FFSPG

FFSPG

Saturday 2 August 2014

Manchester United ပရိတ်သတ်များအတွက် United (2011) & The Class of 92 (2013) ဇာတ်ကားနှစ်ကား တိုက်ရိုက်ကြည့်ရှု ၊ ဒေါင်းယူနိုင်

FFSPG

မန်ချက်စတာယူနိုက်တက် ပရိတ်သတ်များကြိုက်နှစ်သက်မယ့် ဇာတ်ကားနှစ်ကားတင်ပေးလိုက်ပါတယ်။
မန်ချက်စတာယူနိုက်တက် မိသားစု တခု၊ စည်းလုံးခြင်း၊ စုစည်းခြင်း၊ အနစ်နာခံခြင်း၊ မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေ နဲ့ သရဲနီ စိတ်ဓာတ်ကို ဖော်ပြနေတဲ့ အသင်း ဆိုတာ တွေ့မြင်ရမယ့်
ဖြစ်ရပ်မှန်ဇာတ်ကားနှစ်ကားဖြစ်ပါတယ်။
မန်ယူရဲ့ ကျော်ဖြတ်လာတဲ့ သမိုင်းစာမျက်နှာတွေဆိုလည်း မမှားပါဘူး ....

United (2011) ဇာတ်ကားကိုတိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ The Class of 92 (2013) ဇာတ်ကားကို
ဒေါင်းယူကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ရုပ်ထွက်အကြည်ပါ။ ဒေါင်းယူသိမ်းစည်းထားနိုင်ပါတယ်။



United (2011) ဇာတ်ကား အညွန်း ....

"လေယာဉ်က အပေါ်မတက်ဘူး"
"ကိုယ့်နေရာ က ကိုယ့် အတွက် အကောင်းဆုံးပါ ဘော်ဘီရ"
"ငါတို့ ဂျာမန် စကားမပြောတတ်ပဲ ဂျာမန်မြေမှာ သေရတော့မယ်ထင်တယ်"

လေယာဉ်ပျက်မကျမှီလေး ယူနိုက်တက် ကစားသမားတွေရဲ့ သောက .........
လေယာဉ်ပျက်ထဲကနေ ကလေးငယ်လေး ကို ကယ်ထုတ်ပြီး ထွေးပွေ့ထားတဲ့ ဘော်ဘီ ချာတန်

လာကြဟေ့ နည်းပြကြီးကို ကယ်ထုတ်ကြရအောင် ဆိုပြီး ဆာမက်ဘက်စ်ဘီ ကို လေယာဉ်ပျက်ကြားက ဆွဲထုတ်နေကြသူများဆေးရုံပေါ်မှာ သွေးသံကြားကနေ ကျွန်တော့် သူငယ်ချင်းတွေကို ကယ်ပေးပါ လို့

ပြောရင်း သေဆုံးသွားတဲ့ ယူနိုက်တက် အသင်းသား ....

 United (2011) ဇာတ်ကားမှ ....
  


ကျောက်ကပ်ပျက်စီးသွားလို့ ကစားသမားဘဝ ဆုံးရှုံးပြီး ဆေးရုံကုတင်ပေါ်မှာ ပတ်တီးတွေ စည်းထားရပေမယ့် စနေနေ့ ကန်မယ့် လိဂ်ပွဲက ဘယ်အချိန်လည်း လို့ မေးနေတဲ့ ကစားသမား

အားလုံး ငါ့အပြစ်ပါ၊ ဝုဖ်ဗာဟန်တန် နဲ့ ပွဲ ကစားရမှာမို့ ချက်ချင်း ပြန်ဖို့ ညွှန်ကြားခဲ့မိတာ ငါမှားတာပါကွာ လို့ မျက်ရည်တွေကြားက ပြောနေတဲ့ ဆာ မက်ဘက်စ်ဘီ

အသင်းသားတွေရဲ့ အလောင်းတွေကို ဝမ်းနည်းငိုကြွေးမှုတွေနဲ့ အတူ သဘောင်္နဲ့ ပြန်သယ်ခဲ့တဲ့ အသင်းကို မက်ဘက်စ်ဘီ အစား ယာယီ တာဝန်ယူထားတဲ့ နည်းပြ ဂျင်မီမာဖီ

ကျွန်တော် သူတို့ ပရိတ်သတ်ပါ။ အိမ်ကွင်းပွဲစဉ်တိုင်း အားပေးနေကြပါ။ ဒီကောင်လေးတွေက အရမ်းတော်ပါတယ်။ သူတို့နဲ့ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အကောင်းဆုံး အသင်း ဖြစ်သလို လူချစ်လူခင်အများဆုံး အသင်းပါ။ ဒီနေရာကနေ တဖဝါးမှ မခွာပဲ တညလုံး စောင့်ပေးမှာပါလို့ ယူနိုက်တက် ကစားသမားတွေရဲ့ အလောင်းထားရာ အခန်းပေါက်မှာ စောင့်ကြပ်ပေးနေတဲ့ လုံခြုံရေး ဝန်ထမ်း

ငါတို့ ဒီအချိန်ဆို ချန်ပီယံလိဂ် ဆီမီးမှာ အေစီမီလန် နဲ့ ကန်နေရပြီနော်လို့ နှာခေါင်းပိုက် တန်းလန်း နဲ့ အသက် ဝိဥာဉ် ကုန်ဆုံးခါနီးထိ ကြေကွဲတသ ပြောနေတဲ့ ဒွန်ကန် အပ်ဝပ်ဒ်

"အယ်မာ အဲဒီစာအိပ်တွေက ဘာတွေလည်း"
"ဒါတွေက ပရိတ်သတ်တွေ ဆီက ပို့လိုက်တဲ့ ဝမ်းနည်းကြောင်းစာတွေ နဲ့ ပိုက်ဆံတွေ"
"ပိုက်ဆံတွေက"
"ပိုက်ဆံတွေက သေဆုံးသွားတဲ့ ကစားသမားတွေရဲ့ ကျန်ရစ်သူ မိသားစုတွေ ကို ထောက်ပံ့ဖို့တဲ့။ ဝန်ထမ်းပရိတ်သတ်တွေ က သူတို့ လစာတွေ၊ ကလေးတွေက သူတို့ရတဲ့ မုန့်ဖိုးတွေ ပို့ပေးလိုက်ကြတာ။"

ငြိမ်သက်တိတ်ဆိတ်နေတဲ့ အိုးထရက်ဖို့ဒ် ကွင်းရှေ့က လွမ်းသူ့ပန်းခွေတွေ၊ ဆုတောင်း ထွန်းညှိထားတဲ့ ဖယောင်းတိုင်တွေ နဲ့ ဝမ်းနည်းခြင်း နဲ့ တိုင်တဝက် လွှင့်ထူထားတဲ့ အသင်း အလံတွေ.........

အသင်းကို ပြန်တည်ဆောက်ဖို့ လုပ်ခပေးစရာ မလိုပဲ ခြေစွမ်းလာ အစမ်းသပ်ခံတဲ့ လူငယ် ကစားသမားတွေ

ရှက်ဖီးလ် နဲ့ အက်အေဖလား ကန်ခါနီးမှ ၁ နာရီအလိုမှ ကစားသမား ၁၁ ယောက် ပြည့်အောင် စာချုပ်ချုပ်၊ ဝတ်စုံရှာ နဲ့ အသင်းအတွက် ကြိုးစားနေကြသူများ

ဘောလုံးလောက က အနားယူမယ်ဆိုတဲ့ ဘော်ဘီချာလ်တန် အဝတ်လဲခန်းထဲ ဝင်လာတာ ကို နှုတ်ဆက်ရုံ နှုတ်ဆက်ပြီး တနလာင်္နေ့ လေ့ကျင့်ရေးကွင်းလာမှ တွေ့မယ်ဆိုပြီး ခပ်မာမာပြောခဲ့ပြီး ယူနိုက်တက်ရဲ့ ကြယ်ပွင့် ကစားသမား ကို ဘောလုံး ပြန်ကန်အောင် စည်းရုံးနိုင်ခဲ့တဲ့ ဂိုးသမား ဂျင်မီဂရပ်

၁၉၅၈ FA ဖလား ဗိုလ်လုပွဲ (လေယာဉ်ပျက်ကြအပြီး ၃ လ အကြာ) မကန်ခင် ဂျင်မီမာဖီ ရဲ့ အသင်းသားတွေ ကို လာကြည့်ပြီး မင်းတို့ဟာ သမိုင်း တခေါတ် ထူထောင်မယ့်သူတွေ၊ မင်းတို့ ရင်ဘတ်က တံဆိပ်မှာ တပ်ဆင်ထားတဲ့ ငှက်ပုံကို တွေ့လား၊ အဲဒီ ငှက် က ဖီးနစ်ငှက်ပဲ။ မီးလျှံကြားက ပြန်ရုန်းထခဲ့တဲ့ ငှက်ပဲ။ အခု အသင်း ရုန်းထဖို့ မင်းတို့တွေ ဖီးနစ်ငှက် ကို နမူနာ ယူကြပါလို့ စိတ်ဓာတ်မြှင့်တင်ပေးနေတဲ့ ဆာ မက်ဘက်စ်ဘီ

ဒီဇာတ်လမ်း ကို ကြည့်ရင်း ကြည့်ရင်း ယူနိုက်တက် ဆိုတာ အသင်း တစ်သင်း မဟုတ်တော့ဘူး။ ညီအကို မောင်နှမတွေ နဲ့ ပျော်ရွှင်ဖွယ် မိသားစု တခု၊ စည်းလုံးခြင်း၊ စုစည်းခြင်း၊ အနစ်နာခံခြင်း၊ မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေ နဲ့ သရဲနီ စိတ်ဓာတ်ကို ဖော်ပြနေတဲ့ အသင်း ဆိုတာတွေ တွေ့မြင်ခဲ့ရပါတယ်.............

Credit : We Are United







United is based on the true story of Manchester United's legendary "Busby Babes", the youngest side ever to win the Football League and the 1958 Munich Air Crash that claimed eight of the ... See full summary »



United (2011) ဇာတ်ကားကိုအောက်တွင်ကြိုက်နှစ်သက်ရာလင့်မှ တိုက်ရိုက်ကြည့်ရှုပါ။

Link1



Link 2



==============================================================




FFSPG

The Class of 92 (2013) ဇာတ်ကားက (David Beckham, Nicky Butt, Ryan Giggs, Paul Scholes, Phil and Gary Neville) တို့ အကြောင်းလေးနဲ့  1992-1999 အချိန်ကာလ အောင်မြင်မူ Class of 92 ဖြစ်ပါတယ်။

The Class of 92, a cinematic documentary detailing the rise to prominence and global sporting superstardom of six supremely talented young Manchester United footballers (David Beckham, ... See full summary »




The Class of 92 ( 2013) Bluray 1080p ဇာတ်ကားကို အောက်တွင် ကြိုက်နှစ်သက်ရာလင့်မှဒေါင်းယူပါ။

 
Download Single Link ဖြင့်ဒေါင်းယူပါ။



195MB PART ဒေါင်းလင့်များဖြင့်ဒေါင်းယူပါ။

PART1  PART2  PART3  PART4  PART5  PART6  PART7

OR ----------------------------------------------------------------- OR

PART1  PART2  PART3  PART4  PART5  PART6  PART7




ကွန်ပြူ တာဖြင့် zip ဖြည်နည်း

part1 to 8 ထိကို desktop ပေါ်တင်ပြီး part 1 မှ 7 အားလုံးကို ကလစ်ဆွဲပြီး 
right click နိုပ် extract here ရွေးပြီးဖြည်လိုက်ပါ ။ 
( zip , rar ဖိုင်တွေဖြည်ဖို့  မရှိသေးလျင် 7zipWinrar ယူပါ ၊ စက်မှာ run ပြီးဖြည်နိုင်ပါပြီ )

**** zip ကွန်ပြူတာနှင့်ဖြည် ဗီဒီယိုလေးပါ ****




ဖုန်းဖြင့် zip ဖြည်နည်း

****( ဖုန်းကနေ zip ဖြည်ဖို့  ဒီမှာဒေါင်းယူပေးပါ )****

ဖုန်းထဲကို ထည့်သွင့်း  install လုပ်ပေးဖို့  အောက်ပါအဆင့်အတိုင်းသွားပေးပါ။
( Setting > Security > Unknown sources ကို အမှတ်ခြစ်ပေးပါ )
ဒေါင်းထားသော B1 ဆီသွားပြီး သူကိုနိုပ်ခါ install လုပ်လိုက်ပါ။
မိမိဖုန်းထဲ B1 ကိုထည့်သွင်းပြီးပါပြီ။
Unknown sources ကို install လုပ်ချိန်ပဲဖွင့်ပေးပါ ၊ ကျန်တဲ့အချိန်မှာ ပိတ်ထားပေးပါ။
safe ဖြစ်ပါတယ်။







Man Utd ရဲ့ သတင်း၊ ဟိုက်လိုက်၊ ပွဲချိန်ဇယား၊ Live Wallpaper ရှယ် APK လေးခု



THANK FOR ALL
YM7


0 comments:

Post a Comment