ usb ကြိုးကို ဖြုတ်ပြီး phone ကို manual အနေနဲ့ပဲ power off - on လုပ်ပေးလိုက်ပါ။ စစတက်ချင်းမှာ အရမ်းကို ကြာပါတယ်။ စိတ်မပူပါနဲ့။ ဒါက firmware တင်တိုင်း ဖြစ်နေကျပါပဲ။ ဘာမှ သွားမလုပ်ပါနဲ့။ ဒီ အတိုင်းပဲ ကြည့်နေလိုက်ပါ။ သူ့ဟာသူ တက်လာပါလိမ့်မယ်။

(flashtool က phone ကို မသိဘူး ဆိုရင်တော့ အရင်ဆုံး usb port ပြောင်းကြည့်ပါ။ usb cable လဲသုံးကြည့်ပါ။ phone နဲ့ ပတ်သတ်တဲ့ drivers တွေ ထပ်သွင်းကြည့်ပါ။ ဒါမှ မရဘူး ဆိုရင်တော့ pc error တွေကြောင့် ဖြစ်ပါတယ်။ pc အကြောင်း ပြောရမှာ သိပ်များတဲ့ အတွက် ဒီ နေရာမှ မပြောပြနိုင်တော့ပါဘူး။)

               phone က ပုံမှန် အတိုင်း တက်လာပြီ ဆိုရင်တော့ firmware တင်တာ ပြီးသွားပါပြီ။ ပိုပြီး သန့်သွားအောင် reset တစ်ခါလောက် ချပေးလိုက်ပါဦး။

(side option - backup original firmware)
               ဒီနေရာမှာ ရေးလက်စနဲ့ sony firmware ကို backup လုပ်တဲ့ နည်းလေး တစ်ခုပါ တစ်ခါတည်း ရေးထားခဲ့ချင်ပါတယ်။ ကျွန်တော် လုံးဝ မစမ်းဖူးပါဘူး။ ဘာလို့ မစမ်းတာလဲ ဆိုတော့ ကျွန်တော်တို့က warranty ဆိုတာကို စိတ်မ၀င်စားတဲ့ အပြင် firmware ဆိုတာမျိုးက အခါ အားလျော်စွာ version တွေ မြင့်ကြ update တွေ ပေးကြတာကြောင့် phone ကို packing ဖောက်ခါစမှာ ပါလာတဲ့ factory firmware ဟာ မက်လောက်စရာ မရှိလို့ပါ။ ဘာပဲ ပြောပြော method တစ်ခုလေး တွေ့တဲ့ အခါ မှတ်သားထားတာ အကျိုး မယုတ်နိုင်ပါဘူး။ မြန်မာလို ပြန်ရေးမနေတော့ပဲ သူတို့ အာဘော် အတိုင်း ကူးချပေးထားပါတယ်။

how to backup your original firmware customization ?

a) if you do not want to lose warranty of your phone, first thing you have to do is to backup your original customization.

b) download Sony Update Service (SUS) and reinstall firmware of your phone (backup your data first).

c) after that, go to SUS folder in Program Files and search for folder db/some Number/blob_fs, there you find 3 files, which names start FILE.

d) download and install latest Flashtool from here (mirror).

e) paste the three files, which names start FILE, from blob_fs folder to folder „Firmware“ included in the XPERIA Flashtool.

f) open the Flashtool, click on Advanced, choose decrypt files and put all three files from blob_fs folder to the right columm.

g) click ok and after approx. one minute a pop up Window will appear via Flashtool.

h) mark all files and transfer them to the right column, than fill in a box in the right upper corner (fill in what you want, it is just for you).

i) now click ok and Flashtool will create backup of your original firmware customization, that you can anytime flash to your phone.
-------------------------------------

(၂) bootloader unlock / relock

               ကိုင်း ... ဒါဆို ဒီ sony xperai L ကို ကလိဖို့ရာ အတွက် ပထမဆုံး bootloader ကို unlock လုပ်ကြရပါမယ်။ လွယ်ပါတယ်။ အရင်ဆုံး phone ထဲကနေ ဒါလေး ကြည့်လိုက်ပါဦး။

Dial *#*#7378423#*#* > Service Info > Configuration ...

Bootloader unlock allowed – Yes < ဒါဆို Bootloader က Locked ဖြစ်နေပေမဲ့ unlock လုပ်ခွင့် ရှိပါတယ်။

Bootloader Unlocked – Yes < ဒါဆို bootloader က unlocked လုပ်ထားပြီးသား ဖြစ်ပါတယ်။

(၂.၁)
               ဒီကို သွားလိုက်ပါ။ http://unlockbootloader.sonymobile.com/

(စာဖတ်ရတာ စိတ်ဝင်စားရင်တော့ ဒီ site ထဲမှာ ရေးထားတာတွေကို သေသေချာချာလေး ဖတ်ရှု လေ့လာစေချင်ပါတယ်။
Unlocking the boot loader
Instructions
What is this?
Supported devices
Fastboot buttons
အဲ့ဒါတွေကို သူတို့ ရေးပြ ရှင်းပြထားကြပါတယ်။ ဖတ်နိုင် လေ့လာနိုင်ရင်တော့ အကောင်းဆုံးပေါ့ ခင်ဗျာ။ မဖတ်ချင်ဘူး ဆိုရင်လည်း) ...

               ကိုယ် လုပ်ချင်တဲ့ bootloader unlock အဆင့်ကို သွားဖို့ အတွက် Unlocking the boot loader ကို နှိပ်ပြီး စာမျက်နှာ အောက်ဆုံးက start unlocking the boot loader ကို ထပ်နှိပ်လိုက်ပါ။ နောက်စာမျက်နှာ တစ်ခု ရောက်သွားပါလိမ့်မယ်။ စာမျက်နှာ အောက်ဆုံးက continue ကို နှိပ်ပါ။ Are you really sure? လို့ မေးထားတော့ yes, i'm sure. ပေါ့။ Legal terms က check box နှစ်ခုကို အမှန် ခြစ်ပြီး i accept လုပ်လိုက်ပါဦး။ Create unlock boot loader key request ဆိုတဲ့ နောက်ဆုံး အဆင့်ကို ရောက်သွားပါလိမ့်မယ်။

name = ရေးချင်ရာ ရေး
imei = only first 14 digits from dial *#06#
email = ကိုယ့် email ထည့်

               ဒါဆိုရင် sony ကနေ ကိုယ့် email ထဲကို bootloader unlock လုပ်ဖို့ အတွက် code ပို့ပေးလာပါလိမ့်မယ်။ email inbox မှာ မတွေ့ရင် spam ထဲ ရှာကြည့်ဖို့ မမေ့နဲ့ဦးနော်။

               sony devices တွေ အတွက် bootloader unlock လုပ်တဲ့ နည်း နှစ်နည်း ရှိပါတယ်။ fastboot folder ကနေ command ရိုက်ပြီး လုပ်တဲ့ နည်းနဲ့ firmware တင်ရင် သုံးတဲ့ flashtool ကနေ လုပ်တဲ့ နည်း ဖြစ်ပါတယ်။

(၂.၁ - က)
               fastboot folder မရှိသေးရင် ယူလိုက်ပါ။


               fastboot folder ထဲမှာ shift + right click > Open command window here ရွေးလိုက်ရင် cmd တက်လာပါမယ်။ cmd ထဲမှာ ဒီ command နှစ်ကြောင်း ရိုက်ပေးရပါလိမ့်မယ်။

fastboot.exe -i 0x0fce getvar version

fastboot.exe -i 0x0fce oem unlock 0xbootloader unlock key

               0x အနောက်က bootloader unlock key နေရာမှာ sony ကနေ ကိုယ့် email ထဲ ပြန်ပို့ပေးထားတဲ့ code ကို ရိုက်ပေးရပါမယ်။ 0x နဲ့ code ကြားမှာ space မပါပါဘူး။ 0x1234567890000000 ဆိုတာမျိုး ဖြစ်ရမယ်ပေါ့ ခင်ဗျာ။ ဒါဆို cmd ကနေ bootloader ကို unlock လုပ်ပေးသွားပါလိမ့်မယ်။

(၂.၁ - ခ)
               flashtool ကို administrator အနေနဲ့ run လိုက်ပါ။
               flashtool ရဲ့ အပေါ် menu bar မှာ ရှိတဲ့ plugins ဆိုတာလေး ရှိပါတယ်။ ဒီလိုပေါ့ ...
               flashtool > plugins > bootloader unlock > run ...
               box နှစ်ခု ကျလာပြီး phone ကို ချိတ်ပါ ဘာညာတွေ ပြောလာမယ်။
               phone ကို power ပိတ်။
               volume down button ကို နှိပ်ထားရင်း phone နဲ့ pc ကို usb cable နဲ့ ချိတ်လိုက်ပါ။
               imei နဲ့ unlock code ပါတဲ့ box တစ်ခု ကျလာမယ်။
               imei က auto ထည့်ပြီးသား။
               unlock code အတွက် sony က ပို့ပေးထားတဲ့ code ကို email ထဲက ကူးပြီး ထည့်ပေးလိုက်ပါ။
               unlock ကို နှိပ်လိုက်ပါ။
               flashtool က bootloader ကို unlock လုပ်ပေးသွားပါလိမ့်မယ်။

               ဒါဆိုရင် bootloader unlock လုပ်တာ ပြီးသွားပါပြီ။

(၂.၂)
               အကြောင်းကြောင်းကြောင့် unlock လုပ်ထားတဲ့ bootloader ကို relock ပြန်လုပ်ချင်တယ် ဆိုရင် flashtool ကိုပဲ သုံးရမှာပါ။ flashtool ရဲ့ fimrwares folder ထဲမှာ sample အနေနဲ့ X10_V1_BLRelock.ftf ဆိုတဲ့ file လေးက default ပါနေပါတယ်။ x10 ကို bootlader relock လုပ်ချင်ရင် တစ်ခါတည်း လုပ်လို့ ရတာပေါ့ ခင်ဗျာ။ တခြား phone/device တွေကို bootloader relock လုပ်ဖို့ အတွက်တော့ သက်ဆိုင်ရာ Relock bootloader.ftf ဆိုတဲ့ file ကို ရှာဖွေပြီး download ဆွဲဖို့ လိုပါတယ်။ ဥပမာ - google ထဲမှာ xperia s Relock bootloader လို့ ရှာလိုက်ရင် တွေ့ရပါလိမ့်မယ်။ အခု sony xperia L အတွက်တော့ အဲ့ဒိ file လေး ရှာမတွေ့သေးတဲ့ အတွက် မတင်ထားပေးနိုင်သေးပါဘူး။

               သက်ဆိုင်ရာ Relock bootloader.ftf ရလာပြီ ဆိုရင် အဲ့ဒိ file ကို copy လုပ်ပြီး c://flashtool > firmwares folder ထဲ paste လုပ်ပေးပါ။

               flashtool ကို administrator အနေနဲ့ run လိုက်ပါ။
               အမည်းရောင် မိုးကြိုးပုံလေးကို နှိပ်လိုက်ပါ။
               flashmode ကို check လုပ်ပြီး ok နှိပ်လိုက်ပါ။
               firmware ရွေးခိုင်းရင် copy-paste လုပ်ထားတဲ့ Relock bootloader.ftf ကို ရွေးပေးလိုက်ပါ။
               phone ကို power ပိတ်ပြီး volume down button နှိပ်ထားရင်း pc နဲ့ ချိတ်လိုက်တာနဲ့ flashtool က Relock bootloader.ftf ကို flash ပေးသွားပါလိမ့်မယ်။
               phone ကို power off-on လုပ်ပြီး restart လုပ်ပေးလိုက်ပါ။
               ဒါဆိုရင် bootloader က lock ပြန်ကျသွားပါပြီ။

(်fastboot command ကနေ >fastboot oem relock လုပ်တဲ့ နည်းနဲ့ ရလား မရလားတော့ မစမ်းဖူးလို့ မသိပါဘူး။ မရနိုင်ဖို့ များပါတယ်။ မစမ်းသင့်ပါဘူး။)

(bootloader ဆိုတာ device တစ်ခုရဲ့ electric power စတက်တဲ့ အချိန်မှာ storage ထဲ သိမ်းမှတ်ထားတဲ့ operation system ကို CPU + RAM ပေါ် ဆွဲတင်ပေးတဲ့ sector program တစ်ခု ဖြစ်ပါတယ်။ ဒါမှ normal operation system ကို သုံးလို့ ရလာပါတယ်။ boot သေသွားတယ်။ boot မတက်တော့ဘူး ဆိုတဲ့ error တွေက bootloader program ထိခိုက် ပျက်စီးသွားလို့ ဖြစ်ရတာပါ။ များသော အားဖြင့် firmware တွေထဲမှာ သက်ဆိုင်ရာ bootloader ပါပြီးသား ဖြစ်တဲ့ အတွက် firmware ပြန်တင်လိုက်နိုင်ရင် bootloader လည်း ပြန်ကောင်းသွားတတ်ပါတယ်။ မကောင်းလာတော့ဘူး ဆိုရင်တော့ လွှင့်သာ ပစ်လိုက်ပါတော့ဗျာ။ :P )

(In computing, booting (also known as booting up) is the initial set of operations that a computer system performs when electrical power to the CPU is switched on. The process begins when a computer is turned on for the first time or is re-energized after being turned off, and ends when the computer is ready to perform its normal operations.
In literal terms, bootloader is code that is executed before any Operating System starts to run. The concept of bootloaders is universal to virtually all Operating systems that inculcates operating systems on your PC, laptop, smartphones, and other such devices. Bootloaders basically package the instructions to boot operating system kernel and most of them also have their own debugging or modification environment. As the bootloader kicks off before any piece of software on your device, it makes it extremely processor specific and every motherboard has it’s own bootloader. This is one reason that all Android phones have different Custom ROMS developed due to high variance of processing hardware present on the device. The iDevices running iOS somewhat share the same hardware specs and hence you don’t see much variance in their bootloaders.)
-------------------------------------

(၃) rooting

               root လုပ်ဖို့ အတွက် vroot တို့ ဘာတို့လို တခြား ရောကြော် root tool တွေနဲ့ စမ်းချင်လည်း စမ်းကြည့်လို့ ရပါတယ်။ အဆင်ပြေသွားလည်း ပြီးရော။ မပြေလည်း phone ကို နည်းနည်းပါးပါး ထိခိုက်နိုင်ပါတယ်။ မပူပါနဲ့။ firmware ပြန်တင်ပေးလိုက်ရင် ကောင်းသွားမှာပါ။

               sony xperia L (c2105) ကို root လုပ်နည်း သုံးမျိုး ရှိပါတယ်။
doomlord method
Root_Xperia_L folder method
Extended_Stock_Kernel _TaoShan method တို့ ဖြစ်ပါတယ်။

(၃.၁)
               ဒီ နည်းက bootloader unlock ဖြစ်ဖြစ် lock ဖြစ်ဖြစ် သုံးနိုင်တဲ့ အတွက် အလွယ်ကူဆုံး အရိုးရှင်းဆုံး နည်း တစ်ခု ဖြစ်ပါတယ်။ (bootloader က lock ဖြစ်နေရင် root ရဖို့ မသေချာဘူးလို့ ရေးထားကြပေမဲ့ ကျွန်တော် စမ်းကြည့်ခဲ့ဖူးသလောက်တော့ ရတာပဲ များပါတယ်။)

               ကြုံတုန်းလေး DooMLoRD နဲ့ မိတ်ဆက်ပေးရပါဦးမယ်။ ကိုယ်တိုင် tools တွေ ဖန်တီး ရေးသားနိုင်လောက်တဲ့ အဆင့်မှာ မရှိသေးတဲ့ ကျွန်တော့်လို လူများ အတွက် developer တွေ ရေးပေးထားတဲ့ tool တွေကို အသုံးပြုနေကြရပါတယ်။ tools အကုန်လုံး နီးပါးဟာလည်း free and open sources ဖြစ်ပါတယ်။ သူတို့ရဲ့ ဂုဏ်ကျေးဇူးကို သိတတ် နားလည်တဲ့ အနေနဲ့ သူတို့ကို donate မလုပ်ပေးနိုင်ရင်တောင် tool တစ်ခုကို သုံးတဲ့ အခါ အဲ့ဒိ tool developer ရဲ့ အကြောင်းကို သိထားသင့်တယ်လို့ ယူဆမိပါတယ်။ ဒါဟာ ပရဟိတ သဘော ဆန်ဆန် လမ်းကြောင်းထဲ သွားနေကြသူများ အတွက် မေတ္တာ ပြန်ပို့ပေးတာလို့ပဲ ယုံကြည်ပါတယ်။ online ပေါ်မှာ အားလုံးဟာ anonymous တွေပဲ ဆိုပေမဲ့ သိသိ မသိသိ မေတ္တာ ထားလို့ ရမှာပါ။

               doomlord ဆိုတာ xda forum ရဲ့ Recognized Developer ကြီး တစ်ယောက် ဖြစ်ပါတယ်။
City - Indian Institute of Management, Ahmedabad (IIMA)
Home country - India
Social - Twitter (DooMLoRD_XDA) , GitHub (DooMLoRD)
Lead Developer of Team UtterChaos & Member of Team ICX
Creator of DooMKernel making those Snapdragons fly higher and faster
Android Devices : Sony Xperia Z, SP, T, S
http://forum.xda-developers.com/member.php?u=2784807

               သူက sony သမားကြီး ထင်ပါရဲ့။ အခု sony xperia L ကို root လုပ်ဖို့ အတွက် သူ့ tool ကို သုံးပါမယ်။ DooMLoRD_Easy-Rooting-Toolkitလို့ ခေါ်ပါတယ်။ version အဟောင်းတွေ ရှိပေမဲ့ နောက်ဆုံး version v17 ကိုပဲ သုံးပါမယ်။ မရှိသေးရင် ဒီကနေ ယူလိုက်ပါ။


               zip file ကို extract လုပ်လိုက်ရင် DooMLoRD_Easy-Rooting-Toolkit_v17_perf-event-exploit ဆိုတဲ့ folder ရလာပါမယ်။
               runme_win.bat ကို run လိုက်ပါ။ (administrator အနေနဲ့ run ရင် error ဖြစ်တတ်ပါတယ်။ ဒါကြောင့် ရိုးရိုးတန်းတန်း double click နှိပ်ပြီး run ရင် ရပါပြီ။)
               phone ကို ဘာမှ လုပ်စရာ မလိုပဲ သုံးလက်စ normal mode အတိုင်း pc နဲ့ ချိတ်လိုက်ပါ။ (မရရင်တော့ phone ကို power off ပြီး vol down (or) vol up နှိပ်ထားရင်း pc နဲ့ ချိတ်တဲ့ mode တွေအနေနဲ့ စမ်းကြည့်လိုက်ပါ။ တစ်ခါတစ်လေမှာ ဘာကြောင့်မှန်း မသိဘူး မရဘူး ဖြစ်နေတတ်ပေမဲ့ အဲ့လို နှစ်ခါ သုံးခါ စမ်းကြည့်လိုက်ရင် ရသွားတာပါပဲ။)
               cmd window မှာ instruction တစ်ချို့ ပြပါလိမ့်မယ်။ device ပေါ် မူတည်ပြီး ကွဲပြားပါလိမ့်မယ်။
               doomlord cmd က phone ကို auto root လုပ်ပေးသွားပါလိမ့်မယ်။
               တစ်ချို့ phone တွေမှာ doomlord cmd က phone ကို auto အနေနဲ့ root မလုပ်ပေးဘူး ဆိုရင် အောက်မှာ ပြပေးထားတဲ့ command တွေကို တစ်ကြောင်းချင်း ရိုက်ပေးလိုက်ပါ။

cd /data/local/tmp
chmod 777 doomed
./doomed

(or)

cd/
cd /data/local/tmp
chmod 777 doomed
./doomed

               ဒါဆို root လုပ်ပေးသွားပါလိမ့်မယ်။ phone က auto reboot မဖြစ်ဘူး ဆိုရင် ကိုယ့်ဟာကိုယ်ပဲ power off-on လုပ်ပြီး manual reboot လုပ်ပေးလိုက်ပါ ခင်ဗျာ။

(၃.၂)
               ဒီ နည်းကလည်း batch file နဲ့ သွားတာပါပဲ။ ဒါပေမဲ့ bootloader ကို unlock လုပ်ထားဖို့ လိုပါတယ်။ Root_Xperia_L ဆိုတဲ့ folder မရှိသေးရင် ဒီမှာ ယူလိုက်ပါ။


               zip ကို extract လုပ်လိုက်ရင် Root_Xperia_L folder ရလာပါမယ်။
               run.bat ကို run လိုက်ပါ။
               phone ကို ဘာမှ လုပ်စရာ မလိုပဲ သုံးလက်စ normal mode အတိုင်း pc နဲ့ ချိတ်လိုက်ပါ။

(မရရင်တော့ phone ကို power off ပြီး vol down (or) vol up နှိပ်ထားရင်း pc နဲ့ ချိတ်တဲ့ mode တွေအနေနဲ့ စမ်းကြည့်လိုက်ပါ။ တစ်ခါတစ်လေမှာ ဘာကြောင့်မှန်း မသိဘူး မရဘူး ဖြစ်နေတတ်ပေမဲ့ အဲ့လို နှစ်ခါ သုံးခါ စမ်းကြည့်လိုက်ရင် ရသွားတာပါပဲ။)

               cmd screen မှာ instructions ပေးထားပါတယ်။ ပုံမှန်ကတော့ enter တစ်ချက် ခေါက်လိုက်ရုံနဲ့ ကိစ္စ ပြီးသွားတတ်ပါတယ်။ phone က auto reboot မဖြစ်ဘူး ဆိုရင် ကိုယ့်ဟာကိုယ်ပဲ power off-on လုပ်ပြီး manual reboot လုပ်ပေးလိုက်ပါ ခင်ဗျာ။

(၃.၃)
               ဒီ နည်းကတော့ မူရင်း kernel ကို ပြုပြင်ထားတဲ့ kernel တစ်ခု ပြောင်းသွင်းလိုက်တဲ့ နည်းပါ။ bootloader ကို unlock လုပ်ထားဖို့ လိုပါတယ်။ fastboot folder လိုပါတယ်။

kernel

               zip file တွေကို extract လုပ်လိုက်ပါ။
               boot.img ဆိုတဲ့ file လေးကို fastboot folder ထဲ copy-paste လုပ်ပေးပါ။
               phone ကို power ပိတ်ပြီးမှ volume up ကို နှိပ်ထားရင်း pc နဲ့ ချိတ်လိုက်ပါ။
               fastboot folder ထဲမှာ shift+right click နှိပ်ပြီး open command window here ရွေးပေးလိုက်ရင် cmd window တက်လာပါမယ်။ cmd ထဲမှာ ...
>fastboot flash boot boot.img
... ဆိုတဲ့ command ရိုက်ပေးလိုက်ရင် root လုပ်ပြီးသွားပါပြီ။ phone က auto reboot မဖြစ်ဘူး ဆိုရင် ကိုယ့်ဟာကိုယ်ပဲ power off-on လုပ်ပြီး manual reboot လုပ်ပေးလိုက်ပါ ခင်ဗျာ။

               ဒီ kernel ပြောင်းသွင်းတဲ့ process ကို လုပ်ချင်ရင် kernel အကြောင်း အခြေခံလေး သိထားသင့်ပါတယ်။ kernel ဆိုတာကို ကျောရိုးလို့ အဓိပ္ပါယ် ဖွင့်ပြချင်တာပါပဲ။ kernel က ဘာ လုပ်ပေးသလဲ ဘာ အတွက် သုံးသလဲ ဆိုရင် ... human # hardware system # operation system ... အဲ့ဒိ သုံးခုကို ချိတ်ဆက်ပေးပါတယ်။ human က screen ကို touch လိုက်တဲ့ input ကို hardware sensor က တစ်ဆင့် operation system ရဲ့ rendering/threading တွေကို ပို့ပေးလိုက်ပြီး ပြန်ထွက်လာတဲ့ operation system ရဲ့ output ကို hardware system က တစ်ဆင့် human ကို ပြန်ပြပေးတယ်ပေါ့။ ဒါ ကျွန်တော် နားလည်ထားတဲ့ kernel ကို အလွယ်ဆုံး ပြန်ရှင်းပြလိုက်တာပါ။ kernel ဆိုတာ size သေးလေ ကောင်းလေပါပဲ။ kernel ရဲ့ အဓိက အလုပ်ကတော့ hardware system ထဲက part တွေကို သက်ဆိုင်ရာ အလိုက် OS ရဲ့ ညွှန်ကြားချက် အတိုင်း ဖြန့်ဝေပေးတာပါပဲ။ ဒီလိုဆို နည်းနည်း ရှုတ်လာပြီ။ စိတ်ဝင်စားရင်တော့ အောက်က definition ကို ဖတ်ကြည့်လိုက်ကြပါဦး။



(kernel : The central module of an operating system. It is the part of the operating system that loads first, and it remains in main memory. Because it stays in memory, it is important for the kernel to be as small as possible while still providing all the essential services required by other parts of the operating system and applications. Typically, the kernel is responsible for memory management, process and task management, and disk management.
In computing, the kernel is a computer program that manages input/output requests from software, and translates them into data processing instructions for the central processing unit and other electronic components of a computer. The kernel is a fundamental part of a modern computer's operating system.[1]
When a computer program (in this case called a process) makes requests of the kernel, the request is called a system call. Various kernel designs differ in how they manage system calls (time-sharing) and resources. For example, a monolithic kernel executes all the operating system instructions in the same address space to improve the performance of the system. A micro kernel runs most of the operating system's background process in user space, to make the operating system more modular and, therefore, easier to maintain. For computer programmers, the kernel's interface is a low-level abstraction layer.)
-------------------------------------

(၄) custom recovery (testing state cwm+twrp)
(၅) custom firmware (cyanogenmod is not available yet.)
               phone က ထွက်တာ မကြာသေးတဲ့ အတွက် ကလိစရာတွေ သိပ် မစုံသေးပါဘူး။ ဒီ အဆင့် ၄ နဲ့ ၅ ကလည်း android device တစ်ခုမှာ နောက်ဆုံး အဆင့် ဖြစ်တဲ့ အတွက် phone တစ်လုံး ထွက်ထွက်ချင်းမှာ မရရှိနိုင်ပါဘူး။ လူသုံးနည်းတဲ့ နာမည်မကြီးတဲ့ phone တွေ အတွက် ဆိုရင်လည်း custom firmware ရှားပါတယ်။ မရှိတာတော့ မဟုတ်ဘူး။ ရှိတော့ ရှိတယ် မကောင်းတာ။ မကောင်းတာကြီးကိုတော့ ပေးမနေတော့ဘူးလေ။

               custom recovery တောင် sony xperia L (c2104/c2105) အတွက် သီးသန့် cwm/twrp မတွေ့သေးပါဘူး။ အခု ပေးထားတဲ့ file နှစ်ခုက စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိပါသေးတယ်။ သုံးလို့ အဆင်ပြေနေတယ်လို့တော့ ပြောထားကြပါတယ်။

               huawei လို phone တွေမှာ google app နဲ့ တခြား လူသုံးများတဲ့ app တွေ မပါတဲ့ အတွက် အဲ့ဒါတွေ တင်နိုင်ဖို့ custom recovery ဆိုတာ မရှိမဖြစ် လိုအပ်ပေမဲ့ htc, samsung, sony တို့လို branded ကြီးတွေကတော့ သူတို့ firmware မှာ ပြည့်စုံသင့်သလောက် ပြည့်စုံနေပြီးသား ဖြစ်လို့ recovery ကနေ flashing install သုံးရတယ် ဆိုတာ မရှိသလောက်ကို ရှားပါတယ်။ custom firmware တင်ဖို့ အတွက် မဟုတ်ရင် cwm/twrp နဲ့ တွဲဖက် သုံးရတဲ့ flash apps ရှားတဲ့ အတွက်လည်း custom recovery တင်ထားရင် အပို ဖြစ်နေမှာပေါ့။ delvik cache တွေ ဘာညာ wipe တွေတော့ အသုံး လိုချင် လိုလာမှာပေါ့။ ဘာပဲ ပြောပြော တင်စမ်းကြည့်ချင်တယ် ဆိုလည်း ယူထားလိုက်ပါ။

cwm only

cwm + twrp

               zip ကို extract လုပ်လိုက်ရင် boot.img ဆိုတဲ့ file ရလာပါလိမ့်မယ်။ boot.img ဆိုတော့ သွင်းပုံ သွင်းနည်းက (၃.၃) မှာ kernel သွင်းတဲ့ နည်း အတိုင်း fastboot folder ရဲ့ cmd ကနေ flash ပေးရတာပါ။ (၃.၃) မှာ တစ်ချက် ပြန်ကြည့်ပြီး လုပ်လိုက်ရင် ရပါပြီ။

               cyanogenmod firmware သာ ရလာခဲ့ရင် အကောင်းဆုံးပေါ့ ခင်ဗျာ။ CM က မလှပေမဲ့ tweaks မများပေမဲ့ error မရှိသလောက် နည်းတဲ့ အပြင် processing အရမ်း ကောင်းပါတယ်။ ဘေးထွက်ဆိုးကျိုး အနေနဲ့ battery ပိုစားတာလေး တစ်ခုတော့ ရှိပါတယ်။ ဘာပဲ ပြောပြော CM က sony firmware ထက်တော့ အများကြီး ပိုသာတာပေါ့ ခင်ဗျာ။

               sony xperia L အတွက် cyanogenmod ထွက်လာပါစေလို့ ဆုတောင်းပေးရင်း ကျွန်တော့် review လေးကို ဒီ နေရာမှာပဲ အဆုံး သတ်လိုက်ပါတယ်။ စိတ်ရှည်လက်ရှည် ဖတ်ရှုပေးတဲ့ အတွက် ကျေးဇူး အထူးပင် တင်ရှိပါကြောင်း . . .



pwk
July 23, 2013.
https://www.facebook.com/spo.pwk



               ဒီ sony xperia L ရဲ့ လုပ်နည်း လုပ်ဟန်တွေက တခြား sony phone တွေနဲ့ ထူးမခြားနား ဖြစ်တဲ့ အတွက် ဒီ post ထဲမှာ ရေးထားတဲ့ နည်းလမ်းတွေဟာလည်း နည်းဟောင်းကြီးတွေပါပဲ။ ဒီ နည်းတွေနဲ့ပဲ အဆင်ပြေပါလိမ့်မယ်။

               ကျွန်တော့် အတွေ့အကြုံ ရှိသမျှမှာ phone တစ်လုံး သုံးမရအောင် ဖြစ်သွားတယ် ဆိုတာ မကြုံခဲ့ဖူးသေးတဲ့ အတွက် တစ်နည်း မဟုတ် တစ်နည်းဟာ အလုပ် ဖြစ်နိုင်ပါတယ်။ များသော အားဖြင့် pc ရဲ့ ချို့ယွင်းချက်တွေကြောင့် mobile device မှာ အဆင်မပြေ ဖြစ်သွားကြတာပါ။ ဥပမာ - virus တွေ ဗရပွ ထနေတဲ့ pc တွေ၊ windows system file တွေ ချို့ယွင်းနေတဲ့ pc တွေမှာ အဖြစ် များကြပါတယ်။

               mobile device တွေရဲ့ အခြေခံဟာ pc ဖြစ်ပါတယ်။ pc တစ်လုံးကို windows တင်တာက စပြီး လက်တင်သုံးလို့ ရတဲ့ အခြေအနေထိ settings, drivers နဲ့ apps တွေကို ဟန်ကျပန်ကျ မစီမံတတ်ဘူး ဆိုရင် mobile device ကို ကလိရာမှာလည်း အမှားအယွင်းတွေ ဖြစ်လာနိုင်တာပေါ့ ခင်ဗျာ။

               device ရဲ့ hardware error ဆိုရင်တော့ ဘာမှ မတတ်နိုင်ဘူးလေ။ ကံစမ်းမဲ ဆိုတာလည်း ပေါက်တတ်ပါသေးတယ် မိတ်ဆွေတို့ရယ်။ :D :D :D

4 comments:

  1. စပါယ်ရှယ် ကောင်းတဲ့ ပိုစ့်တစ်ခုပါ (Y)

    ReplyDelete
  2. အလွန်ကောင်းတဲ့ပို့  စ်တစ်ခုပါ
    ကျနော်မှာSony Xl ကိုင်ထားတော့အဆင်ပြေတယယ်ဂျ
    Custrom ROM တင်နည်းနဲ့  လင့်တွေပါ
    ပြောပြပေးပါအစ်ကို

    ReplyDelete