FFSPG

FFSPG

Saturday 20 September 2014

Window XP-7-8-8.1 ISO ဖိုင်ကို Bootable Windows USB ပြုလုပ်နည်းနှင့် Usb Stick ဝင်းဒိုးတင်နည်း

FFSPG

USB Stick နဲ့ ဝင်းဒိုးတင်ဖို့ အတွက် Window ISO ဖိုင်ကို Usb stick ထဲကို
Creating A Bootable Windows 8.1 USB လုပ်ပေးမယ့် ဆော့ဝဲ နှစ်မျိုးတင်ပေးမှာပါ။
သုံးရတာလွယ်ကူပါတယ်။ မိမိမှာ Usb 2.0 or 3.0 ဖြစ်၂ 4GB or 8GB Stick တစ်ခုရှိရင်
အဆင်ပြေပါပြီ။ ဝင်းဒိုးတင်နည်းလေးပါ ရှင်းပြပေးထားပါတယ်။
အောက်တွင် ပုံနှင့်တကွ လေ့လာနိုင်ပါတယ်။
Creating A Bootable Windows 8.1 USB Flash Drive




1/ WiNToBootic bootable usb ပြုလုပ်ပုံ



WiNToBootic x86/x64 ( Download )

သူကို zip ဖြည်ဖို့ မရှိသေးရင် ( Winrar ) ဒေါင်းယူပါ။ စက်မှာ run ပေးလိုက်ပါ။
Extract here နဲ့ ဖြည်လိုက်ပါ။


မိမိ အသုံးပြုမယ့် Usb stick က 4GB သို့  8GB ရှိရပါမယ်။
Format အရင်ရိုက်ထားလိုက်ပါ။

Creating A Bootable အခုလုပ်တဲ့အချိန်မှာ အင်တာနက် ၊ ဝိုင်ဖိုင်ပိတ်ထားပေးပါ။
အခြား ဆော့ဝဲအသုံးပြုတာ ဂိမ်းဆော့တာ မလုပ်ပဲ ပြီးတဲ့ထိ စောင့်ပေးပါ။


1/ သူကို ဖွင့်လိုက်ရင်မြင်ရတဲ့ပုံစံပါ။ မိမိဒေါင်းယူထားတဲ့ window 7 သို့  8.1 ဖြစ်ဖြစ် iso ဖိုင်လေးကို
ကလစ်ဆွဲပြီး မြားစိမ်းထဲဆွဲထည့်လိုက်ပါ။ မြားကိုနိုပ်ပြီး window iso ဖိုင်ရှိတဲနေရာသွားထည့်ပေးလည်း
ရပါတယ်။ ခဏစောင့်ပေးပါ။


2/ window iso ဖိုင်လေးထည့်ပြီးရင် ညာဘက်က Usb stick နေရာမှာ ကိုသုံးမယ့် Usb stick ကို
ရွေးပေးပါ။ ပြီး Do it! နိုပ်လိုက်ပါ။



4/ Creating A Bootable အောင်မြင်သွားပါပြီ မိမိ Usb stick လေးသွားကြည့်လိုက်ပါ။
အပြာရောင် window ဖိုင်လေးနဲ့ ဖြစ်သွားပါပြီ။
WiNToBootic ကိုပိတ်လိုက်ပါ။
သတိ 
သွားမဖွင့်လိုက်ပါနဲ့ ။


==================================================


2/ Power Iso ဖြင့် bootable usb ပြုလုပ်ပုံ


Power iso x86/x64 ( Download )

( Window bit ကြည့်ဖို့  My Computer ပုံလေးပေါ် Right-click နိုပ်ပြီး 
Properties နေရာဝင်ပြီးကြည့်နိုင်ပါတယ် window bit ကိုမြင်တွေရမှာပါ )

မိမိဝင်းဒိုး bit လိုက် ဒေါင်းယူပြီး စက်မှာ run ပေးလိုက်ပါ။

မိမိ အသုံးပြုမယ့် Usb stick က 4GB သို့  8GB ရှိရပါမယ်။
Format အရင်ရိုက်ထားလိုက်ပါ။

Creating A Bootable အခုလုပ်တဲ့အချိန်မှာ အင်တာနက် ၊ ဝိုင်ဖိုင်ပိတ်ထားပေးပါ။
အခြား ဆော့ဝဲအသုံးပြုတာ ဂိမ်းဆော့တာ မလုပ်ပဲ ပြီးတဲ့ထိ စောင့်ပေးပါ။

 

1/ Power iso ကို မြင်တွေရပုံပါ။ ( Thank for trying power iso ) စာတန်းပေါ်လာရင်
ပိတ်လိုက်ပါ။


2/ Tool ထဲဝင်ပြီး Create Bootable USB Drive... ကိုရွေးလိုက်ပါ။


3/ Source image files အကွက်ထဲမှာ window iso ကိုထည့်ပေးပါ။
Destnation USB Drive အကွက်ထဲမှာ မိမိအသုံးပြုမယ့် Usb stick ကိုရွေးပေးပါ။
ပြီးလျင် start နိုပ်လိုက်ပါ။ စောင့်ပေးပါ။

Writing USB Drive successful! စာတန်းတက်လာရင် အောင်မြင်သွားပါပြီ :)
မိမိ Usb stick လေးသွားကြည့်လိုက်ပါ။
အပြာရောင် window ဖိုင်လေးနဲ့ ဖြစ်သွားပါပြီ။
WiNToBootic ကိုပိတ်လိုက်ပါ။
သတိ 
သွားမဖွင့်လိုက်ပါနဲ့ ။





Window တင်တာကတော့လွယ်ပါတယ်။ မိမိကွန်ပြူ တာ နာမည်အလိုက်ပေါ့ ဂူးဂဲမှာ boot ဝင်တဲ့
ကီးကို ရှာလိုက်ပါ။

ASUS ကတော့ boot menu - F2 / boot - Esce ဖြစ်ပါတယ် :)

Dvd နဲ့ တင်ရင်လည်း အဲနေရာလေးမှာ cd/dvd ကိုရွေးလိုက်ယုံပါပဲ။

မိမိကွန်ပြူ တာကို reset ချလိုက်ပါ။ ပါဝါပြန်တက်လာရင် မျက်နှာပြင် အမဲရောင်ပေါ်လာရင်
boot ဝင်တဲ့ကီးကို ဆက်တိုက် နိုပ်လိုက်ပါ။ boot mode ထဲရောက်သွားရင် မိမိရဲ့ usb stick နာမည်နဲ့ 
တွေရမှာပါ။ Enter ခေါက်လိုက်ပြီး တင်လိုက်ပါ။


 Custom install windows only (advanced) ပဲရွေးလိုက်ပါ။


Product key တောင်းရင် မိမိ window ဒေါင်းတောင်းကဝက်ဆိုက်ထဲက
သူပေးထားတဲ့ product key ကိုထည့်ပေးလိုက်ပါ။


Where do you want to install window ?
partition ရွေးတဲ့နေရာရောက်ရင်
partition 1 system reserved
partition 2
မိမိစိတ်ကြိုက် ရွေးချယ်ပါ။ ( format ရိုက်ပြီးလည်းတင်နိုင်ပါတယ် )


နောက်မြင်ရမယ့်အပိုင်းတွေက လွယ်ကူပါတယ်။
ဖြေး၂ချင်း သွားလိုက်ပါ။ ပြီးဆုံးသွားရင် ဝင်းဒိုးတက်လာတာမြင်ရပါပြီ :)

 


window iso ဖိုင်တွေဒေါင်းယူနိုင်မယ့်ဆိုက်လေးတွေပါ။ 


https://www.facebook.com/pages/Windows-81-ISO-All-Versions/211901458993001
http://windowsallversions.blogspot.in/2014/02/windows-7-iso-direct-download-links-for.html
http://windowsallversions.blogspot.in/2014/01/all-windows-81-editions-iso-direct.html
http://getintopc.com/softwares/operating-systems/windows-8-1-download/
torrent ဆိုက်တွေကလည်း ဒေါင်းယူရတာ အဆင်ပြေပါတယ် :)


အားလုံးအဆင်ပြေကြပါစေဗျာ ...


THANK FOR ALL
YM7

0 comments:

Post a Comment