FFSPG

FFSPG

Sunday 8 June 2014

moto g - Android new version 4.4.3 update













                         

moto g ကို Android 4.4.3 update တင်တာတော့ အဆင်ပြေသွားပါပြီ။ တခြား phone တွေနဲ့ မတူပဲ ဒီ moto g မှာ root, cwm တွေ ရှိနေပေမဲ့ OTA (over the air / direct from phone wifi/3g) update ကို ဘာဖြစ်လို့ ပေးထားတာလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ hTC, Samsung, Huawei နဲ့ အများစု phone တွေဆို root လုပ်ထားရင် update မသိ၊ မမိတော့ပါဘူး။ အခု moto g မှာတော့ OTA update ရတဲ့ အပြင် update ဆွဲတင်လိုက်တာတောင် root မပျက်၊ cwm မပျက်နဲ့ app, game, data တွေပါ ဘာမှ အရာ မယွင်းသွားခဲ့ပါဘူး။ OS update လုပ်လိုက်လို့ lagging ဖြစ်လာတာ၊ battery ပိုစားလာတာတွေလည်း မတွေ့ရသေးပါဘူး။ (၁၂ နာရီလောက် စမ်းပြီးပါပြီ။) Xposed framework တွေလည်း 4.4.2 တုန်းကလိုပဲ အားလုံး အဆင်ပြေပြေ အလုပ် လုပ်ပါတယ်။

   




 

အခု 4.4.3 က minor update ပါပဲ။ ထူးထူးခြားခြား မဖြစ်သွားပါဘူး။ 4.4.2 တုန်းက bug fix တွေ အတော်များများ လုပ်ပေးထားတယ် ဆိုပေမဲ့ ဘာတွေမှန်းတော့ သေချာ မသိရပါဘူး။ ကျွန်တော်တို့ moto g မှာတော့ အဓိက အနေနဲ့....

(၁) camera မှာ video ရိုက်တဲ့ အခါ pause လုပ်ထားလို့ ရတဲ့ function ပါလာပါတယ်။ စမ်းရိုက်ကြည့်တာလည်း အဆင်ပြေပါတယ်။ pause လုပ်ပြီး resume ပြန်လုပ်တဲ့ အခါ lagging မဖြစ် (မထစ်မငေါ့) ပဲ ရိုက်ကူးနိုင်ပါတယ်။

 

 

(၂) phone dial pad, recent history, speed dial, contact တွေရဲ့ UI (user interface) က design အသစ် ဖြစ်သွားပါတယ်။ ပိုပြီး ရှင်းရှင်းလင်းလင်း၊ လှလှပပ ဖြစ်လာတာပေါ့။ အဓိက သိသာသွားတာက (တခြား Android တွေ iPhone တွေနဲ့ မတူပဲ) contact pic မရှိတဲ့ (မထည့်ထားတဲ့) contact တွေမှာ contact name ရဲ့ ရှေ့ဆုံး စာလုံးကို contact pic အဖြစ် ပြပေးထားတာလေးက အမြင်လည်း ဆန်း၊ လန်းလည်း လန်းပါတယ်။ flat UI နဲ့ပဲ ဖြစ်ပါတယ်။

(၃) moto alert, moto help, moto migrate, moto assist စတဲ့ moto apps တွေကိုလည်း playstore က တစ်ဆင့် update ချပေးထားပါသေးတယ်။ အရမ်းကြီးတော့ အသုံးမဝင်ပါဘူး။ moto alert လေးကတော့ ကလိလို့ ကောင်းပါတယ်။ ကိုယ် ကြိုက်တဲ့ contact / phone number ကို add ထားပြီး ကြိုက်တဲ့ message ပို့လို့ ရမယ်။ phone call ခေါ်လို့ ရမယ်။ internet ကနေ တစ်ဆင့် ကိုယ် ရောက်နေတဲ့ နေရာ (GPS) ကို ပြလို့ရမယ်။ ဒီ moto alert က တကယ့်ကို emergency case တွေမှာပဲ အသုံးတည့်မှာပါ။ ကိုယ်တိုင် ပြန်မရပ်အချင်း auto dial/message တွေ လုပ်နေမှာမို့ phone ဖိုး၊ message ဖိုး တော်တော် ကုန်ပါလိမ့်မယ်။ :P


တခြား အပြောင်းအလဲလေးတွေလည်း ရှိနေပေမဲ့ UI, UX မှာ မြင်ရ သိရသလောက်ကတော့ ဒီလောက်ပါပဲ။ root access ကြီး တန်းလန်းနဲ့ root မပျက်ပဲ OTA update ရသွားတာလေး တစ်ခုကိုတော့ moto g ကို ကျေးဇူးတင်နေရပါတယ်။ (motorola PC suite နဲ့ ချိတ်ပြီး စမ်းကြည့်တာတော့ update မပေးပါဘူး။)

PWK.
June 8, 2014. 1:51 PM.

0 comments:

Post a Comment