FFSPG

FFSPG

Monday 23 June 2014

FIFA 15 ကို ဂိမ်းစက်နှင့် platform အများစုတွင် ကစားနိုင်မည်

FFSPG

EA က အသစ်ဖြန့်ချိမည့် FIFA 15 ဂိမ်းကို နောက်ဆုံးပေါ် Microsoft Xbox One, PS4, PS3, PS Vita, PSP, Nintendo 3DS, Wii, Xbox 360 နှင့် PC တို့တွင် ကစားနိုင်တော့မည် ဖြစ်သည်။

အဆိုပါ FIFA 15 ဂိမ်းကို အမေရိကန်တွင် ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၂၃ ရက်တွင် ဖြန့်ချိမည် ဖြစ်ပြီး နောက်သုံးရက်အကြာတွင် ယူကေ၌ ဖြန့်ချိမည်ဟု သိရသည်။

FIFA 15 ကို ဂိမ်းစက်အကြီးများနှင့် PC အတွက် feature အပြည့်အစုံဖြင့် ဖြန့်ချိမည်ဖြစ်ပြီး PS Vita, Nintendo 3DS နှင့် PSP ကဲ့သို့သော လက်ကိုင်ဂိမ်းစက်များ အတွက် legacy edition များဖြင့် ဖြန့်ချိမည် ဖြစ်သည်။ လက်ကိုင်ဂိမ်းစက် ဗားရှင်းတွင် ဂိမ်းကစားသူများသည် ဂိမ်း update ကို ရရှိလိမ့်မည် မဟုတ်သောကြောင့် နောက်ဆုံး ကစားသမားစာရင်းနှင့် အသင်းဂျာစီများကို ရရှိလိမ့်မည် မဟုတ်ပေ။

အံ့အားသင့်ဖွယ်ရာအချက်မှာ FIFA 15 ဖြန့်ချိမည့် စာရင်းတွင် PS2 မပါဝင်လာခြင်း ဖြစ်သည်။ ၎င်းသည် နာမည်ကျော် ဂိမ်းစက်အတွက် EA က ၁၄ နှစ်ကြာ ဂိမ်းထောက်ပံ့ခြင်းကို ရပ်ဆိုင်းလိုက်ခြင်းလည်း ဖြစ်သည်။

ထို့အပြင် EA သည် FIFA 15 Ultimate Team Legends edition ကို Microsoft ၏ Xbox One ဂိမ်းစက်များ အတွက် ဖြန့်ချိပေးမည်ဟု သိရသည်။ FIFA 15 Ultimate Team Legends ကို ကစားသူများသည် ၎င်းတို့၏ အသင်းလူစာရင်းတွင် ဂန္တဝင် ဘောလုံးသမားများကို ထည့်သွင်း ကစားနိုင်မည် ဖြစ်သည်။ EA သည် FIFA 14 ကို ဖြန့်ချိခဲ့စဉ်ကလည်း FIFA Ultimate Team Legends ကို Microsoft ဂိမ်းစက်များအတွက် ဖြန့်ချိပေးခဲ့သည်။

FIFA 15 ကို ကစားသူများသည် ဂိမ်းဂရပ်ဖစ် အမြင့်ဆုံးဖြင့် ကစားနိုင်ပြီး အရွယ်ကြီးမားသည့် UHD TV တွင် 4K resolution ဖြင့် ကစားနိုင်မည်ဟုလည်း သိရသည်။

Ref: TheNextDigit

Credit - http://www.myanmarinternetjournal.com/

- See more at: http://www.myanmarinternetjournal.com/content/13197#sthash.3Y3Ve3HI.DHXS3t5I.dpuf

THANK FOR ALL
YM7

0 comments:

Post a Comment