FFSPG

FFSPG

Monday 15 September 2014

Galaxy Note 4 အကြောင်း ...

FFSPG


Samsung ဟာ Galaxy Note 4 ကို မျက်နှာပြင်အရည်အသွေး အလွန်ကြည်လင်ပြတ်သားပြီး အရည်အသွေး ကောင်းမွန်လှပတဲ့ စမတ်ဖုန်းတစ်လုံးအဖြစ် ဖန်တီးထုတ်လုပ်လိုက်ပါတယ်။
မျက်နှာပြင်အရွယ်အစား 5.7” မှာ Quad HD (2560x1440) နဲ့ Super AMOLED နည်းပညာကို အသုံးပြုထားပါတယ်။ မျက်နှာပြင်သိပ်သည်းဆ ကလည်း 515 ppi ရှိတဲ့အတွက် ပုံရိပ်တွေကို အသေးစိတ်ကျနစွာ တွေ့မြင်ရပါလိမ့်မယ်။ ဖုန်းကို ဘေးတိုက် ကြည့်ရှုတဲ့အခါ တွေ့မြင်ရမယ့် Viewing angle လည်း ပိုမိုကောင်းမွန်လာပြီး အလင်းအမှောင်ကို တုန့်ပြန်နိုင် တဲ့စွမ်းရည်လည်း ပိုမိုတိုးတက်လာခဲ့ပါတယ်။

Samsung ရဲ့ ပထမဆုံး သတ္တု frame ဖုန်းအဖြစ် Galaxy Alpha မှာ တွေ့မြင်ခဲ့ရသလိုပဲ Note 4 မှာလည်း ဖုန်းရဲ့ ဘေးပတ်လည်ကို သတ္တု frame နဲ့ ခွေထားပြီး Galaxy S3 မှာတုန်းက တွေ့မြင်ခဲ့ကြရတဲ့ ဖောင်းကြွမျက်နှာပြင် 2.5D Glass ပုံစံအတိုင်း အစင်းကြောင်းလေးတွေနဲ့ လှပအသက်ဝင်အောင် ပြန်လည် ဖန်တီးထားပါတယ်။ မျက်နှာပြင် ကာကွယ်တဲ့စနစ်ကတော့ Gorilla Glass 3 ပါ။ ဖုန်းရဲ့ ဒီဇိုင်းပုံစံတစ်ခုလုံးကို ကျစ်လျစ် သေသပ်ပြီး လှပအောင်တည်ဆောက်ထားတဲ့အပြင် ကိုင်တွယ်အသုံးပြုတဲ့နေရာမှာ သဘာဝကျကျ အဆင်ပြေလွယ်ကူစေဖို့ ဦးစားပေး ပုံဖော်ထားပါတယ်။



စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Snapdragon 805 နဲ့ Exynos 5433 ဆိုပြီး ဖြန့်ချိမယ့် ဈေးကွက်အနေအထားအရ version နှစ်မျိုး ခွဲခြားပေးထားပါလိမ့်မယ်။ Snapdragon 805 Version မှာတော့ Krait 450 Quad-core 2.7 GHz CPU ကို အသုံးပြုထားပြီး Exynos 5433 version မှာတော့ Quad-core 1.3 GHz+ Quad-core 1.9 GHz CPU ကို အသုံးပြုထားပါတယ်။ RAM ကတော့ version နှစ်မျိုးစလုံးမှာ 3 GB စီအတူတူ ပါဝင်ပါလိမ့်မယ်။

အချက်အလက်သိမ်းဆည်းမှု အပိုင်းမှာလည်း 32 GB internal အဖြစ် ပါဝင်ကာ 64 GB ထိ တိုးမြှင့်နိုင်မယ့် microSD slot လည်း ပါဝင်မှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ နောက်ကျောဘက် ကင်မရာဟာ 16 MP ပါဝင်ပြီး Smart OIS နည်းပညာ ပါဝင်လာပါတယ်။ ရှေ့ဘက် မျက်နှာစာ ကင်မရာကတော့ 3.7 MP အရည်အသွေးရှိပြီး f1.9 အရည်အသွေးရှိ lens စနစ်ပါဝင်တာကြောင့် ရှေ့ဘက်ကင်မရာကနေ selfie ပုံရိပ်တွေ ရိုက်ကူးတဲ့တဲ့အခါ အရင်နဲ့မတူတဲ့ ထူးခြားတဲ့ မြင်ကွင်းကျယ်ပုံရိပ်တွေအဖြစ် ရိုက်ကူးနိုင်တော့မှာ ဖြစ်ပါတယ်။
 

Samsung ရဲ့ အဆိုအရ ရေပန်းစားနေတဲ့ Selfie ဆိုတဲ့စကားလုံးဟာ Note 4 ရဲ့ 120ံမြင်ကွင်းကျယ် ရိုက်ကူးနိုင်တာကြောင့် Wefie လို့ ပြောင်းလဲခေါ်ဆိုရတော့မယ်လို့ ဆိုထားပါတယ်။
Note 4 မှာ ထူးခြားတဲ ပြောင်းလဲချက်တွေအဖြစ် Design, Camera အပိုင်းအပြင် မျက်နှာပြင် ကြီးမားတဲ့ ဖုန်းတွေပေါ်မှာ တွေ့ကြုံအသုံးပြုရတဲ့ multitasking စနစ်ကို ပိုမိုကောင်းမွန်လာအောင် ပြုလုပ်လာ နိုင်ခဲ့ပါတယ်။ ထို့အတူပဲ multitasking အတွက် အသုံးပြရမယ့် SPen စနစ်ကိုလည်း တည်ငြိမ်ကောင်းမွန်ပြီး သဘာဝကျတဲ့ ထိတွေ့ခံစား ရေးသားမှုမျိုး ရရှိအောင် တည်ဆောက်နိုင်ခဲ့ပါတယ်။ SPen ရဲ့ မျက်နှာပြင်အပေါ် ထိတွေ့မှုနှုန်းဟာ ထိတွေ့တဲ့ အရှိန်၊ ဖိအား၊ အနေအထား အလိုက် အသေးစိတ် သိရှိအသုံးပြုနိုင်လာတာ တွေ့ရပါလိမ့်မယ်။ Samsung ဟာ စမတ်ဖုန်းကို ကျန်းမာရေးအထောက်အကူပြု နည်းပညာပစ္စည်းအဖြစ် အသုံးချနိုင်ဖို့ကြိုးစားမှုအဖြစ် Heart Rate Sensor ကို Galaxy S5 မှာ စတင်ထည့်သွင်းခဲ့တာကို မှတ်မိကြဦး မယ်ထင်ပါတယ်။

အခုတစ်ခါ Note 4 မှာလည်း Heart Rate Sensor အပြင် ခရမ်းလွန်ရောင်ခြည်ပမာဏကို တိုင်းတာနိုင်မယ့် UV Sensor နဲ့ လေထုထဲမှာရှိတဲ့ အောက်ဆီဂျင်ပမာဏကို တိုင်းတာနိုင်မယ့် SpO2 Sensor အစရှိတဲ့ Sensor တွေ ပါဝင်လာပြီး ကျန်းမာရေးအထောက်အကူပြု နည်းပညာ စနစ်တွေကို ပထမဆုံး ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ ဒါဟာ Samsung ရဲ့ စမတ်ဖုန်းကိုအသုံးပြုကာ လူမှုပတ်ဝန်ကျင် အသီးအသီးအတွက် နေ့စဉ်အသုံးပြုရမယ့် နည်းပညာပစ္စည်း အစိတ်အပိုင်းတစ်ခုသဖွယ်ဖြစ်လာဖို့အတွက် ကြိုးပမ်းအားထုတ်မှုလည်းဖြစ်ပါတယ်။ တခြားထိပ်တန်းစမတ်ဖုန်းတွေလိုပဲ Fast Charging လို့ခေါ်တဲ့ နာရီဝက်အတွင်း ဖုန်းရဲ့ ဘက်ထရီကို 50% အထိ အားအမြန်ဖြည့်သွင်းတဲ့ စနစ်လည်း ပါဝင်ပါသေးတယ်။


အရေးကြီး ပုဂ္ဂိုလ်တွေ နဲ့ စကားပြောဆိုတဲ့အခါ အင်တာဗျူး ပြုလုပ်တဲ့အခါ အသံဖမ်းချင်တဲ့အခါ ဖုန်းမှာ ပါဝင်ပြီးသားဖြစ်တဲ့ Reocrder ကို ဖွင့်ပြီး အနီးအနားမှာ ထားထားရုံနဲ့ ဘယ်ဘက်ကပြောတယ်ဆိုတဲ့အသံကို လားရာဦးတည်ချက်အလိုက် သိရှိ ဖမ်းယူနိုင်အောင် အဆင့်မြင့်တင်ပေးထားပါတယ်။ ဒီလို သိရှိ ဖမ်းယူနိုင်ဖို့အတွက် Advanced Voice Reocrder စနစ်အဖြစ် built-mic ၃ ခု ထည့်သွင်းတည်ဆောက်ကာ မလိုအပ်တဲ့ ဆူံညံသံတွေကို ခွဲခြားလျော့ချနိုင်စေပါတယ်။ Samsung ဟာ လက်ရှိ Phablet ဈေးကွက်မှာ ဦးဆောင်ထားနိုင်ဆဲဖြစ်တဲ့ Note 3 ကို ကျော်လွန်ပြီး နည်းပညာမြင့်မားဆန်းသစ်တဲ့ Note 4 ကို ဆက်လက် ထုတ်ဖော်ပြသခဲ့တဲ့အတွက် Phablet ဈေးကွက်ကို တခြားပြိုင်ဘက်တွေ ထပ်မံ ၀င်ရောက်မလာနိုင်အောင် ကြိုတင်ပြင်ဆင်ထားတယ်လို့ ဆိုချင်ပါတယ်။

=================
MTN
=================

Credit - TechSpace Journal



THANK FOR ALL
YM7

0 comments:

Post a Comment