FFSPG

FFSPG

Monday 25 November 2013

SAMSUNG GALAXY GRAND DUOS 2 (SM-G7102)

SAMSUNG GALAXY GRAND DUOS 2 (SM-G7102)


SAMSUNG GALAXY GRAND DUOS 2 (SM-G7102)
(ဒါက GSM/WCDMA နှစ်ကဒ် စိုက်သုံးလို့ ရတဲ့ အလုံးပါ။ CDMA/GSM မဟုတ်ပါဘူး။)

ကဲ .. grand duos အသုံးပြုနေသူများ အတွက် grand duos 2 လာပါပြီဗျား :) grand duos အဟောင်းထက် အစစ အရာရာမှာ နှစ်ဆကျော် ပို ကောင်းလာတဲ့၊ ပို သွက်၊ ပို ပါး၊ ပို ပေါ့၊ ပို မာလာတဲ့ grand duos 2 ကို Samsung က တရားဝင် ကြေငြာလိုက်တာပါပဲ။ ဒါဆို grand duos 2 မှာ ဘာတွေ ပို ကောင်းလာလဲ ကြည့်လိုက်ကြရအောင်လား။

အဓိကကတော့ body design ပေါ့လေ။ note3 လို leather liked plastic နဲ့ ထုတ်လာတဲ့ grand duos 2 က grand duos အဟောင်းနဲ့ ယှဉ်လိုက်ရင် သိသိသာသာ ကွဲပြား ခြားနားနေတဲ့ အပြင် premium phone တစ်လုံးလို ကြွားကြွားလှလှ ဖြစ်လာတာပေါ့။ အခု လက်ရှိ ကိုင်သုံးနေကြတဲ့ grand duos အဟောင်းမှာလို home button နှိပ်ရင် smooth မဖြစ်ပဲ “ဂျလစ် ဂျလစ်” ဖြစ်နေတာတွေ၊ back cover က main frame body နဲ့ ကျစ်ကျစ်လစ်လစ် ကပ်မနေပဲ “ဟတတ” ဖြစ်နေတာတွေကိုပါ ဖြေရှင်းပေးထားတယ်၊ အဆင့် မြှင့်ပေးထားပါတယ်တဲ့။

နောက်ထပ် အဓိက အနေနဲ့ သိသာလာမှာ တစ်ခုကတော့ screen display ဖြစ်ပါတယ်။ ဒီ grand duos ဆိုတဲ့ phone series ဟာ budget phone (ဈေးနှုန်းသက်သာ) တစ်ခု ဖြစ်တဲ့ အတွက် grand duos 2 မှာလည်း display type ကို ဈေးနှုန်း အသက်သာဆုံး screen type ဖြစ်တဲ့ TFT capacitive touchscreen ကို ဆက်သုံးထားပေမဲ့ resolution က 1280x720 @ 280 ppi ရှိလာတာကြောင့် 800x480 @ 187 ppi ပဲ ရှိခဲ့တဲ့ grand duos အဟောင်းထက် display က သိသိသာသာ တက်လာမှာပါ။ grand duos အဟောင်းမှာ ဖြစ်နေသလို ဖြူဖြူမွဲမွဲ display မျိုး မဟုတ်တော့ပဲ grand duos 2 ရဲ့ display က ကြည်လင်ပြတ်သားမှု အပြည့် ဖြစ်လာမှာပေါ့။ grand duos 2 က ၅.၂၅ လက်မ ဖြစ်လာတဲ့ အတွက် ၅ လက်မပဲ ရှိခဲ့တဲ့ grand duos အဟောင်းထက် နည်းနည်းလေး ပို ကြီးလာပါသေးတယ်။

performance ကို ကြည့်မယ် ဆိုရင်လည်း quad-core 1.2 GHz နဲ့ RAM 1.5GB ရှိတဲ့ grand duos 2 က dual-core 1.2 GHz နဲ့ RAM 1GB ပဲ ရှိခဲ့တဲ့ grand duos အဟောင်း ထက် သိသိသာသာ ပေါ့ပါး သွက်လက်လာမှာပဲပေါ့။ internal storage ကတော့ grand duos 2 နဲ့ grand duos အဟောင်းက အတူတူပဲ၊ 8GB ပါပဲ။

ကဲ .. ဒါလောက်ဆို လုံလောက်ပါပြီနော့။ grand duos 2 က ရန်ကုန်ကိုတော့ December 2013 လကုန်ပိုင်းနဲ့ January 2014 လောက်မှပဲ ရောက်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ နှိုင်းယှဉ်ကြည့်ရ လွယ်အောင် အဓိက specification တွေကို ရေးပြလိုက်ရပါတယ်ဗျား :) :)

grand duos 2 <vs> grand duos 1

dimensions
146.8x75.3x 8.9mm <vs> 143.5x76.9x9.6 mm

weight
163g <vs> 162 g

display type - TFT capacitive touchscreen, 16M colors
display size - 5.25" vs 5"
resolution 1280x720 @ 280ppi <vs> 800x480 @ 187 ppi

quad-core 1.2GHz <vs> dual-core 1.2GHz

RAM 1.5GB <vs> 1GB

internal storage - 8GB (microSD, up to 64GB)

android version - 4.3 <vs> 4.2.2(upgraded from 4.1.2)

camera - main 8MP, front 1.9MP. LED flash.

ဒီလောက်ပါပဲ ခင်ဗျာ :) :)

PWK.
facebook - ဂယောင်ဂရင် ဖြိုး
November 25, 2013.

0 comments:

Post a Comment