FFSPG

FFSPG

Tuesday 22 July 2014

iPhone နှင့်ဆင်တူသော Mi 4 စမတ်ဖုန်းကို Xiaomi မိတ်ဆက်

FFSPG


နာမည်ကျော် တရုတ် စမတ်ဖုန်းကုမ္ပဏီတစ်ခု ဖြစ်သော Xiaomi သည် Apple ၏ iPhone နှင့် အလွန်တူညီသော Mi 4 စမတ်ဖုန်းသစ်ကို မိတ်ဆက်ပေးခဲ့သည်။Xiaomi Mi 4 တွင် 2.5GHz quad-core Qualcomm Snapdragon 801 processor, 3GB RAM, 16/64GB onboard storage နှင့် 4G ဆက်သွယ်မှုစနစ်တို့ ပါဝင်သည်။၅ လက်မ full-HD (1,920x1,080-pixel) display ကို အသုံးပြုထားပြီး အရွယ်ကြီးမားသည့် 3,080mAh ဘက်ထရီက တစ်နာရီတွင် ၀ မှ ၆၀ ရာခိုင်နှုန်းအထိ အလျင်အမြန် အားသွင်းပေးနိုင်မည်ဟု Xiaomi ကပြောကြားခဲ့သည်။Mi 4 တွင် Android operating system နှင့်အတူ Xiaomi ၏ ကိုယ်ပိုင် MIUI skin ကို အသုံးပြုထားသည်။ ထို့အပြင် MIUI v6 ကို သြဂုတ်လ ၁၆ ရက်တွင် ဖြန့်ချိဖွယ်ရှိကြောင်း ကုမ္ပဏီက ကြေညာထားသောကြောင့် Mi 4 ကို MIUI ဗားရှင်းသစ်ဖြင့် အသုံးပြုနိုင်ဖွယ်ရှိသည်။Xiaomi Mi 4 ကို တရုတ်နိုင်ငံတွင် စတင်ရောင်းချဖွယ်ရှိပြီး 16GB အတွက် ၁,၉၉၉ ယွမ် (၃၂၂ ဒေါ်လာ) ဖြင့်လည်းကောင်း၊ 64GB အတွက် ၂,၄၉၉ ယွမ် ဖြင့်လည်းကောင်း ရောင်းချရန် သတ်မှတ်ထားသည်။ အဆိုပါ စမတ်ဖုန်းသစ်ကို ဟောင်ကောင်နှင့် တရုတ်(တိုင်ပေ) တွင် မကြာမီ ရောင်းချဖွယ်ရှိပြီး စင်ကာပူ၊ မလေးရှားနှင့် အိန္ဒိယ ကဲ့သို့သော နိုင်ငံခြားဈေးကွက်များတွင်လည်း ရောင်းချရန် စီစဉ်ထားကြောင်း သိရသည်။

Credit - Internet Journal


ဖုန်းအမျိုးစားစုံလင်စွာ အသုံးပြုနိုင်မည့် MIUI rom အလန်း



THANK FOR ALL
YM7

0 comments:

Post a Comment