FFSPG

FFSPG

Thursday 12 June 2014

ကမ္ဘာ့ဖလားပွဲစဉ်အချို့ MRTV မှ ပြသမည်


FFSPG

ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်အချို့ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ယနေ့ (ဇွန်လ ၁၂ရက်)မှ စတင်ကျင်းပမည့် ၂၀၁၄ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနား(ည ၁၂နာရီခွဲ)နှင့် ဘရာဇီး-ခရိုအေးရှားပွဲစဉ်(နံနက် ၂နာရီခွဲ)ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်ပြီး ပွဲစဉ် ၆၄ပွဲအနက် ဘရာဇီးနှင့် ခရိုအေးရှားအုပ်စုပွဲအပါအ၀င် ရှုံးထွက်ပွဲစဉ်နှစ်ပွဲ၊ ကွာတားဖိုင်နယ်နှစ်ပွဲ၊ ဆီမီးဖိုင်နယ်နှစ်ပွဲနှင့် ဗိုလ်လုပွဲ စသည့်ပွဲစဉ်စုစုပေါင်း ရှစ်ပွဲကို ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကယနေ့ထုတ်ပြန်ကြေညာသည်။

ကမ္ဘာ့ဖလားပွဲများကို ၂၀၁၀ကမ္ဘာ့ဖလားပြိုင်ပွဲအထိ မြန်မာနိုင်ငံတွင်အခမဲ့ရုပ်သံလိုင်းများမှ ထုတ်လွှင့်ခဲ့သော်လည်းယခုနှစ်တွင်မူ Sky Netက တစ်ဦးတည်းမူပိုင်ခွင့်ယူ၍ ထုတ်လွှင့်ပြသမည်ဖြစ်သဖြင့် ဘောလုံးပရိသတ်များ၏ ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

ပွဲကျင်းပရန် နီးကပ်လာသည့်နှင့်အမျှ ကမ္ဘာ့ဖလားပွဲကြည့်ရှုခွင့်အတွက် ဝေဖန်ခံ နေရချိန်တွင် ပြိုင်ပွဲစတင်မည့်ယနေ့တွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားက ညနေ ၃နာရီသတင်းအစီအစဉ်တွင် စာတန်းထိုးကြေညာခဲ့ခြင်းဖြစ်သည်။


credit - http://7daydaily.com/


FIFA World Cup 2014 ဘောလုံးပွဲတွေကို ဖုန်းမှတိုက်ရိုက်ကြည့်ရှု (Live Stream) APK နဲ့  ကွန်ပြူ တာ မှာကြည့်ရှု နိုင်မယ့်လင့်များနှင့် ပွဲစဉ်ဇယား ၊ အချိန်များကို ဖုန်းအတွက် ( Live score ) APK




THANK FOR ALL
YM7



0 comments:

Post a Comment