FFSPG

FFSPG

Friday 17 January 2014

iOS 7+ jailbreak



iOS 7+ တွေ အတွက် jailbreak ထွက်တာ တစ်လ နီးပါး ရှိလာပြီ ဖြစ်တဲ့ အတွက် cydia tweak တွေလည်း တော်တော် စုံလာပြီ အလုပ် ဖြစ်လာပြီ ဆိုတော့ မနေ့ (January 17, 2014.) က iPhone4s (iOS 7.0.4) တစ်လုံးကို jailbreak လုပ်ကြည့်လိုက်ပါတယ်။ အားလုံးပဲ အဆင် ပြေပြေ ပြီးသွားပါတယ်။ jailbreak tool ဖြစ်တဲ့ evasi0n7 v1.0.4 (15.8MB) ကိုတော့ http://evasi0n.com/ ကနေပဲ တိုက်ရိုက် download ဆွဲယူထားပါတယ်။ jailbreak လုပ်ရတာတော့ တကယ့်ကိုပဲ လွယ်ကူပါတယ်။


(၁) jailbreak လုပ်တော့မယ် ဆိုတာနဲ့ ထုံးစံ အတိုင်းပဲ ကိုယ့် iDevice ထဲက apps, games, contacts, notes, songs, movies, photos တွေကို itunes, itools တွေ သုံးပြီး full backup လုပ်ပါတယ်။ (iCloud backup ကိုတော့ လုံးဝ လုံးဝ မကြိုက်ပါဘူး။ internet connection ကောင်းနေ ငြိမ်နေဖို့ အရမ်း လိုတဲ့ အပြင် restore ပြန်လုပ်ရင် error တွေ အရမ်းများလို့ပါ။) backup ပြီးသွားရင် iOS ကို clean and fresh ဖြစ်သွားအောင်လို့ full wipe and factory reset လုပ်ချင်တဲ့ အတွက် erase all content and settings လုပ်ပစ်ပါတယ်။ backup နဲ့ erase + reset ကို မလုပ်ချင်ဘူး ဆိုရင်လည်း ရပါတယ်။ jailbreak tools က iDevice ကို force format မလုပ်သွားပါဘူး။ ဒါပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် မတော်တဆ iOS ကြောင်သွားတာမျိုး ဖြစ်တတ်လို့ jailbreak လုပ်တိုင်း clean and fresh state ပေါ်မှာပဲ လုပ်ပါတယ်။ ဒါမှ data တွေ cache တွေနဲ့ မညိပဲ အထစ်အငေါ့ မရှိ အဆင်ပြေသွားမှာပါ။

(၂) iDevice ကို usb cable သုံးပြီး PC နဲ့ ချိတ်ထားလိုက်ပါတယ်။

(၃) evasi0n7.exe ကို run as administrator နဲ့ ဖွင့်လိုက်ပါတယ်။ evasi0n7 က ကိုယ့် iDevice ကို သိသွားပါလိမ့်မယ်။ jailbreak ဆိုတဲ့ button လေးကို နှိပ်လိုက်ရင် evasi0n7 က jailbreak အတွက် processing စလုပ်ပေးပါလိမ့်မယ်။

(၄) iDevice က reboot (နှစ်ခါလောက်) ကျသွားပြီးရင် ကိုယ့် iDevice ထဲမှာ ပေါ်လာမယ့် evasi0n7 app ကို တစ်ချက် နှိပ်ပေးဖို့ လိုပါတယ်။ iDevice ထဲက evasi0n7 app ကို နှိပ်ပေးလိုက်မှ evasi0n7.exe က ရှေ့ဆက်ပြီး အလုပ် လုပ်ပါလိမ့်မယ်။

(၅) evasi0n7.exe မှာ done လို့ ပြသွားတဲ့ အခါ ကိုယ့် iDevice က reboot ကျသွားပြီး evasi0n7 logo နဲ့ reading kernel ဆိုပြီး ပြနေပါလိမ့်မယ်။ iDevice အမျိုးအစားပေါ် မူတည်ပြီး ငါးမိနစ်၊ ဆယ်မိနစ်လောက် ကြာတတ်ပါတယ်။ ဘာမှ မဖြစ်ပါဘူး။ iDevice ပုံမှန် အတိုင်း ပြန်တက်လာတဲ့ထိ စောင့်နေလိုက်ပါ။ ပုံမှန် အတိုင်း ပြန်တက်လာပြီ ဆိုရင်တော့ jailbreak လုပ်တာ ပြီးသွားပါပြီ။ ကိုယ့် iDevice ထဲမှာ cydia app ကို တွေ့ရပြီပေါ့။

.... jailbreak လုပ်လိုက်ရုံနဲ့ ဘာမှ ဖြစ်လာဦးမှာ မဟုတ်သေးပါဘူး။ ဒါကြောင့် jailbreak market/store ဖြစ်တဲ့ cydia ကနေ source တွေ package တွေကို add လုပ် install လုပ်ပေးရဦးမှာ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ jailbreak ကို အရိုးဆုံး၊ အရှင်းဆုံးပဲ အသုံးပြုတတ်ပါတယ်။ jailbreak tweak တွေထဲမှာ android OS လောက် နီးပါး ကလိလို့ ကောင်းတာတွေ အများကြီး အများကြီး ရှိနေပေမဲ့ iOS ကို ကြိုက်လို့ သုံးနေမှတော့ android system လိုမျိုး function တွေကို မက်မနေတော့ပါဘူး။ ဒါကြောင့် iOS ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းသွားစေမယ့်၊ လေးသွားစေမယ့်၊ ညိသွားစေမယ့်၊ ကြောင်သွားစေမယ့် features တွေ လုံးဝ လုံးဝ မကလိပါဘူး။ page transition effect ပြောင်းပေးတဲ့ barrel လိုမျိုး၊ carrier text ပြောင်းပေးတဲ့ zepplin လိုမျိုး ဘာ error မှ မရှိတဲ့ tweak တွေကိုတောင် မသုံးပါဘူး။ (အဆင်ပြေရဲ့လား စမ်းကြည့်ပြီးရင် modify > remove လုပ်ပစ်ပါတယ်။)

ကျွန်တော် jailbreak လုပ်ပြီး အမြဲတမ်း သုံးဖြစ်တာ နှစ်ခုတည်း ရှိပါတယ်။ မြန်မာစာ နဲ့ appsync ပါပဲ။

မြန်မာစာ .. Zawgyi font for iOS 7+ အတွက် ..
http://cydia.macforus.com

မြန်မာ keyboard .. ttkeyboard iOS7+ အတွက် ..
http://ttkz.me/apt/

appsync iOS7+ နဲ့ တခြား ကလိချင်တာလေးတွေ အတွက် ..
http://thethmuswe.myrepospace.com/
ဒီ repo ထဲမှာ iFile, iCleaner တွေလို must have တွေ စုံစုံ ရှိပါတယ်။

ကျွန်တော်တို့ရဲ့ မြန်မာ developer ဆရာကြီးများကို ကျေးဇူး အများကြီး အများကြီး တင်တဲ့ အတွက် ဒီ နေရာကနေပဲ ရှိခိုး ဦးချလိုက်ရပါတယ်။ သူတို့ရဲ့ ကျေးဇူးတွေ ကျွန်တော်တို့ အပေါ်မှာ ရှိနေတယ် ဆိုတာ အမြဲတမ်းပဲ သတိတရ ဖြစ်နေကြရမှာပါ။

အခု နောက်ပိုင်းမှာ tongbu လို jailbreak လုပ်ပြီး appsync မလိုပဲ id sharing apps, games တွေ ရှိနေပြီ ဖြစ်တဲ့ အပြင် iOS 7 မှာ မြန်မာစာကိုလည်း jailbreak မလိုပဲ ဖတ်လို့ ရေးလို့ ရနေပြီ ဖြစ်တဲ့ အတွက် ကျွန်တော့်လို jailbreak tweak တွေ ကလိရတာ သိပ်မကြိုက်တဲ့ iDevice user တွေ အတွက် jailbreak လုပ်စရာ မလိုတော့ဘူးလို့တောင် ပြောလို့ ရနေပါပြီ။ android features တွေကို မက်ရင် android သုံးတာ ပို ကောင်းပါလိမ့်မယ်။ ကျွန်တော်လည်း android phone တစ်လုံး iPhone တစ်လုံး အဲ့လိုပဲ ခွသုံးနေတာပဲကော။ :D :P

PWK.
ဂယောင်ဂရင် ဖြိုး @ facebook
January 18, 2014.

https://www.facebook.com/groups/513079698764647/

https://www.facebook.com/pages/Future-for-smartphones/224468341029838

0 comments:

Post a Comment