FFSPG

FFSPG

Thursday 3 October 2013

miHome Launcher v2.13.0.apk - 5.73MB (6,009,873 bytes)

miHome Launcher v2.13.0
launched on September 29, 2013.

ဒီ link ကနေ download ရယူနိုင်ပါတယ်။


(တစ်ခု သတိ ပေးချင်တာ ဒီ launcher က နည်းနည်း strong ဖြစ်တဲ့ အတွက် သူ့ကို မသုံးတော့ဘူး ဆိုရင် clear default လုပ်ပေးရုံနဲ့တင် မလုံလောက်ပဲ settings > apps manager > miHome > clear data + clear cache + restart တွေပါ လုပ်ပေးမှ ပိုပြီး အဆင်ပြေပါလိမ့်မယ်။)

ဒါက google play store ပေါ်က link ပါ။

ဒါက သူ့ official website link ပါ။

miui လို့ ပြောလိုက်တာနဲ့ custom rom သမားတွေကတော့ “apps drawer မပါတဲ့ graphic အလှဆုံး rom ကြီး” တစ်ခုကို တန်းမြင်မိကြမှာပဲ။ error တွေ bug တွေ ပွထနေပေမဲ့ ဒီ miui rom လောက် graphic လှတာမျိုး မရှိသေးပါဘူး။ folder တွေ၊ button တွေ၊ switch တွေ၊ transition effect တွေက အစ rom တစ်ခုလုံးကို graphic ပေါင်း မြောက်များစွာနဲ့ အလှ ဆင်ထားတာ ဒီ miui rom တွေပါပဲ။

 
custom rom တွေနဲ့ အထိအတွေ့ နည်းတဲ့ android user တွေလည်း ဒီ miui တို့ xiaomi တို့ကို ကြားဖူးကြပါလိမ့်မယ်။ မမြင်ဖူး မသုံးဖူးသေးတဲ့ သူတွေကိုတော့ အနီးစပ်ဆုံး ပြောပြရရင် ... huawei နောက်ပိုင်း phone တွေမှာ android 4.1 က စပြီး ပြောင်းလဲသွားတဲ့ huawei emotion ui ဆိုတာ miui ကို တိုက်ရိုက် နီးပါး ကူးချထားတာပေါ့။ သမရိုးကျ android rom တွေလို desktop နဲ့ apps drawer ကို မခွဲခြားထားပဲ apps and widgets တွေကို desktop ပေါ်မှာ တစ်ပြင်တည်း တင်ထားပေးတဲ့ style က miui ပေါ့။ ကြည့်ရတာ နည်းနည်းလေးတော့ ရှုတ်ပါတယ်။ (huawei stock rom တွေကတော့ error, bug နည်းတဲ့ အတွက် miui custom rom တွေထက် ပို ကောင်းပါတယ်။ miui custom rom တွေကတော့ graphic ပိုလှပါတယ်။)


ဒါ့ အပြင် os platform ချင်း မတူတဲ့ ios7 မှာလည်း miui ရဲ့ design တွေကို ပါးပါးလေး လှီးယူထားတာ တွေ့နေရပါတယ်။ ဥပမာ - folder design ပေါ့။ ios7 မှာ ပြောင်းလဲသွားတဲ့ folder အသစ်ကို သတိထားမိကြမှာပါ။ အဲ့ဒိလို folder design မျိုးက miui rom တွေပေါ်မှာ ရှိနေခဲ့တာ သုံးနှစ်ကျော်ပါပြီ။


ကဲ ... အခုတော့ ကျွန်တော်တို့ နှစ်သက်ကြတဲ့ miui design ကို ရှုတ်ရှုတ်ခက်ခက် custom rom တွေ ဘာညာတွေ တင်နေစရာ မလိုပဲ one click နဲ့ အလွယ်တကူ ကြည့်ရှုခံစားနိုင်ပါပြီ။ xiaomi ကနေ miui graphic ကို miHome Launcher ဆိုပြီး official ထုတ်လိုက်ပါတယ်။ :) .apk ဆိုတော့ install လိုက်ရုံနဲ့ တခြား home launcher တွေလို လွယ်လွယ်လေး ကိုယ့် device ပေါ် run ကြည့်လို့ ရတာပေါ့ ခင်ဗျာ။


ဒီ launcher မှာ theme တွေ wallpaper တွေကို default ပါပြီးသား အပြင် ota download တွေလည်း အများကြီး ရယူနိုင်ပါသေးတယ်။ default wallpaper က dynamic weather wallpaper ဖြစ်ပါတယ်။ နေ့၊ ည အလိုက် အလင်း အမှောင် လိုက်ပြောင်းပေးပါတယ်။ weather အလိုက် မိုးရွာတာ၊ တိမ်ထူတာတွေ ပြပေးပါတယ်။ launcher settings ထဲမှာ ကိုယ် customize လုပ်ချင်တာတွေကို ပြောင်းလဲနိုင်ပါတယ်။ miui ရဲ့ ထုံးစံ အတိုင်း desktop widgets တွေနဲ့တော့ သိပ်ကြီး compatible မဖြစ်ဘူးပေါ့လေ။ :P



အပေါ်မှာ ပြောထားခဲ့တဲ့ အတိုင်း ဒီ launcher က နည်းနည်းလေး strong ဖြစ်တဲ့ သဘောမှာ ရှိတဲ့ အတွက် သူ့ကို မသုံးတော့ဘူး ဆိုရင် clear default လုပ်ပေးရုံနဲ့တင် မလုံလောက်ပဲ clear data + clear cache + restart တွေပါ လုပ်ပေးမှ ပိုပြီး အဆင်ပြေပါလိမ့်မယ်။


ဒီ miHome Launcher လေးကို တင်စမ်းရင်း ကြည်နူးနိုင်ကြပါစေရယ်လို့ :) ...



pwk.
October 3, 2013.



0 comments:

Post a Comment