FFSPG

FFSPG

Saturday 14 September 2013

Windows Phone တွင်လည်း အကူအမျိုးသမီး ပါဝင်လာမည်




share - TechSpace Journal
by - Aung Kham (TSJ team)

Siri လို့အမည်ရတဲ့ Apple ရဲ့ Voice Command App ( Intelligent Personal Assitan) ဟာ အောင်မြင် ပါတယ်။ ယင်းကဲ့သို့ အလားတူ App မျိုးကို Windows Phone တွေမှာလည်း မြင်တွေ့ ရတော့မှာပါ။

Microsoft ဟာ သူ့ရဲ့  Windows Phone 8.1 မှစလို့ ဖုန်းအသုံးပြုသူကို အထောက်အကူ ပြုပေးမယ့် Personal Assitant ဆော့ဖ်ဝဲ တစ်မျိုးကို ထည့်သွင်းပေးတော့မှာ ဖြစ်ကြောင်း သိရပါတယ်။ သူ့ကို Cortana လို့ အမည်ပေး ထားပါတယ်။ Samsung မှာလည်း Voice Command ပါဝင် ပါတယ်။ Apple မှာလည်း Siri ပါဝင် သလို Nokia တို့လို Windows Platform သုံးတဲ့ ဖုန်းများမှာလည်း အကူအမျိုးသမီး တစ်ဦးပမာ ပါဝင် လာစေဖို့ စတင် အကောင်အထည်ဖော်ခြင် ဖြစ်ပါတယ်။ Cortana ဆိုတာ Halo ထဲမှာ ပါဝင်တဲ့ ဇာတ်ကောင် အမျိုးသမီး တစ်ဦးပါ။ ပုံမှာ မြင်တွေ့ ရသလိုပဲ အပြာရောင် အသွင်အပြင်နဲ့ အမျိုးသမီး ဆိုတော့ မှောင်နေချိန် မှာဆိုရင်တော့ လှန့်စရာပါပဲ။ Siri ကတော့ ရုပ်မပေါ်ပါဘူး။ Cortana လည်း ရုပ်ပေါ်မှာတော့ မဟုတ်ပါဘူး။ ZD net အနေနဲ့ Imagine လုပ်ပြီး ထည့်သွင်းပြသ ထားခြင်းပါ။ Windows Phone OS မှာတင်မကပဲ Windows PC, X box တို့မှာပါ ထည့်သွင်း အသုံးပြုစေမယ့် Feature ဖြစ်ကြောင်း ဆိုပါတယ်။

Voice Command အများစုက အင်တာနက်ဖွင့်ထားမှာ ကောင်းကောင်း အသုံးပြုတာပါ။ ဘာသာစကား ပါဝင်မှု Feature ကလည်း ထုတ်လုပ်တဲ့ ကုမ္မဏီအလိုက်ကွဲပြားနေပါသေးတယ်။ သေချာတာကတော့ မြန်မာလို အသံနဲ့စေခိုင်းလို့ရမယ့် App ကတော့ ဖြစ်လာအုံးမှာ မဟုတ်ပါဘူး။ Voice ကို Processing လုပ်လို့ Respond လုပ်ပေးနိုင်မယ့် Software တစ်ခုဖြစ် လာဖို့ဆိုတာ အင်မတန် ခဲယဉ်းပါတယ်။ Nokia ကို ဝယ်ယူ လိုက်ပြီး ဖြစ်တဲ့ Microsoft ဟာ Nokia Lumia မှာပဲ Cortana ကို စတင် ထည့်သွင်း စမ်းသပ်သွားဖွယ် ရှိကြောင်း သိရပါတယ်။
.
Ref: pocketlint

THANK FOR ALL
YEMIN7

0 comments:

Post a Comment