FFSPG

FFSPG

Wednesday 4 December 2013

mobile review : hTC Desire 300.


mobile review.

hTC is simply amazing.


October (2013) တုန်းက ကြားခဲ့ရတဲ့ သတင်းလေး တစ်ခုက ဦးဝင်းသန်း တစ်ယောက် hTC ရဲ့ Android manufacturing ဘက်ကို ပြန်ဝင်လုပ်နေပါပြီတဲ့။
(၀င်းသန်း။ Peter Chou. 周永明)

ဒီ သတင်းကို ဖတ်ရခါစကတော့ ဒီလိုပဲ သမရိုးကျ ထင်ထားခဲ့တာ။ hTC ရဲ့ နှစ်စဉ် ဆက်တိုက် ကျဆင်းနေတဲ့ အမြတ် ရာခိုင်နှုန်းတွေ (၂၀၁၂ မှာ ၇၀% ခန့်။ ၂၀၁၃ မှာ ၈၄% ခန့်။) ကြောင့် ဦးဝင်းသန်းကြီး အလုပ် ရှုတ်နေရှာပြီပေါ့။ hTC ပရိတ်သတ်တွေ အခိုင်အမာ ရှိနေပေမဲ့လည်း ၂၀၁၃ နှစ် အတွက် hTC ရဲ့ hero phone (flagship) ဖြစ်တဲ့ hTC One က နိုင်ငံတကာ ဈေးကွက်မှာ Samsung galaxy s4, note3 .. Apple iPhone 5s, 5c .. တွေနဲ့ ယှဉ်တိုးလို့ မပေါက်ဘူး ဖြစ်နေတာကို တွေ့နေကြရပါတယ်။ ဒါပေမဲ့ ....

ဒါပေမဲ့ hTC ရဲ့ Android manufacturing ဘက်ကို ဦးဝင်းသန်း ပြန်ရောက်သွားပြီးတဲ့ October နောက်ပိုင်းက စပြီး hTC One Max အပါအ၀င် hTC ရဲ့ Android ပစ္စည်း အသစ်တွေ ဆက်တိုက် ထွက်ရှိလာတဲ့ အပြင် တခြား marketing ဗျူဟာတွေကိုလည်း တွေ့နေကြရပါတယ်။ ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ မဖြစ်မနေ လိုအပ်လာတဲ့ အချိန်မှာ ဦးဝင်းသန်းရဲ့ ညွှန်ကြားချက်တွေနဲ့ အတူ hTC ဟာ ရလဒ်ကောင်းတွေ ပြန်ရလာဖို့ အတွက် ရုန်းကန်နေပြီလို့ ထင်မြင်မိတာပါပဲ။

hTC ရဲ့ Android phone အသစ်တွေ ဖြစ်တဲ့ ....
One Max
Desire 700
Desire 601
Desire 600 / 600c
Desire 500
Desire 300
.... တွေထဲကနေ Desire 300 ဆိုတဲ့ budget phone လေးကို တစ်ချက်လောက် ကြည့်ကြည့်လိုက်ကြရအောင်လားဗျာ :) :)

budget phone ဆိုတဲ့ လုပ်စား phone .. ပေါချောင်ကောင်း phone .. ဈေးနှုန်း သက်သာပြီး သုံးလို့ အဆင်ပြေတဲ့ phone တွေကို phone manufacturer တိုင်း ထုတ်ကြပါတယ်။ Apple လို “တစ်နှစ်မှ တစ်လုံး unique” ဖြစ်အောင် ထုတ်နေတဲ့ brand တောင် မနှစ် ၂၀၁၂ က iPad mini နဲ့ ဒီနှစ် ၂၀၁၃ မှာ iPhone5c ဆိုပြီး ဈေး နည်းနည်းလေး သက်သာတဲ့ medium quality phone, pad တွေကို ထုတ်လာတာ တွေ့ကြရပါပြီ။ တခြား brand တွေ ဖြစ်တဲ့ Samsung, Sony, LG, Huawei တွေကတော့ budget phone တွေ ထုတ်နေကျပါပဲ။ budget phone တွေ အများကြီး ထုတ်၊ အများကြီး ရောင်းစားပြီး အလုပ် ဖြစ်နေတဲ့ Samsung နဲ့ ယှဉ်ရင် hTC က budget phone လိုက်ထုတ်တာ အများကြီး နောက်ကျနေပါသေးတယ်။ “လုပ်စား” ဆိုပေမဲ့လည်း သူ့ ဈေးနဲ့ သူ တန်အောင် performance ကောင်းတဲ့ Samsung ရဲ့ ဗျူဟာမြောက် လုပ်စား phone တွေဟာ တခြား ပြိုင်ဘက်တွေ အတွက် မျက်ခုံး လှုပ်စရာ ဖြစ်နေတာပေါ့။ ဒါကြောင့်လည်း manufacturer တွေဟာ သူတို့ရဲ့ အဓိက hero phone တွေ အပြင် budget phone တွေကိုပါ အပြိုင်အဆိုင် ထုတ်လာနေကြတာပါပဲ။

hTC ကလည်း budget phone တွေ ထုတ်ပေမဲ့ သူ့ သင်္ကေတ ဖြစ်တဲ့ “ကြံ့ခိုင် သေသပ်ခြင်း” ကို မစွန့်ပစ်ထားပါဘူး။ hTC phone တွေ ဆိုရင် မာတယ်၊ တောင့်တယ်၊ လူကြီး ဆန်ဆန် design ကောင်းတယ်၊ performance သိပ် မကျသွားပဲ နှစ်ရှည် အသုံးခံတယ် ဆိုတဲ့ ဂုဏ်တွေကိုလည်း budget phone တွေမှာပါ ဆက်ထိန်းထားပါသေးတယ်။ ဒါကြောင့် ....


ဒါကြောင့် အခု hTC Desire 300 ဆိုတဲ့ budget phone လေးကလည်း သူ့ ဈေးနှုန်း (မြန်မာ ကျပ်ငွေ နှစ်သိန်းတစ်သောင်း) ဆိုတာနဲ့ ချိန်ကြည့်ရင် ဈေးတန်းတူ phone တွေထဲမှာ အကောင်းဆုံး ဖြစ်နေပါတယ်။ ကျပ် နှစ်သိန်း (၀န်းကျင်) ပေးပြီး ၀ယ်ယူလို့ ရမယ့် phone တွေ တန်းစီ ချထားပြီး performance ကို ကြိုက်သလို ယှဉ်စမ်းကြည့်မယ် ဆိုရင် hTC Desire 300 က တခြား phone တွေကြားမှာ “မီးသွေးတုံး နဲ့ စိန်တုံး” ကွာခြား သလို ထင်ထင်ရှားရှား ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့လည်း ဘယ် phone, tablet မှာမှ “ရာနှုန်းပြည့်” ဆိုတာမျိုး မရှိသေးတဲ့ အတွက် hTC Desire 300 မှာလည်း LED flashlight မပါတာ၊ home, back စတဲ့ soft button တွေ မီး မလင်းတာ၊ blue, green, red စတဲ့ LED indicator တွေ မပါတာ၊ speaker သေးလို့ အသံထွက် မကောင်းတာ .. စတဲ့ စတဲ့ အားနည်းချက်တွေ ရှိပါသေးတယ်။

အားနည်းချက်၊ အားသာချက်တွေမှာ hTC Desire 300 ရဲ့ ကောင်းကွက်တွေကို စပြောမယ် ဆိုတော့ ပထမဆုံး အနေနဲ့ body design ကို ပြောရမှာ ဖြစ်တဲ့ အတွက် hang on လေးတွေလည်း ပြချင်သေးလို့ ကျွန်တော် သုံးလက်စ Samsung galaxy s4 (gt-i9500) ရယ်၊ iPhone5c ရယ်ကို hTC Desire 300 နဲ့ ယှဉ်ပြီး ရိုက်ထားတဲ့ ပုံလေးတွေ တင်ထားပါတယ်။ screen ထောင့်ဖြတ် ၄.၃ လက်မ ရှိတဲ့ hTC Desire 300 က s4 (ငါးလက်မ) လောက် body မကြီးပေမဲ့ iPhone5c (လေးလက်မ) ထက်တော့ body က မသိမသာလေး ပိုကြီးနေပါတယ်။ pic တွေကို full size ကြည့်ချင်ရင် pic ပေါ်မှာ right click ထောက်ပြီး open in new tab လုပ်ကြည့်ကြပါ ခင်ဗျာ။



body က poly carbonate နဲ့ လုပ်ထားတာလို့ ထင်ပါတယ်။ တော်တော်ကြီးကို မာပါတယ်။ တောင့်ပါတယ်။ အရောင်ကတော့ အဖြူ၊ အမည်း နှစ်မျိုးပဲ။ (အဖြူရဲ့ body က ပိုပြီး မာတယ်၊ metallic ဆန်တယ် လို့ ထင်ရတယ်ဗျ။) ကြံ့ခိုင်မှု အကောင်းဆုံး body building type ဖြစ်တဲ့ uni body (တစ်ဆက်တည်း ပုံစံခွက်) စစ်စစ် မဟုတ်ပေမဲ့ uni body လိုပဲ ထင်ရလောက်အောင် back cover ကို ရှေ့က screen ဘောင်ထိ အုပ်မိနေအောင် နက်နက်လေး (depth) လုပ်ထားပေးတာကို တွေ့ရပါတယ်။ အဲ့ဒါကြောင့် back cover ကို ဆွဲချွတ်တဲ့ အခါ တခြား phone တွေလို မလွယ်ကူပဲ နည်းနည်းလေးတော့ လက်ပေါက် ကပ်ပါတယ်။ phone ထိပ်ပိုင်းကို ဘယ်လက်နဲ့ အသေအချာ ကိုင်ထားပြီး phone အောက်ခြေဘက်က အထစ်ကလေးကို ညာလက်က လက်ညှိုး - လက်မနဲ့ ဖိကလော်လိုက်မှ back cover ကြွတက်လာပါလိမ့်မယ်။ back cover ခွာလိုက်ရင် battery ဖြုတ်လို့ ရတယ်။ micro sim card, micro sdcard တွေ အထည့်၊ အထုတ် လုပ်လို့ ရပါတယ်။ body dimensions က 131.8 x 66.2 x 10.1 mm ရှိပြီး 120g ပဲ လေးပါတယ်။

budget phone တစ်လုံး ဖြစ်တဲ့ အတွက် screen ကို TFT capacitive touchscreen, 16M colors ပဲ သုံးထားပေမဲ့ hTC Desire 300 ရဲ့ ကြည်လင် ပြတ်သားမှုက အားကောင်းပါတယ်။ resolution ကလည်း 800 x 480 @ 217 ppi ရှိတဲ့ အတွက် 720p HD, 1080p full HD video file တွေက လွဲပြီး တော်တန်ရုံ mp4 တွေ၊ image တွေကို အေးအေးဆေးဆေး ကြည့်ရှုနိုင်တာပေါ့ ခင်ဗျာ။

budget phone ဖြစ်ပေမဲ့ SOC (system on chip) ကို ၀ိတ်လျှော့ထားတာမျိုး hTC က မလုပ်ပါဘူး။ Qualcomm MSM8225 Snapdragon S4 ရဲ့ ရုန်းအားကတော့ တကယ့်ကို အံ့အောသင့်စရာ ကောင်းတာပါပဲ။ CPU : dual core 1GHZ (cortex-A5) ၊ GPU : Adreno 203 နဲ့ RAM : 512MB ပဲ တပ်ဆင်ထားတဲ့ phone မှာ Asphalt 7 လို graphic လေးတဲ့၊ process စားတဲ့ game အကြီးကြီးတွေကို သာသာယာယာ ဆော့ကစား နိုင်တယ်လေ။ ဘယ်လောက်တောင် ပေါ့သလဲ ဆိုရင် game ဆော့ရင်းနဲ့ phone ကို အပေါ် - အောက် (landscape - up side down rotate) လှည့်ပြောင်းကြည့်တဲ့ အခါ game ကလည်း auto rotation လိုက်ဖြစ်နေလိုက်တာများ လုံးဝ လုံးဝ delay မဖြစ်ဘူး မထစ်သွားဘူး ခင်ဗျာ့။ (iPhone5 လား ထင်မှတ်မှားရတယ်ဗျို့ :P :P )

budget phone လေး ဆိုတော့ camera က .. အဟင်း .. မကောင်းဘူးလို့ ပြောရတော့မှာပါပဲ။ ကျွန်တော့်လို camera ကောင်းကောင်း မလိုအပ်တဲ့ သူတွေ အတွက်တော့ hTC Desire 300 ရဲ့ main camera : 5mp (2592 x 1944 pixels) နဲ့ front camera : VGA only က အဆင် ပြေတဲ့ အပြင် ပိုလို့တောင် နေပါသေးတယ်။ ည အမှောင်ထဲမှာ ရိုက်ဖို့ အတွက် LED flashlight မပါတာက hTC Desire 300 ရဲ့ အကြီးမားဆုံး ချို့ယွင်းချက်ကြီး တစ်ခု ဖြစ်နေပါတယ်။ (အဲ့ဒိ LED flashlight က ဈေး ကြီးလို့လား မသိပါဘူး။)

phone မှာ ပါပြီးသား internal storage က 4GB ဆိုပေမဲ့ Android ROM နေရာ ယူထားတဲ့ အတွက် 1.8GB လောက်ပဲ သုံးလို့ (user usable) ရပါတယ်။ ဒါကြောင့် micro sdcard ကို 32GB ထိ support ပေးထားတာပေါ့။ 32GB ဆိုတာ photos, music, movies, documents တွေ သိမ်းထား၊ ထည့်ထားဖို့ အတွက် တော်တော့်ကို လုံလောက်မှာပါ။

Li-Ion 1650 mAh ဆိုတဲ့ battery အားကလည်း (game မဆော့ဘူး၊ internet မသုံးဘူး) ဆိုရင် တစ်နေ့တာ အတွက် ကောင်းကောင်းကြီး အသုံးခံတာပေါ့ ခင်ဗျာ။ game ဆော့မယ်၊ internet (3G) သုံးမယ် ဆိုရင်တော့ လေးနာရီ ဆက်တိုက်လောက်တော့ ခံနိုင်မှာပါ။

ကဲ .. hardware system တွေ အကြောင်း ပြီးတဲ့ အခါ software နဲ့ built-in application တွေ အကြောင်း နည်းနည်းပါးပါး ပြောပြပါရစေဦးလား ခင်ဗျာ :) :)

ရန်ကုန်မှာ ၀ယ်ယူ ရရှိနိုင်တဲ့ hTC အလုံးတွေက KMD အလုံးတွေ ဖြစ်တဲ့ အတွက် မြန်မာစာ built-in ပါပြီးသား Asia WWE MM (system language + read/write + keyboard) ဖြစ်ပါတယ်။ မြန်မာစာ ထည့်ဖို့ တစ်ခုတည်း အတွက်နဲ့ root လုပ်ရတာ၊ cwm သွင်းရတာမျိုးတွေ အလုပ် မရှုတ်တော့ဘူးပေါ့လေ။ မကောင်းတာလေး တစ်ခုကတော့ (အကြောင်းကြောင်းကြောင့် ဖြစ်ဖြစ်၊ ကလိတာ လွန်သွားလို့ ဖြစ်ဖြစ်) firmware ပြန်တင်ဖို့ လိုအပ်လာတဲ့ အခါ (hTC ရဲ့ official firmware ဖြစ်တဲ့ (ROM update utilities) RUU.exe ) ကို Asia WWE firmware တွေလို internet ပေါ်မှာ ရှာဖွေပြီး download ဆွဲယူလို့ မရပါဘူး။ (ကျွန်တော် ရှာကြည့်ဖူးသလောက်တော့ မတွေ့သေးပါဘူး။) firmware ပြန်တင်ချင်တဲ့ အခါ KMD ကို ပြေးရတော့မှာပါပဲ။ (သူတို့ warranty rules တွေနဲ့ ကိုက်ညီနေသေးရင်တော့ ပြန်တင်ပေးပါလိမ့်မယ်။) software number နဲ့ အသေ ချုပ်ထားတဲ့ hTC ရဲ့ firmware system ကြောင့် software version မတူရင် တခြား firmware (RUU.exe) တင်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ရန်ကုန်မှာ ၀ယ်လို့ ရတဲ့ hTC phone တွေဟာ သုံးလို့ အရမ်း ကောင်းပေမဲ့ ကလိလို့ မကောင်းဘူး ဆိုတာလေး အမြဲတမ်း ပြောပြောပြနေရပါတယ် :P :P


Android version 4.1.2 ပေါ်မှာ hTC Sense 5.0 နဲ့ မွန်းမံပေးထားတဲ့ အတွက် hTC Desire 300 ဟာ တခြား hTC အမြင့် phone တွေမှာလိုပဲ blink feeds အပါအ၀င် hTC Sense ရဲ့ ချောမွေ့ခြင်း၊ error နည်းခြင်းတွေကို ခံစားရမှာ ဖြစ်ပါတယ်။ blink feeds ဆိုတာလေ “ပြော မယုံ၊ သုံးဖူးမှ သိ” ဆိုတဲ့ အတိုင်းပါပဲဗျား။ တကယ့် တကယ်ကြီးကို လန်းတာဗျို့။ home screen ရဲ့ ဘယ်ဘက်ဆုံးမှာ ထားပေးထားတဲ့ blink feeds က တကယ့် website တွေထဲ direct ရောက်သွားတာမျိုး မဟုတ်ပဲ (hTC roaming server ထဲ ထင်တယ်) cache ဖမ်းထားတဲ့ သတင်းတိုလေးတွေကို စာနဲ့ ပုံနဲ့ ပြပေးတဲ့ အတွက် အရမ်း သွက်တာပေါ့။ သတင်း အပြည့်အစုံ ဖတ်ဖို့ အတွက်လည်း သက်ဆိုင်ရာ url ကို သတင်းတိုရဲ့ အောက်ဆုံးမှာ ထည့်ပေးထားပါတယ်။ default အနေနဲ့ highlights ဆိုတာ ထားပေးထားပေမဲ့ ကိုယ် ကြိုက်တဲ့ category ကို ပြောင်းကြည့်နိုင်ပါတယ်။ ရန်ကုန်လို internet မကောင်းတဲ့ နေရာမှာတောင် connection သိပ်မစားတဲ့ blink feeds က ဟန်ကျနေတာပေါ့။ အပြည်ပြည် ဆိုင်ရာတွေ အပြင် မြန်မာ ဂျာနယ်တွေ၊ သတင်းတွေကို ဘယ်မှာမှ လိုက်ရှာနေစရာ မလိုအပ်တော့ပဲ ကိုယ့် desktop ပေါ်မှာတင် လွယ်လွယ်လေး ဖတ်လို့ ကြည့်လို့ ရတဲ့ အတွက် အဆင်ပြေလိုက်ပုံများ “ကျေးဇူး hTC” လို့တောင် ရေရွတ်မိတဲ့ အထိပါပဲဗျာ။ blink feeds မှာ ကိုယ် သုံးနေကျ facebook, flickr စတာတွေကိုလည်း add ထားလို့ ရပါသေးတယ်။ ကဲ .. ဘာ လို သေး လဲ ဗျာ ? ? ဟို သီချင်းလေးလိုပေါ့ .. in a blink of an eye, everything changes .. :D :D (blink feeds အကြောင်း ပြည့်စုံအောင် ရေးရရင် စာအုပ် တစ်အုပ် ဖြစ်သွားလောက်တဲ့ အတွက် ဒီ နေရာမှာတော့ ဒီလောက်လေးပဲ အတိုချုံ့ ရေးထားရပါတယ်။)

ဒီ phone လေးရဲ့ အားနည်းချက် တစ်ခုက home screen page နှစ်မျက်နှာပဲ ရပါတယ်။ (blink feeds တင်ထားတဲ့ page ကိုပါ ထည့်တွက်ရင်တော့ သုံးမျက်နှာပေါ့လေ။) page နှစ်ခုကို add or remove လုပ်လို့ မရပါဘူး။ (page ပေါ် တင်ထားတဲ့ icons, widgets တွေကိုတော့ add or remove လုပ်လို့ ရပါတယ်။) desktop ပေါ်မှာ widget များများ ထားချင်တဲ့ သူတွေ အတွက် အဆင်မပြေဘူးပေါ့လေ။ desktop ပေါ်က widget တွေက RAM စားတဲ့ အတွက် hTC က တမင်တကာ ဖြုတ်ထားတယ်လို့ ထင်ရပါတယ်။ positive side က ကြည့်မယ် ဆိုရင် ဒါဟာ တကယ့်ကို ပြောင်မြောက်တဲ့ architect တစ်ခုပါပဲ။ စက်ကို မနိုင်ဝန် ထမ်းခိုင်းမယ့် အစား နိုင်သလောက်လေးတွေကိုပဲ သွက်သွက်ကြီး လုပ်ခိုင်းထားတာ ပို အကျိုး ရှိတာပေါ့။ user တွေ အများစု လိုအပ်တာကလည်း widget တွေ ဗရပွနဲ့ features တွေ ရှုတ်ထွေး လေးလံနေမယ့် interface အစုတ်အပျက်ကြီး အစား .. graphic ကြွကြွ၊ design လှလှ၊ error ကင်းကင်းနဲ့ ရှင်းလင်းပေါ့ပါးတဲ့ user interface မျိုးပါပဲ။ ဒီ လိုအပ်ချက်ကို hTC Sense 5.0 က hardware နဲ့ software compatible ဖြစ်အောင် အပိုအလို မရှိ ကွက်တိ ဖြည့်ဆည်းပေးထားတာပေါ့။

ကဲ .. ဒါပါပဲ ခင်ဗျာ။ ဖတ်ရတာလည်း များသွားရောပေါ့။ ပါသမျှ software တွေ၊ built-in apps တွေ အကြောင်း အပြည့်အစုံ ရေးပြရရင် တစ်လလောက် အချိန် ယူရမှာကြောင့် မရေးပြနိုင်တော့ပါဘူး။ full specs ကြည့်ချင်သေးတယ် ဆိုရင်တော့ ....

HTC Desire 300
Also known as HTC Zara mini.

GENERAL
2G Network GSM 850 / 900 / 1800 / 1900 - all versions
3G Network HSDPA 900 / 2100 - EU, Asia, China
        HSDPA 850 / 2100 - Asia
SIM         Micro-SIM
Announced 2013, September
Status Coming soon. Exp. release 2013, November

BODY
Dimensions 131.8 x 66.2 x 10.1 mm (5.19 x 2.61 x 0.40 in)
Weight 120 g (4.23 oz)

DISPLAY
Type         TFT capacitive touchscreen, 16M colors
Size         480 x 800 pixels, 4.3 inches (~217 ppi pixel density)
Multitouch         Yes
        - HTC Sense UI 5.0

SOUND
Alert types    Vibration, MP3, WAV ringtones
Loudspeaker Yes
3.5mm jack Yes

MEMORY
Card slot microSD, up to 32 GB
Internal 4 GB, 512 MB RAM

DATA
GPRS                 Yes
EDGE Yes
Speed HSDPA, 7.2 Mbps; HSUPA, 5.76 Mbps
WLAN Wi-Fi 802.11 b/g/n, Wi-Fi hotspot
Bluetooth Yes, v4.0 with A2DP
USB         Yes, microUSB v2.0

CAMERA
Primary 5 MP, 2592 x 1944 pixels, autofocus
Features Geo-tagging, touch focus, face detection
Video Yes, WVGA@30fps
Secondary    Yes, VGA

FEATURES
OS         Android OS, v4.2.2 (Jelly Bean)
Chipset Qualcomm MSM8225 Snapdragon S4 Play
CPU         Dual-core 1 GHz Cortex-A5
GPU         Adreno 203
Sensors Accelerometer, proximity
Messaging         SMS (threaded view), MMS, Email, Push Email
Browser HTML5
Radio TBD
GPS         Yes, with A-GPS support
Java         Yes, via Java MIDP emulator
Colors Black, White
- SNS integration
- Dropbox (25 GB storage)
- MP4/H.263/H.264/WMV player
- MP3/eAAC+/WMA/WAV player
- Google Search, Maps, Gmail, YouTube, Calendar, Google Talk
- Organizer
- Document viewer
- Photo viewer/editor
- Voice memo/dial
- Predictive text input

BATTERY Li-Ion 1650 mAh battery
Stand-by         (2G) / Up to 625 h (3G)
Talk time         (2G) / Up to 11 h (3G)

(ကျွန်တော်က phone, tablet ရောင်းဝယ်သူ မဟုတ်သလိုပဲ hTC, KMD ကိုယ်စားလှယ်လည်း မဟုတ်ပါဘူး။ ကိုယ့် ၀ါသနာ အလျောက် mobile post လေးတွေ ရေးဖြစ်တဲ့ အခါ ကိုယ် သုံးဖူး စမ်းဖူးသလောက် အကောင်း အဆိုးတွေကို ကိုယ် ထင်မြင်ယူဆသလိုပဲ ရေးသားထားတတ်တဲ့ အတွက် “တမင် ကြေငြာ” ပေးသလို ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ phone ၀ယ်ဖို့ လိုအပ်လာတဲ့ အခါ ဖြစ်လေ့ ဖြစ်ထ ရှိကြတဲ့ အတိုင်း ဟိုဟာ ကောင်းနိုးနိုး ဒီဟာ ကောင်းနိုးနိုးနဲ့ ဝေခွဲမရ ဖြစ်တတ်ကြတဲ့ သူတွေ အတွက် အထောက်အပံ့ ဖြစ်စေလောက်မယ့် information တွေ ပေးချင်တာက အဓိက ရည်ရွယ်ချက် ဖြစ်ပါတယ်။ တခြား ဘာ ပရောဂမှ မပါဝင်ပါကြောင်း .... )

PWK.
facebook : ဂယောင်ဂရင် ဖြိုး
December 4, 2013.




0 comments:

Post a Comment