FFSPG

FFSPG

Tuesday 8 July 2014

Gmail နဲ့ မှတ်ထားတဲ့ ဖုန်းနံပါတ်များကို အလွယ်တကူပြန်ယူနည်း


FFSPG


မိမိတို့ ရဲ့ ဖုန်းနံပါတ်များကို ဂျီမေးလ် သုံးပြီး သိမ်းထားကြပါတယ်။ ဂျီမေးလ် ဝင်လိုက်တာနဲ့ 
သိမ်းထားတဲ့ နံပါတ်တွေ Auto ပြန်ပြီး Contact ထဲကို Import လုပ်ပေးပါတယ်။

ပြသနာလေးတွေ တစ်ခါတစ်လေရှိတတ်ပါတယ်။ မိမိက SIM card သို့  ဖုန်းထဲ မသိမ်းပဲ 
ဂျီမေးလ်နဲ့ ပဲသိမ်းဆီးထားလိုက်ပါတယ်။

ဂျီမေးလ်ဝင်လိုက်ပြီး ဖုန်းနံပါတ်တွေက ပြန်မဝင်လာပါဘူး။ Accounts များထဲကနေ Sync ဖွင့်ပေးလည်းမဝင်လာပါဘူး။ အဲလိုဖြစ်လာရင် အောက်ကပုံလေးနဲ့  ရှင်းပြတိုင်း အလွယ်တကူ မိမိရဲ့ဖုန်းနံပါတ်တွေကိုပြန်ယူရအောင်ဗျာ ....


ကွန်ပြူ တာနဲ့ USB ကြိုးချိတ်ပြီး ပြန်ယူနည်းပါ။

ဂျီမေးလ်ဖွင့်ပြီး ပုံတွင်ပြထားတိုင်း Contacts ကို နိုပ်လိုက်ပါ။



မိမိရဲ့ဖုန်းကို ကွန်ပြူ တာနှင့် usb ကြိုးသွယ်လိုက်ပါ၊ Import နိုပ်လိုက်ပါ။




Browser ကိုနိုပ်ပါ၊ My Computer ကိုဝင်ပါ၊ မိမိဖုန်း sd card နေရာထဲဝင်ပြီးလျင် Import နိုပ်လိုက်ပါ။



USB ကြိုးဖြတ်ပြီး ဖုန်း sd card မိမိထားတဲ့နေရာသွားပြီး Contacts.vcf ဖိုင်လေးကိုနိုပ်လိုက်ပါ။
ဖုန်း contacts ထဲမှာ ဖုန်းနံပါတ်များရောက်ရှိနေပါပြီ :)




ကွန်ပြူ တာကနေ Contact ဖိုင်ကို Exportထုပ်ပြီး ဖုန်းထဲပြန်ထည့်နည်း


ဂျီမေးလ်ဖွင့်ပြီး ပုံတွင်ပြထားတိုင်း Contacts ကို နိုပ်လိုက်ပါ။



                         Export contaces ကိုနိုပ်ပြီး vcard format ကိုရွေးပြီး Export နိုပ်လိုက်ပါ။



ဒေါင်းယူလိုက်ပါ၊ Contacts.vcf ဖိုင်လေးရရှိပါမည်။



Contacts.vcf ဖိုင်လေးကို ကွန်ပြူတာကနေ Upload တင်ပြီးတော့ ဒေါင်းလင့်ကို ဖေ့ဘုတ်ချက်ကနေဖြစ်ဖြစ်
ပြန်ယူ ဒေါင်းယူပြီး Contacts.vcf ဖိုင်လေးကို နိုပ်ပြီး Import ပြန်လုပ်ပေးနိုင်ပါတယ်။




THANK FOR ALL
YM7


0 comments:

Post a Comment