FFSPG

FFSPG

Wednesday 25 September 2013

iPhone 5C အကြမ်းမခံတာလား ( iPhone 5C/5S Drop Test)




အောင်ခမ်း ( TSJ Team )

ပိုက်ဆံအင်မတန်ပေါတဲ့ အနောက်တိုင်းက Geek တွေကတော့ ထွက်တာ ရက်ပိုင်းလေးပဲ ရှိသေးတဲ့ အိုင်ဖုန်း အသစ်တွေကို ဖျက်ဆီးပြလိုက်ပါပြီ။ အဲ့လေ။ Drop Test လုပ်တာကို ပြောတာပါ။

Techsmartt အဖွဲ့သားတွေ အိုင်ဖုန်း 5C နဲ့ 5S နှစ်လုံးကို လက်တွေ့ ပစ်ချ ပြသမှု ဖြစ်ပါတယ်။ ၅ ပေ ဝန်းကျင် အမြင့်လောက်ရှိမယ်လို့ ခန့်မှန်းရတဲ့ ရင်အုံကနေ တစ်ခါ၊ ၇ ပေအမြင့် (လက်တစ်လံ) ကနေ တစ်ခါ ပြီးတော့ ၁၀ အမြင့်ကနေ ပစ်ချ ပြသခြင်း ဖြစ်ပါတယ်။ ပစ်ချတာ မဟုတ်ပါဘူး။ ရိုးရိုးတန်း လွတ်ချတာပါ။ ဒီမှာ Exception အနေနဲ့က ဖုန်း ၂ လုံးစလုံးကို Apple က Official ထုတ်ရောင်းတဲ့ Casing တွေနဲ့ တပ်ထားပေး ပါတယ်။ iPhone 5S ရဲ့  ကာဗာကေဇင် (မကေဇင်မဟုတ်) ကန်ဒေါ်လာ ၃၉ ဒေါ်လာ၊ 5C ကေဇင် က ၂၉ ဒေါ်လာ ပေးရပါတယ်။ ဈေးပေးရချင်း ၁၀ ကွာတာကတော့ iPhone 5S နဲ့ 5C ကွာတာမို့ ဖြစ်လိမ့်မယ်။ 

Test ရဲ့  ရင်အုံ ( ၅ ပေ) က လွတ်အချမှာ iPhone 5S က သာသာယာယာပဲ။ ပလပ်စတစ် iPhone (5C) ကတော့ ဖန်သားအစွန်းမှာ အဆင်းရာလေးတွေ နည်းနည်းထင်နေပါပြီ။ လက်တစ်လံ (၇ပေ) က လွတ်ချ ချိန်မှာလည်း iPhone 5S က သာသာယာယာ ပါပဲ။ Casing အစွန်းမှာ မသိမသာခြစ်ရာလေးများ ထင်ရုံပါပဲ။ 5C ကတော့ ၁၀ ပေတစ်ဆင့်ကို ထပ်မတက်တော့ပဲ ၇ ပေမှာတင် ဖလက်ပြပြီး ကွဲသွားပြီ။ Casing ပါတာကြောင့် နောက်ဘက်က ဘာမှ မဖြစ်ပေမယ့် ဖန်သားမျက်နှာပြင်ကတော့ သုံးစားမရအောင် ပျက်သွားပါတယ်။ ပိုဝမ်းနည်းစရာ ကောင်းတာတစ်ခုက Power ဖွင့်လို့မရတော့အောင်ကို ပျက်ဆီးသွားခြင်းပဲ ဖြစ်ပါတယ်။

iPhone 5S ကတော့ ၁၀ ပေ တစ်ဆင့်ကို ထပ်တပ်ပါတယ်။ ဗီဒီယိုမှာ ၂ ခါတောင် လွတ်ချတာ မြင်ရလိုက်တယ်။ နောက်ဖက် Casing မှာ ခြစ်ရာလေး အနည်းငယ်နဲ့၊ ဖန်သားပြင် အစွန်းနားက အရာလေး နည်းနည်းကလွဲလို့ ဘာမှ သိပ်မဖြစ်ဘူး။ သေကောသေချာရဲ့ လားလို့ ဗီဒီယိုကို ၃ ခါတောင် ကြည့်မိပါတယ်။ တကယ်ပါ။

ဒါနဲ့ ဘယ်သူကမှ ဖုန်းကို လွတ်ချဖို့ ရည်ရွယ်ချက်နဲ့ ကိုင်မယ့်သူတွေ မဟုတ်ဘူးလေ။ နမော်နမဲ့ နိုင်သူများအတွက် တော့ Drop Test က အကူအညီပေးတဲ့ Consumer Guide တစ်ခုပေါ့။ Test မှာ သုံးသွားတဲ့ iPhone ၂ လုံးစလုံးကို Screen Cover တစ်လွှာကပ်မထားပါဘူး။ အဲဒါသာ ထပ်ကပ်ထားရင် Test က တစ်မျိုးတစ်ဖုံပြောင်းလဲအုံးမှာ။ ပြောပြနေတာထပ် ကိုယ်တိုင်ကြည့်ပြီး သိနိုင်အောင် Link လေး ပေးလိုက် ပါတယ်။


THANK FOR ALL
YEMIN7


0 comments:

Post a Comment