FFSPG

FFSPG

Wednesday 22 January 2014

all about inches.


all about inches.
4 - 4.5 - 6 - 8 -10 - 12.

4" = iPhone6c (same specs with iPhone5s, including finger print)
4.5" = iPhone6
6" = iPhad (phone + pad = phad, resolution is same with iPads)
8" (7.9) = iPad mini (3rd g)
10" (9.7) = iPad Air (2nd g)
12" = iPad Pro


အဟမ်း !!!!

သူများတွေလည်း iPhone6 ကို ဘာညာ ထင်ကြေးပေးကြ၊ concept art တွေ ပြကြနဲ့ ဆိုတော့ ကျွန်တော်လည်း ကျွန်တော့် စိတ်ထင်တာလေးတွေ မှန်းကြည့်တာပေါ့။

iPhone က screen size ကို ၄ လက်မထက် ပို ကြီးပေးဖို့ လိုအပ်နေတာတော့ အမှန်ပဲ။ သုံးစွဲသူတွေက iOS, iPhone တွေကို ကြိုက်နှစ်သက်ကြပေမဲ့ (အဓိက အားဖြင့် samsung ရဲ့ s4, note3 တို့လို ကျယ်ကျယ်ပြန့်ပြန့် မျက်နှာပြင် phone မျိုးကို သုံးရတာ သဘော တွေ့နေတဲ့ အတွက်) iPhone ကိုလည်း လက်ရှိ အရွယ်အစား သေးကွေးပိစိလေးကနေ အနည်းဆုံး ၄.၅၊ ၄.၇၊ ၄.၈၊ ၅ လက်မ စသည်ဖြင့် screen size ကြီးကြီး ထုတ်ပေးစေချင်နေကြပါတယ်။

ဒါပေမဲ့ ခက်နေတာလေး တစ်ခုက apple ရဲ့ အယူအဆကိုက .. mobile phone ဆိုတာ “အလွယ်တကူ ရွှေ့ပြောင်း သယ်ဆောင်သွားနိုင်တဲ့” အသေးစား သုံးဖို့ အတွက်သာ ဖြစ်ပြီး heavy processing တွေ အတွက် ကျယ်ပြန့်တဲ့ မျက်နှာပြင်မျိုး မလိုအပ်ဘူး .. ဆိုတော့ အရင် iPhone4s ၃.၅ လက်မကနေ iPhone5 ၄ လက်မကိုတောင် မတိုးချင် တိုးချင်နဲ့ တိုးပေးခဲ့ရတာကိုး။

နောက် တစ်ခု ရှိတာကလည်း အားလုံး သိပြီးသား ဖြစ်ကြတဲ့ အတိုင်း iOS နဲ့ android OS ကို နှိုင်းယှဉ်ကြည့်တဲ့ အခါ iOS ရဲ့ UI, tweaks တွေရဲ့ အခြေခံ အထိုင်ကိုက ကျယ်ပြန့်တဲ့ screen မျိုးကို မလိုအပ်ပဲ၊ ၃.၅ လက်မ - ၄ လက်မ size တွေမှာတင် ကောင်းကောင်းကြီး အလုပ် ဖြစ်နေ၊ သုံးလို့ အဆင်ပြေနေပါတယ်။ iOS နဲ့ ပြောင်းပြန် နီးပါး ဖြစ်တဲ့ android ရဲ့ UI, function တွေကတော့ သေးငယ် ကျဉ်းမြောင်းတဲ့ screen size မှာ အဆင်မပြေပါဘူး။ android phone တစ်လုံးဟာ အနည်းဆုံး လေးလက်မခွဲ screen size လောက်ကို လိုအပ်ပါလိမ့်မယ်။ ဒါမှပဲ android ရဲ့ home/desktop ပေါ်က alive features တွေ ဖြစ်တဲ့ widget တွေ၊ toggle တွေကို ကောင်းကောင်းကြီး သုံးနိုင်မှာပါ။ iOS ဟာ compact user ကို အဓိက ဦးစားပေးထားပြီး android ကတော့ developer လိုင်းဘက်ကို တစ်ဖက်စောင်းနင်း ဦးတည်ထားတဲ့ အတွက်လည်း dev tools တွေ၊ multi tasking တွေ heavy သုံးနိုင်ဖို့ အတွက်က ကျယ်ပြန့်တဲ့ screen မျိုး လိုအပ်နေတာပေါ့လေ။

ဥပမာ ....
5s vs note3
.... နှိုင်းယှဉ်ကြည့်ကြမယ် ဆိုပါတော့။ ဒီ နှစ်ခုလုံးက တစ်မိုးအောက်မှာ တစ်လုံးတည်း ရှိတဲ့ “ဆရာ့ ဆရာကြီး” phone တွေ ဖြစ်ကြပါတယ်။

5s ရဲ့ 64bits processor ကလည်း ပြိုင်ဘက် ကင်းသလိုပဲ၊

note3 ရဲ့ (Exynos 5 Octa 5420 - Quad-core 1.9 GHz Cortex-A15 & quad-core 1.3 GHz Cortex-A7) or (Qualcomm Snapdragon 800 - Quad-core 2.3 GHz Krait 400) ကလည်း အကောင်းဆုံး အနေအထားမှာ ရှိနေပါတယ်။

note3 ရဲ့ အနှစ်သာရ ဖြစ်တဲ့ true multi tasking function တွေကို 5s မှာ မရနိုင်သလိုပဲ၊

5s ရဲ့ super smooth, efficiency ဆိုတာမျိုးတွေလည်း note3 မှာ မရနိုင်ပါဘူး။

ရုတ်တရက် ယှဉ်ကြည့်လိုက်ရင် note3 အတွက် 5s က ကလေးကလားနဲ့ ရယ်ချင်စရာလေး ဖြစ်နေပေမဲ့ တကယ် ယှဉ်သုံးကြည့်တဲ့ အခါ user experience မတောင်းတဲ့ 5s က ပို အလုပ် ဖြစ်နေတာ တွေ့ရပါတယ်။ မူကြို မတက်ရသေးတဲ့ ကလေးငယ်လေးတွေ လက်ထဲကိုတောင် 5s ထည့်ပေးလိုက်မယ် ဆိုရင် သူတို့ ဆော့ချင်တဲ့ game ကို သူတို့ ကိုယ်တိုင် ရှာတတ် ဖွင့်တတ် ဆော့တတ် ပြန်ပိတ်တတ်ပါတယ်။ လမ်းလျှောက်တတ်ခါစ ကလေးတွေ လက်ထဲ 5s ထည့်ပေးလိုက်မယ် ဆိုရင်လည်း နှိပ်စမ်း။ သူတို့ လက်ချောင်းလေးတွေနဲ့ တွေ့ကရာတွေ လျှောက်နှိပ်စမ်း။ ရောင်စုံတွေ အလုံးအလုံးလေးတွေ တွေ့လေ ကလေးက နှိပ်ချင်လေနဲ့ နှိပ်စမ်းပါလေ့။ မပျက်ဘူးဗျာ။ ဘားမှ မဖြစ်ဘူး။ home button ကို ပြန်နှိပ်လိုက်တာနဲ့ phone က stable state ကို တစ်ချက်တည်း ပြန်ရောက်သွားပါလိမ့်မယ်။ အဲ့လောက်ထိ user friendly ဖြစ်တဲ့ iOS ဟာ user false ကို စိတ်ရှည် သည်းခံ ရှင်းလင်းပေးတဲ့ နေရာမှာ no two ပါပဲ။

note3 ဆိုတဲ့ ဟာကြီးကို နားလည် ကျွမ်းကျင်ဖို့ ဆိုတာ android ကို ဟိုး အခြေခံတည်းက သိထား လေ့လာထားခဲ့မှ note3 ကို ဟန်ကျပန်ကျ function စုံစုံ အသုံးချနိုင်မှာပါ။ (ကျွန်တော် အပါအ၀င် ကျွန်တော် အပြင်မှာ တွေ့ဖူးသလောက်) note3 သုံးတဲ့ လူတွေရဲ့ ၉၀% လောက်ဟာ s-pen ကို ယောင်လို့တောင် ဆွဲထုတ်မကြည့်ကြပါဘူး။ ကျွန်တော်တို့ သုံးနေကျ ပုံစံ အတွက် အဲ့ဒိ s-pen က လိုမှ မလိုအပ်ပဲလေ။ s-pen ဆိုတာ သုံးတတ်ရင် အရမ်း အရမ်းကို အသုံးဝင်ပေမဲ့ အသုံး မလိုတဲ့ လူတွေ အတွက်တော့ s-pen ဆိုတာ သွားကြားထိုးဖို့တောင် အသုံး မ၀င်တော့ပါဘူး။ နောက် ဆိုးတာ တစ်ခုက note3 ရဲ့ settings ပေါင်း သောင်းခြောက်ထောင်ကို learning လုပ်ရဦးမှာ ဖြစ်တဲ့ အတွက် “master တန်း တက်နေတဲ့ ဒေါက်တာ မမကြီး” တစ်ယောက်နဲ့ ရည်းစား ထားမိသလို ခေါင်းစားဖို့သာ ပြင်ထားဟေ့ :P :P android experience ရှိထားပြီးသား သူတွေ အတွက် note3 ဟာ အဖိုးမဖြတ်နိုင်အောင် အသုံးဝင်ပေမဲ့ user အများစု အတွက်တော့ note3 ဟာ ရှုတ်ထွေးလွန်းနေပါတယ်။

(the word Efficiency in general, describes the extent to which time, effort or cost is well used for the intended task or purpose. It is often used with the specific purpose of relaying the capability of a specific application of effort to produce a specific outcome effectively with a minimum amount or quantity of waste, expense, or unnecessary effort. အချိန် မကုန်၊ ခေါင်း မစား၊ အလေအလွင့် အနည်းဆုံးနဲ့ အထိရောက်ဆုံး၊ အတွင်ကျယ်ဆုံး။)

ဒါကြောင့် screen size ကြီးကြီး မလိုအပ်တဲ့ iOS အတွက် ၄ လက်မထက် ပို ကြီးတဲ့ iPhone အသစ် တစ်မျိုး ထုတ်ဖို့ ဆိုတာ apple အတွက် တကယ့်ကို ခေါင်းစားစရာ ဖြစ်နေတာ နေမှာပေါ့နော်။ iPad Air, iPad mini တွေကျတော့ phone size မဟုတ်တော့တဲ့ အတွက် phone လောက် မပေါ့ပါးဘူး၊ ထည့်လို့ ထုတ်လို့ အဆင်မပြေဘူးလေ။ ဒါကြောင့်လည်း “ကြီးလေ ကောင်းလေ” ဆိုတဲ့ user တွေက bigger iPhone ဆိုတာကို အိမ်မက် မက်နေကြတာ လေးငါးခြောက်နှစ် ကြာခဲ့ပါပြီကော။

ဘာပဲ ပြောပြော .. ကဲ .. အခုတော့ apple က ဈေးကွက် စိုးမိုးနိုင်ရေး အတွက်ရော၊ user တွေကို အလို လိုက်ပေးဖို့ အတွက်ရော screen size ကို မဖြစ်မနေ ချဲ့ပေးရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ဒီလို ခန့်မှန်းကြည့်လိုက်ပါတယ်။

samsung က စပြီး ကညော့ခဲ့တဲ့ အတွက် phone+tablet ဆိုတဲ့ phone လည်း မက၊ tablet လည်း မကျတဲ့ ဂွစာ size တွေ တွင်ကျယ်လာလိုက်တာ တခြား android manufacturer တွေ ဖြစ်တဲ့ htc, sony, LG, lenovo, huawei တွေ အကုန်လုံး အကုန်လုံး phoneblet size တွေ လိုက်ထုတ်ကုန်ကြတဲ့ အပြင် အဲ့ဒိ ဂယက်က iPhone ကိုပါ ခပ်ပြင်းပြင်း ရိုက်ခတ်နေတဲ့ အတွက် apple ကလည်း အဲ့ဒိ ဂွစာ size တစ်မျိုးကို ထုတ်လိမ့်မယ်လို့ ခန့်မှန်းရတာပါပဲ။ သေးသေးကျစ်ကျစ် ကြိုက်တဲ့ သူတွေကလည်း iPhone ကို ဆက်သုံး၊ ကျယ်ကျယ်ပြန့်ပြန့် ကြိုက်တဲ့ သူတွေကလည်း အသစ် iPhad ကို သုံးပေါ့။ iPhad ရဲ့ resolution ကိုလည်း iPhone ratio အတိုင်း ရှည်ရှည်မျောမျာ မဟုတ်ပဲ iPad ratio ဖြစ်တဲ့ 1024x768 base, 2048x1536 လိုမျိုး square စပ်စပ် ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။ ဒါမှလည်း 4, 5 fingers swipes, pinch in/out တွေ သုံးလို့ အဆင်ပြေမှာပါ။

ပြီးတော့ apple က ဈေး နည်းနည်း မဆိုသလောက်လေး သက်သာတဲ့ iPhone တစ်မျိုး ဖြစ်တဲ့ c series ကို 5c မှာ ထုတ်ထားပြီးသား ဖြစ်တဲ့ အတွက် အဲ့ဒိ c ကို ဆက်ထိန်းထားဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် iPhone ၃ မျိုး ဖြစ်လာနိုင်စရာ ရှိတယ်ပေါ့။

4" = iPhone6c (same specs with iPhone5s, including finger print)
4.5" = iPhone6
6" = iPhad (phone + pad = phad, resolution is same with iPads)

တစ်ဆက်တည်းမှာပဲ iPad တွေ အတွက်ပါ ခန့်မှန်းလိုက်တာပေါ့ဗျာ။ 2014 ခုနှစ်ထဲမှာ iPad Air, iPad mini တွေ အပြင် size အသစ် တစ်မျိုး ဖြစ်တဲ့ iPad Pro ဆိုတာမျိုး ထပ်ထုတ်လာလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ mac book မှာ air နဲ့ pro ဆိုပြီး နှစ်မျိုး ရှိတဲ့ အတိုင်း iPad မှာလည်း iPad Air, iPad Pro ဆိုပြီး ဖြစ်လာနိုင်စရာ အကြောင်း အများကြီး ရှိနေပါတယ်။ Pro က Air ထက် နှစ်ဆ ပိုမြန်လာလိမ့်မှာပေါ့။ screen size ကလည်း ၁၂ လက်မလောက်ထိ ဖြစ်သွားနိုင်ပါတယ်။ ဒါမှပဲ screen size ၉.၇ လက်မ ရှိတဲ့ iPad Air ထက် iPad Pro က သိသိသာသာ ထူးခြားနေမှာပေါ့။ ဒါကြောင့် ....

8" (7.9) = iPad mini (3rd g)
10" (9.7) = iPad Air (2nd g)
12" = iPad Pro

iPad Pro အတွက် ဖြစ်လာနိုင်ချေ အဓိက specs တွေကတော့ ..

CPU : quad core 2GHZ
RAM : 2GB
GPU : quad core x quad core (dual quad core graphic)
display : super retina (retina x retina)

.. အဲ့လိုတွေ ဖြစ်လာနိုင်ပါတယ်။ (retina ဆိုတာ ရိုးရိုး display ထက် ၄ ဆ ပိုသာပြီးသား ဖြစ်ပါတယ်။) retina ချင်း အတူတူမှာတောင် Pro က Air ထက် နှစ်ဆ သာမယ့် super retina ဖြစ်လာမှာပါ။ ဒါမှလည်း photo, video editing တွေ အမုန်း ဆွဲနိုင်မှာပေါ့နော်။ retina x retina ဆိုတော့ သာမန် display တွေထက် ၁၆ ဆ ပို သာမယ့် သဘောမှာ ရှိမယ်လို့ ခန့်မှန်းကြည့်မိနေပါကြောင်း ....

PWK.
January 22, 2014.
ဂယောင်ဂရင် ဖြိုး @ facebook



0 comments:

Post a Comment