FFSPG

FFSPG

Monday 10 March 2014

2013 best tablet and phone.

ပြီးခဲ့တဲ့ Barcelona Mobile World Congress (2014) မှာ ၂၀၁၃ ခုနှစ် အတွက် အကောင်းဆုံး mobile phone နဲ့ tablet တွေကို သတ်မှတ်ပေးသွားပါတယ်။

၂၀၁၃ အတွက် အကောင်းဆုံး tablet က iPad Air ဖြစ်ပြီး ..


၂၀၁၃ အတွက် အကောင်းဆုံး phone က hTC one ဖြစ်ပါတယ်။


လူကြိုက်များတဲ့ အပေါ်မှာ ရွေးချယ်တာ မဟုတ်တဲ့ အတွက် Samsung Galaxy S4, Note3, Note10.1(2014), Apple iPhone5s တွေက စာရင်း မဝင်သွားခဲ့ပါဘူး။ ကဲ .. ဒါဆို ဒီ iPad Air နဲ့ hTC one တွေဟာ ဘာကြောင့် ၂၀၁၃ တစ်နှစ်တာ အကောင်းဆုံး tablet ၊ အကောင်းဆုံး phone တွေ ဖြစ်ကြရသလဲ ဆိုတာ အကြမ်းဖြင်းလေး တစ်ချက်လောက် စောင်းငဲ့ကြည့်လိုက်ကြရအောင်လားဗျာ။

---------------------------------------
iPad Air, the KING of tablets 2013.
---------------------------------------


အားလုံး သိထားပြီးသား ဖြစ်ကြတဲ့ အတိုင်း Apple က ၂၀၀၇ ခုနှစ်က စပြီး mobile phone လောကကြီးကို လှုပ်ခါသွားအောင် revolution လုပ်နိုင်ခဲ့တဲ့ အပြင် ဘယ် manufacturer မှ မထုတ်လုပ်၊ မဖြန့်ချီနိုင်ခဲ့သေးတဲ့ touchable tablet ကိုလည်း ၂၀၁၀ က စပြီး iPad ဆိုတဲ့ နာမည်နဲ့ လမ်း ထွင်ပြလိုက်တဲ့ အခါ လူတွေ iPad iPad နဲ့ ရူးသွပ်သွားကြပါတယ်။ အဲ့ဒိ iPad ကို တစ်နှစ် တစ်ခါ တိုးတက်အောင် ပြင်ဆင် ထုတ်လုပ်လာလိုက်တာ ငါးဆက်မြောက် မျိုးဆက် iPad ကို အဆန်းသစ်ဆုံး နည်းပညာတွေနဲ့ အကောင်းဆုံး iPad ဖြစ်အောင် နာမည်ကိုပါ သမရိုးကျ 2, 3 စတဲ့ serial number တွေကနေ ခွဲထွက်ပြီး iPad Air လို့ ပြောင်းပေးလိုက်ရင်း ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် October လမှာ ပွဲထွက်စေခဲ့ပါတယ်။

နာမည်နဲ့ လိုက်ဖက်အောင်ပါပဲ။ iPad Air က ရှေ့မျိုးဆက် iPad 1, 2, 3, 4 တွေထက် ဆယ်ဆ မက သာလွန် ကောင်းမွန်နေပါတယ်။ အနီးဆုံး iPad 4 ထက်တောင် သုံး-လေးဆ ပိုသာသေးတဲ့ iPad Air ရဲ့ body dimensionsကို အရင် ကြည့်လိုက်ကြရအောင်။


iPad Air: 240 x 169.5 x 7.5 mm (9.45 x 6.67 x 0.30 in)
weight: 469 g (Wi-Fi) / 478 g (3G/LTE) (1.03 lb)

iPad4: 241.2 x 185.7 x 9.4 mm (9.50 x 7.31 x 0.37 in)
weight: 652 g (1.44 lb)

မြင်တဲ့ အတိုင်း သိသိသာသာကိုပဲ ပါးထွက်သွားတယ်၊ ပေါ့ထွက်သွားတယ်၊ ဘေးသားတွေ ကျဉ်းထွက်သွားတယ်လေ။ ဒီလို hardware frame ကို တိုးတက်အောင် ပြင်ဆင်နိုင်ဖို့ ဆိုတာ device တစ်ခုမှာ နံပါတ် တစ် အရေးအကြီးဆုံး ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အတွင်း အစိတ်အပိုင်းတွေ၊ OS တွေ ဘယ်လောက်ပဲ ပြောင်းတယ် ပြောပြော၊ ကောင်းတယ် ဆိုဆို user တွေက အပြင် ပုံပန်း မဆန်းသစ်လာရင် စိတ် မဝင်စားချင်တော့ပါဘူး။ ဒါကြောင့်မို့လည်း manufacturer တွေက နှစ်စဉ် device အသစ်တွေ ထုတ်တိုင်း design တစ်မျိုး ပြောင်းပြောင်းနေကြတယ်လေ။

Apple ရဲ့ ဒီ တစ်ခါ iPad ကတော့ iPad Air လို့ ခေါ်တဲ့ အတိုင်း အပေါ့ပါးဆုံးနဲ့ အကြံ့ခိုင်ဆုံး tablet ဖြစ်နေတဲ့ အတွက် တခြား tablet တွေထက် အမှတ်တွေ အများကြီး အများကြီး ပိုရသွားတာပေါ့ဗျာ။ ကျွန်တော်သာဆို body ပါးတာ၊ ပေါ့တာ၊ ခိုင်တာ၊ လှတာ တစ်ချက်တည်းနဲ့တင် iPad Air ကို 2013 best tablet အဖြစ် ပေးလိုက်မိမှာပဲ။ ဒါပေမဲ့ သူတို့ကတော့ တခြား specification တွေကိုပါ ကြည့်ပါသေးတယ်။ အဓိက အားဖြင့် အမြန်နှုန်းပေါ့။ ကဲ .. iPad Air ကို စိမ်ခေါ်နိုင်မယ့် tablet ရှိသေးလားလို့ စမ်းကြည့်လိုက်ရအောင်ဗျား။


CPU: 64bits dual core 1.3GHz cyclone (ARM v8-based)
GPU: powerVR G6430 (quad-core graphics)
RAM: 1GB DDR3


အခု ကျွန်တော်တို့ ရန်ကုန်မှာ လူသုံး တွင်ကျယ်လာတဲ့ ပေါချောင်ကောင်း တရုတ် android tablet လေးတွေမှာတောင် CPU ကို quad core တွေ သုံးထားတဲ့ အတွက် iPad Air ရဲ့ dual core CPU ကို မျက်မှောင် ကျုံ့ချင်စရာ ဖြစ်နေပေမဲ့ iOS7 ရဲ့ software-hardware compatible အဖြစ်ဆုံး ပဉ္စလက် processing တွေနဲ့ run ထားတဲ့ iPad Air အတွက် dual core 1.3ghz + RAM 1GB ဆိုတာ ပိုလို့တောင် နေပါဦးမယ်။ ဒါ့အပြင် အဓိက အကျဆုံးက iPad Air ရဲ့ CPU ဟာ တခြား tablet တွေလို mobile class မဟုတ်ပဲ desktop class 64bits processor type ဖြစ်ပါတယ်။

ဒါဟာ ရှေ့ဆက်သွားမယ့် တံတား တစ်စင်းပါ။ desktop computer တွေနဲ့တောင် ယှဉ်ပြီး အလုပ်မျိုးစုံ လုပ်နိုင်မယ့် tablet အဖြစ် iPad Air ကို စတင်လိုက်တာဟာ ခေတ်ဟောင်းကို ဦးဆောင်ခဲ့တဲ့ Apple တို့က အခုလို အပြိုင်အဆိုင် ပြင်းထန်လာတဲ့ ကာလမှာလည်း ပြိုင်ဘက် မရှိ အောင်ပွဲခံနိုင်ဖို့ အတွက် ခြေ တစ်လှမ်း ကြိုကျဲလိုက်တာပါပဲ။ အခြေခံ အားဖြင့်ကတော့ bit rate များလာတဲ့ အတွက် frame ကျယ်သွားပြီး application container တွေကို ချဲ့ရေးလို့ ရလာပါတယ်။ (CPU clock speed မဟုတ်သေးပါ။) container ကြီးမှ များများ သယ်ဆောင်သွားနိုင်မှာပေါ့။ app, game တွေရဲ့ function တွေ ပိုစုံလာမယ်၊ process တွေ ပိုညက်လာမယ်လေ။



iPad Air မှာ wifi တွေ ဘာညာတွေ ပိုမြန်လာသေးပေမဲ့ သိပ်မသိသာလှသလိုပဲ တခြား အစိတ်အပိုင်းတွေကလည်း မထူးခြားလာသေးပါဘူး။ iPad4 နဲ့ အကုန် အတူတူ နီးပါးပဲပေါ့။

display size: 9.7" retina
resolution: 1536 x 2048 pixels @ 264ppi
sound: stereo speakers (dual speaker)
SIM type: Nano SIM 3G, 4G LTE
camera: front 1.2MP, main 5MP
sensors: accelerometer, gyro, compass

iPad Air အကြောင်းကတော့ ဒီလောက်ပါပဲ။ ပေးလိုက်ရတဲ့ ပိုက်ဆံနဲ့ ပြန်ရမယ့် performance အချိုးအစား အကျဆုံး၊ အတန်ဆုံး tablet ကို ပြပါ ဆိုရင် iPad Air မှ တစ်ပါး အခြား မရှိပါပြီ :P :P

-------------------------------------------------
hTC one, the LORD of every Android 2013.
-------------------------------------------------

ဆက်တိုက် ကျဆင်းနေတဲ့ စာရင်းဇယားတွေနဲ့ hTC အတွက် hero phone တစ်လုံး လိုအပ်နေတာ အမှန်ပါပဲ။ manufacturer တိုင်းမှာ အဓိက အားသက်ချက်တွေ ရှိကြတဲ့ အတိုင်း hTC ရဲ့ အကောင်းဆုံး အရည်အသွေးကလည်း body architecture ပဲ ဖြစ်ပါတယ်။ ဒီ ဗီဇကို အကောင်းဆုံး အသုံးချပြီး hTC one ဆိုတဲ့ flag ship phone ကို ဖန်တီးခဲ့ကြတယ်။ အစပ်အကြား၊ အလစ်အဟာ လုံးဝ မရှိတဲ့ aluminium real uni body ကြောင့် hTC one ကို ၂၀၁၃ အကောင်းဆုံး phone အဖြစ် ရွေးချယ်ခံခဲ့ရတယ် ဆိုရင် မမှားပါဘူး။ uni body ကိုမှ ကြိုက်နှစ်သက်တဲ့ user တွေ အတွက် uni body စစ်စစ် ဆိုရင် hTC one ပဲ ရှိပါသေးတယ်။


(iPhone တွေက uni body လို့ ပြောချင် ပြောလို့ ရပေမဲ့ မစစ်သေးပါဘူး။ အလွယ်တကူ ခွာလို့ မရအောင် လုပ်ထားရုံပဲ ရှိတာပါ။ ဘောင်တွေ၊ back cover တွေကို တစ်ချပ်ချင်းစီ ပေါင်းစပ်ထားရင် uni body မဟုတ်တော့ပါဘူး။ iPad တွေလို၊ hTC one လို aluminium အပြားလိုက်ကြီးကို ထွင်းထားတာကိုမှ uni body လို့ သတ်မှတ်နိုင်ပါလိမ့်မယ်။)

hTC one က uni body ဖြစ်တဲ့ အပြင် ရုပ်ဆိုးဆိုး၊ ပြောင်စပ်စပ်တော့ မဟုတ်ဘူးနော့။ နောက်ကျောဘက်မှာ ပြေပြေလေး ခုံးထားပြီး ဘေးဘောင် အနားသတ်တွေကို ပါးပါးလေး ဆင်းပေးထားတော့ ပေတံနဲ့သာ မတိုင်းကြည့်ဘူး ဆိုရင် 9.3mm ထူလိမ့်မယ်လို့ ဘယ်သူက ထင်ချင်ပါ့မလဲ။ အထူအပါးတွေ အသာ ထားလို့ hTC one ကို လက်ထဲ ကိုင်ကြည့်လိုက်ပါဦး။ comfortable ဖြစ်လှချည်လားလို့ အံ့အောသွားပါလိမ့်မယ်။ အဲ့ဒါထက် ပိုပြီး ချီးကျူးချင်စရာ ကောင်းတာ တစ်ခုက hTC one ရဲ့ power, volume စတဲ့ hardware button တွေဟာ တခြား phone တွေလို body အပြင် ဖုထွက်မနေပဲ body အသားနဲ့ တစ်ပြေးညီပဲ ဖြစ်နေပါတယ်။


ဒါလေးများကွာ .. ဘာ ထူးဆန်းလို့လဲ ?? လို့ အငေါ့တူး မစောပါနဲ့ဦး။ အဲ့ဒိ power, volume button တွေကို body အသားထဲ မြှုပ်ထားဖို့ အတွက် အတွင်း frame ကို ဘယ်လို ပြင်ဖွဲ့လိုက်ရမယ် ဆိုတာ လွယ်သလား ? ခက်သလား ? အရင် မေးကြည့်လိုက်ပါလေ။ အဲ့လို လုပ်ရင် စရိတ် တက်လို့ hTC တောင် တခြား သူ့ phone တွေမှာ လုပ်မပေးနိုင်ပါဘူး။ hTC one သီးသန့်ပဲ ဖြစ်ပါတယ်။ ဒါလေးက power button, volume button လေးတွေပဲ ဖြစ်ပေမဲ့ hTC က သူတို့ ပညာ ဘယ်လောက် နက်ကြောင်း ခင်းပြလိုက်တာပါပဲ။


body တင်ပဲလား ?? အသံကိုလည်း နားစဉ်လိုက်ပါဦး။ mobile phone သုံးဆွဲသူတိုင်း ခေါင်း ကုတ်နေရတဲ့ အသံ တိုး၊ အသံ မကြည် ပြဿနာတွေကို အကောင်းဆုံး ဖြေရှင်းပေးလိုက်တာ hTC one ပါပဲ။ ရှေ့မျက်နှာပြင်ရဲ့ အပေါ်မှာ တစ်ပေါက်၊ အောက်မှာ တစ်ပေါက် speaker နှစ်လုံး တပ်ဆင်ထားတဲ့ hTC one ရဲ့ အသံ ထုအားက ကောင်းတာထက်တောင် ကျော်ထွက်ပြီး အကောင်းလွန်နေတော့ မကြိုက်မယ့် သူ မရှိခဲ့ပါဘူးဗျာ။


တခြား sense UI v5 တွေ blink feed တွေကတော့ ရင်းနှီးနေပြီးသား ဖြစ်မယ့် အတွက် ဒီနေရာမှာ မဖော်ပြတော့ပါဘူး။ hTC one ရဲ့ main specs ပဲ ကြည့်လိုက်ရအောင်လားဗျာ။

SIM type: micro SIM
body dimensions: 137.4 x 68.2 x 9.3 mm (5.41 x 2.69 x 0.37 in)
weight: 143 g (5.04 oz)
display type: super LCD3
display size: 4.7"
display resolution: 1080 x 1920 pixels @ 469 ppi
internal storage: 32/64 GB (no sdcard)
CPU: quad-core 1.7 GHz Krait 300 Qualcomm APQ8064T Snapdragon 600
GPU: Adreno 320
RAM: 2GB
sensors: accelerometer, gyro, proximity, compass
camera main: 4 MP, 1/3'' sensor size, 2µm pixel size
camera front: 2.1 MP, 1080p @ 30fps, HDR
android version: varies with regions.


body လှလှ၊ အသံ ကောင်းကောင်းနဲ့ performance မြင့်မြင့် phone သုံးချင်တဲ့ user တွေ အတွက် hTC one ကိုပဲ ညွှန်ပြလိုက်ရပါကြောင်း ....

PWK.
March 10, 2014. 10:44 PM.
ဂယောင်ဂရင် ဖြိုး @ facebook
https://www.facebook.com/groups/513079698764647/
https://www.facebook.com/pages/Future-for-smartphones/224468341029838
https://www.facebook.com/freeservice11

0 comments:

Post a Comment