FFSPG

FFSPG

Wednesday 25 September 2013

iPhone 5S ရဲ့ Fingerprint ကို ဂျာမနီဟက်ကာများ ထိုးဖောက်နိုင်ခဲ့



Guide Magazine

iPhone 5S ရဲ့ Fingerprint ကို ဂျာမနီဟက်ကာများ ထိုးဖောက်နိုင်ခဲ့ Wednesday, September 25, 2013   ဂျာမနီဟက်ကာများစုစည်းထားတဲ့ Chaos Computer Club အဖွဲ့အစည်းက iPhone 5S ရဲ့ Fingerprint ID ကို ဟက်နိုင်ခဲ့ပါတယ်။ နည်းကတော့ ဖုန်းအသုံးပြုသူရဲ့ လက်ဗွေရာကိုယူပြီး လေဆာရောင်ခြည်နဲ့ ပုံတူပွား ထုတ်လိုက်ပါတယ်။ လက်ဗွေရာ မိတ္တူက ထိုးဖောက်မြင်ရတဲ့ အမြှေးပါးလေးတစ်ခုပုံစံပါ။
iPhone 5S ရဲ့ Fingerprint ID က သွေးစီးဆင်းမှုမပါတဲ့ လက်ဗွေရာတွေ အတွက် အလုပ်လုပ်မပေးနိုင်ပါဘူး။ လေဆာနဲ့ မိတ္တူပွားထားတဲ့ လက်ဗွေရာ က လက်ရဲ့သွေးလည်ပတ်မှုစနစ်ကို ပေါင်းစပ်ပေးနိုင်ပါတယ်။ အဲဒီလိုနည်းနဲ့ iPhone 5S ရဲ့ ထိပ်တန်းလုံခြုံရေးလို့ ယူဆထားတဲ့ Fingerprint ID ကို ကျော်လွှားနိုင်ခဲ့ပါတယ်။
အဲဒီအတွက် အလုံခြုံဆုံး Fingerprint နည်းပညာက ထိပ်တန်းလုံခြုံရေး နည်းပညာတစ်ခု မဟုတ်ကြောင်း ၄င်းစနစ်ကို ထိုးဖောက်ရန်မှာ အလွန်ပင် လွယ်ကူကြောင်း ဟက်ကာများက ထောက်ပြခဲ့ပါတယ်။ သင့်ရဲ့ဖုန်းကို ယခုလို အလွယ် တကူ အဟက်မခံရစေဖို့ ဖုန်းထဲမှာ မှတ်ထားတဲ့ Fingerprint Data တွေကို လုံခြုံအောင် သိမ်းဆည်းထားဖို့ လိုအပ်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
 
iPhone 5S ရဲ့ Fingerprint ကို ဟက်နိုင်ခဲ့ပုံကို အောက်ပါ Link မှာ ကြည့်ရှုနိုင်ပါတယ်...


THANK FOR ALL
YEMIN7



0 comments:

Post a Comment